Wednesday, 26 July 2017 04:56

AlfedPalmersmokestacks
တစ်ခါတလေ သင့်ရဲ့ အမှတ်မထင် အပြုအမူတွေက ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် ဒုက္ခပေးသလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနည်းငယ် ပြင်လိုက်မယ် ဆိုရင်ပဲ ပတ်ဝန်းကျင်တစ်ခုလုံး သာယာလှပသွားနိုင်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုဘဝမှာ လေထုညစ်ညမ်းမှုကို ကိုယ်တိုင် လျှော့ချနိုင်မယ့် အချက် ၃ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ဆပ်ပြာတုံးကိုသာ အသုံးပြုပါ

ရေချိုးလို့ ဆပ်ပြာတိုက်ရင် ဆပ်ပြာတုံးနဲ့ ဆပ်ပြာရည်ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဆပ်ပြာရည်ဟာ သာမန်ဆပ်ပြာတုံး ထုတ်ရတာထက် စွမ်းအင် အဆ ၂၀ ပိုသုံးရပြီး ကုန်ကြမ်းအတွက်လည်း ၅ ဆ နီးပါး ပိုသုံးရတယ်လို့ ပါမောက္ခတွေက ဆိုပါတယ်။ "စွမ်းအင်များများ သုံးရပြီဆိုတာနဲ့ ကာဘွန်များများ ထွက်ပါတယ်။ ကာဘွန်ထွက်တာများရင် ပတ်ဝန်းကျင်လေထုကို ထိခိုက်တာ အမှန်ပဲ"လို့ Eugene က University of Oregon ရဲ့ ဓာတုဗေဒ ပါမောက္ခ David Tyler က ဆိုပါတယ်။ ဇူးရစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကျောင်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ လူတွေရဲ့ ဆပ်ပြာရည် အသုံးပြုမှုဟာ ဆပ်ပြာတုံးထက် ၇ ဆ ပိုတယ်လို့ သိရပါတယ်။ အဲ့ဒါဟာ ကိုယ်တိုက် ဆပ်ပြာတင်မက လက်ဆေးတာတွေအတွက်လည်း ပါဝင်ပါတယ်။
အီလက်ထရောနစ်ပစ္စည်း အသုံးပြုမှုကို လျှော့ချပါ

အိမ်မှာ သုံးနေတဲ့ တီဗွီ၊ ကွန်ပျူတာ၊ ရေခဲသေတ္တာ အစရှိတာတွေ အကုန်လုံးက ၂၄ နာရီ စွမ်းအင်စုပ်ယူနေတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒါကြောင့် အိမ်က တီဗွီတွေ၊ ရေခဲသေတ္တာတွေကို မလိုရင် မသုံးဖို့၊ ၂၄ နာရီ မဖွင့်ထားဖို့နဲ့၊ Screen Brightness တွေ လျှော့ချထားဖို့ အရေးကြီးတယ်လို့ NRDC က အဆင့်မြင့် သိပ္ပံပညာရှင် Noah Horowitz က ပြောကြားခဲ့ပါတယ်။
အဝတ်လျှော်စက်ကို ညဘက်မှာ အသုံးပြုပါ

အဝတ်လျှော်စက်တွေဟာ များသောအားဖြင့် အပူထုတ်ပါတယ်။ အပူထုတ်ရတဲ့အတွက် အိမ်မှာရှိတဲ့ အဲယားကွန်းက ပိုအလုပ်လုပ်ရတယ်လို့ ဝါရှင်တန်မှ စွမ်းအင်ချွေတာရေး ကဏ္ဍအတွက် ကောင်စီ ညွှန်ကြားရေးမှူးဖြစ်သူ Jennifer Amann က ဆိုပါတယ်။ ဒါကြောင့် အဝတ်လျှော်စက် အသုံးပြုမယ်ဆို အပူချိန်သက်သာတဲ့ ညပိုင်းတွေမှာသာ အသုံးပြုသင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါမှသာ အိမ်တွင်းအပူလည်း သက်သာမှာ ဖြစ်ပါတယ်။
ရဲထွဋ်
Read More About Daily Life Articles Here


Read 238 times Last modified on Wednesday, 26 July 2017 05:13
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.