Wednesday, 26 July 2017 07:02

worries 1
လောကကြီးထဲ ကျင်လည်နေရတဲ့ ကျွန်မတို့တတွေမှာ worries ဆိုတဲ့ ပူပန်သောကတွေ ရှိစမြဲပါ။  ဒါပေမယ့် ပူပန်သောကရှိတာ အလွန်အကျွံဆိုရင်တော့ အောင်မြင်ဖို့အတွက် အဟန့်အတားဖြစ်လာပါပြီ။ ဒီတော့ သောကတွေ လျော့နည်းအောင် သောကတွေရဲ့ အဝေးမှာ ကျွန်မတို့ ဘယ်လို နေထိုင်ကြမလဲ။

ဘာလုပ်လုပ် အစီအစဉ်တကျ လုပ်ပါ။
စာမေးပွဲဖြေရမယ့် ကျောင်းသား၊ အလုပ်ခွင် အင်တာဗျူးဖြေမယ့်သူပဲ ဆိုပါတော့။ ကိုယ့် စာမေးပွဲအတွက် ကြိုတင် စီစဉ်လေ့လာထားတာ မရှိခဲ့ရင် ပူပန်သောကတွေနဲ့ ဖြေဆိုမယ့် စာမေးပွဲဟာ အောင်မြင်ဖို့ အလားအလာ နည်းသွားပါပြီ။

ကိုယ်လုပ်နိုင်သလောက်သာ အကောင်းဆုံး လုပ်ပါ။
တချို့တွေက ငါအားလုံး လုပ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုယ်မနိုင်တဲ့အလုပ်တွေကိုပါ အာမခံလုပ်ရင်း ပူပန်သောကများတတ်ပါတယ်။ ဒီတော့ ကိုယ်လုပ်နိုင်သလောက်ကိုသာ အကောင်းဆုံးလုပ်ပါ။

ကိုယ့်ကိုယ့်ကို ယုံကြည်မှုထားပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမဲ့သူဟာ ဘယ်အရာကိုမှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ပါဘူး။ ငါ လုပ်နိုင်မှာ မဟုတ်ပါဘူးလေ ဆိုတဲ့စိတ်နဲ့ ဘယ်အလုပ်ကိုမဆို တွေးနေတတ်တော့ အကြောက်တရားနဲ့ ပူပန်သောကများပြီး ကိုယ်တကယ် လုပ်ဆောင်နိုင်စွမ်းပါ ကျဆင်းသွားတတ်ပါတယ်။

ကတိကဝတ် အလွန်အကျွံ မပေးပါနဲ့။
သင့်အလုပ်ရှင်က သင့်ကို အချိန်တိုအတွင်း သင်သိပ်မကျွမ်းကျင်တဲ့ အလုပ်တာဝန်တစ်ခု ပေးတယ်ဆိုပါစို့။ ဟုတ်ကဲ့။ ကျွန်တော် ရအောင်လုပ်ပါ့မယ်ဆိုတာထက် ရိုးသားပွင့်လင်းစွာနဲ့ ကျွန်တော် အကောင်းဆုံး ကြိုးစားလုပ်ကြည့်ပါ့မယ်လို့သာ ပြောပါ။ သင့်အလုပ်ရှင်က စိတ်မကွက်သလို သင့်အနေနဲ့လည်း အမှားအယွင်း အနည်းငယ် ပါလာရင် ခွင့်လွှတ် နားလည်ပေးမှု ရနိုင်တာမို့ ပူပန် သောကမများဘဲ အကောင်းဆုံး လုပ်ဆောင်နိုင်ပါပြီ။

အကောင်းမြင်စိတ်နဲ့ လုပ်ဆောင်ပါ။
လူမှုဝန်းကျင်မှာ ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့အတွက် Positive thinking က အရေးပါပါတယ်။ ကိုယ့်ကိုယ်ကိုယ်သာမက အများအပေါ်မှာပါ အကောင်းမြင်စိတ်ထားပြီး ခွင့်လွှတ်နားလည် ပေးတတ်မယ်ဆိုရင် သောကကဝေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါပြီနော်။

AZURE
Read More About Daily Life Articles Here


Read times Last modified on Wednesday, 26 July 2017 07:11
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.