Friday, 21 July 2017 10:06

Relationship
သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပါ။

စုံတွဲဖြစ်နေလို့ နေ့တိုင်း ကိုယ့်ချစ်သူနဲ့ပဲ ညပိုင်း တွေ့ရမယ်၊ ထမင်းစားထွက်ရမယ်လို့ မဆိုလိုပါဘူး။ တစ်ခါတလေ ကိုယ့်သူငယ်ချင်းတွေချည်းပဲ အပြင်သွားတာ၊ ခရီးသွားတာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
ဈေးဝယ်ထွက်ပါ။

တချို့မိန်းကလေးတွေက သူတို့လက်တွဲဖော် မပါရင်ကို ဈေးဝယ်မထွက်တတ်ကြတော့ပါဘူး။ ဈေးဝယ်ထွက်တယ်ဆိုတာက မိန်းကလေးတွေ သဘောကျတဲ့ အလုပ်ပါ။ ဒါကြောင့် မိန်းကလေးချည်း သီးသန့်သွားတာ ကောင်းပါတယ်။ အမျိုးသားဆိုရင်လည်း ကိုယ်ကြိုက်တဲ့ ပစ္စည်းကို ကိုယ်ကြိုက်တဲ့နေရာမှာ တစ်ယောက်တည်းဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ သွားဝယ်တာ ပျော်ဖို့ ကောင်းပါလိမ့်မယ်။
ငါးမျှားပါ။

ဒါကတော့ ယောကျာ်းလေးအများစု ကြိုက်ကြတဲ့ အပျင်းပြေနည်းလေးပါ။ အချိန်ကုန်လည်း မြန်သလို မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းနဲ့ဖြစ်စေ ငါးသွားမျှားရင် တော်တော် ပျော်ဖို့ကောင်းတဲ့ အနေအထားတွေ ဖန်တီးနိုင်ပါတယ်။ ဒါဆိုရင် ကိုယ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ စိတ်ညစ်စရာတွေကို သတိမရတော့ဘူးပေါ့။
ရက်သတ္တပတ် တစ်ပတ်ခန့် ခရီးထွက်ပါ။

ကိုယ့်ချစ်သူ၊ အိမ်သူကို ယုံတယ်ဆိုရင် တစ်ယောက်တည်းဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ ရက်သတ္တပတ် တစ်ပတ်လောက် ခရီးထွက်လိုက်ပါ။ မွန်းကြပ်မှုတွေ ပြေပျောက်ပြီး ပြန်လာရင်လည်း တစ်ယောက်နဲ့တစ်ယောက် အရာရာကို အသစ်က ပြန်စရသလို ခံစားချက်တွေ ခံစားနေရပါလိမ့်မယ်။ ပြောရရင် လွမ်းနေတာမျိုးပေါ့။
မတူတဲ့ ဝါသနာတစ်ခုကို ပြုလုပ်ပါ။

ကိုယ့်အိမ်သူ၊ ချစ်သူနဲ့ မတူညီတဲ့ ဝါသနာ တစ်ခုကို လိုက်စားပါ။ သူက သီချင်းဆိုတာ ဝါသနာပါရင် ကိုယ်က ဟင်းချက်တဲ့ဘက်မှာ လိုက်စားတာမျိုးပေါ့။ များသောအားဖြင့် ဝါသနာတူရင် အဆင်ပြေတယ်ဆိုတဲ့ ဆိုရိုးတွေရှိပေမယ့် သူမတတ်တဲ့ဘက်မှာ ကိုယ်တတ်နေရင် အကောင်းဆုံးပါပဲ။
တစ်ယောက်တည်း ထမင်းစားပါ။

တစ်မျိုးကြီးဖြစ်နေပေမယ့် နေ့တိုင်း ၂ ယောက်တွဲ ထမင်းစားနေရာကနေ တစ်ယောက်တည်း ထမင်းစားရတော့ ကိုယ့်အဖော်ကို ပိုလွမ်းစရာလေးဖြစ်လာပါတယ်။
ဖိအားမပေးပါနဲ့။

တစ်ခါတလေ တစ်ဘက်သားကို ဖိအားမပေးဘဲ လွှတ်ထားပေးလိုက်ရင် ပြဿနာတစ်ခုကို ရှင်းပြီးရာ ရောက်ပါတယ်။ သူ့ဘာသာသူ စဉ်းစားရင်း မေးခွန်းတွေအတွက် အဖြေရသွားပါလိမ့်မယ်။ ထပ်ခါထပ်ခါ ဖိအားပေးနေရင် အဆိုးဆုံးအခြေအနေကိုပဲ ရင်ဆိုင်ရမှာပါ။
ယုံကြည်ပါ။

အထက်က ပြောသလိုပဲ ခဏလောက် လွှတ်ထားလိုက်ပါ။ ကိုယ့်ချစ်သူ၊ အိမ်သူကို ယုံကြည်ရင် မေးခွန်းတွေ တရစပ် မေးနေစရာမလိုပါဘူး။ ဟန်ချက်ညီတျဲ့Relation တစ်ခုကို တည်ဆောက်ပြီး ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ ခက်ခဲမှာ မဟုတ်ပါဘူး။
ရဲထွဋ်
Read More About Relationship Here


Read 249 times Last modified on Monday, 24 July 2017 08:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.