Friday, 21 July 2017 05:18

Min Thu Kyaw 1
လူမှုကွန်ရက် Facebook မှာ Yangon ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံလေးတွေ တက်လာခဲ့ပါတယ်။ ဓာတ်ပုံရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့ ခပ်ဆန်းဆန်း အိုင်ဒီယာကြောင့် Facebook အသုံးပြုသူ အတော်များများက စိတ်ဝင်စားပြီး နှစ်သက်ကြ၊ မျှဝေကြပါတယ်။ အဲဒီဓာတ်ပုံတွေကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဓာတ်ပုံဆရာ မင်းသူကျော် (HERA Studio) နဲ့ MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။
ရန်ကုန် ဆိုတဲ့ title နဲ့ ဓာတ်ပုံတွေ ရိုက်ဖို့ ဘယ်လို အိုင်ဒီယာ ရရှိခဲ့တာပါလဲ။
ကျွန်တော် လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဒါကို စဉ်းစားဖြစ်ခဲ့တာပါ။ ရန်ကုန်မြို့ကြီးရဲ့ အကြောင်းကို ပြောချင်တယ်။ ဒါပေမယ့် တိုက်ရိုက်မပြောဘူး။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ expression တွေ သုံးပြီး ပြောချင်တယ်။ ဒါကြောင့် Hera က ညီအစ်ကိုမောင်နှမတွေနဲ့ ဒီ story အကြောင်း တိုင်ပင်ပြီး idea development တွေ သေချာလုပ်ပြီး ရိုက်ဖြစ်ခဲ့ပါတယ်။
yangon
ရန်ကုန်အကြောင်းက ပြောမယ်ဆိုရင် အများကြီး ရှိတယ် ရေကြီးတာတို့ အပါအ၀င်ပေါ့နော်၊ နောက်ပိုင်းမှာရော ကျန်တဲ့ အကြောင်းအရာတွေကို ဖန်တီးဖို့ရှိသေးလား။
ကျွန်တော် ဒုတိယပိုင်း ဆက်စဉ်းစားမိတာလေး ရှိတယ်။ ဒါပေမယ့် ရိုက်ဖြစ်၊မရိုက်ဖြစ် စဉ်းစားနေတုန်းပဲ။ ရိုက်ဖြစ်ရင်တော့ Hera ကို ပြန်တင်ပြပြီး ရိုက်ဖြစ်မှာပါ။
ဒုတိယအပိုင်း ရိုက်ဖြစ်မယ်ဆိုရင်ရော ဘယ်လို အကြောင်းအရာလေးတွေကို ဖန်တီးဖြစ်မလဲ။
မသိသေးဘူး အစ်မ။ ပိုစုံအောင်တော့ လုပ်ဖြစ်မှာပါ။ ကျွန်တော်တို့ တည်ထားတဲ့ theme လည်း မပျောက်အောင်ပေါ့။
အခု ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာရော ဘယ်လိုအခက်ခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
Location ပြဿနာပါ။ ကျွန်တော်တို့ ဒီပုံတွေ ထွက်လာဖို့ location တွေ လိုက်ရှာတယ်။ အမျိုးမျိုး စဉ်းစားတယ်။ နောက်ဆုံး location ရတော့ setting ပစ္စည်းတွေ ကြိုးစားရှာရတယ်။ budget ကလည်း လုံးဝ မရှိဘူး။ zero budget နဲ့ ရိုက်ရတာပါ ဒီပုံတွေကို။ idea development ကိုလည်း အစည်းအဝေး အကြိမ်ကြိမ် ထိုင်ပြီး တိုင်ပင်တယ်။ ပြီးတော့ တကယ်ရိုက်မယ့်နေ့ မတိုင်ခင် Rehearsal တစ်ရက်လုပ်တယ်။ ပြီးတော့ တကယ်ရိုက်ကြတယ်။ လူအင်အားကိုလည်း အများကြီး သုံးရပါတယ်။ တွန်းလှည်းဈေးသည်တို့၊ ဘာတို့ဆို တကူးတက ထွက်ရှာရတယ်။
yangon2
Yangon ဆိုတဲ့ Title နဲ့ ရိုက်တဲ့အခါမှာ theme နဲ့ ကိုက်ညီအောင် Model ရဲ့outfit နဲ့ make-up ကိုရော ဘယ်လို စီစဉ်ဖြစ်ခဲ့လဲ။
outfit ကတော့ background အရောင်တွေ၊ setting အရောင်တွေနဲ့ မထပ်အောင် ရှင်းရှင်းလေးပဲ သုံးလိုက်ပါတယ်။ make-up ကလည်း ဒီအတိုင်းပါပဲ။ ရိုးရိုးလေးပဲ သုံးထားတာပါ။
Hera studio မှာ ဓာတ်ပုံဆရာ နှစ်ယောက်ရှိတယ်လို့ သိရပါတယ်။ Yangon ဆိုတဲ့ ဓာတ်ပုံတွေကို ဖန်တီးတဲ့အခါမှာရော နှစ်ယောက် အတူတူ လုပ်ဖြစ်လား။ တာဝန်တွေကို ဘယ်လိုခွဲယူပြီး ရိုက်ဖြစ်ခဲ့လဲ။
Hera Team မှာ ငါးယောက်ရှိပါတယ်။ ဓာတ်ပုံသမား နှစ်ယောက်ပါ။ stylist တစ်ယောက်။ art development က တစ်ယောက်၊ make up artist က တစ်ယောက်ပါ။ photographer နှစ်ယောက်က အတူတူပဲ ရိုက်ကြတာပါ။ ကျွန်တော်တို့ပုံစံက Story တစ်ခုကိုပဲ taste မတူအောင် ခွဲရိုက်ကြတယ်။ colour တွေ မတူအောင်ရိုက်တယ်။ online မှာ တင်တော့လည်း ကိုယ့်နာမည်နဲ့ကိုယ် တပ်ပြီးတင်တယ်။ ဒါပေမယ့် story တစ်ခုတည်းကို Hera ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုက်တာပါ။
ဒီဓာတ်ပုံတွေက အောင်မြင်တယ်ဆိုတော့ ဒီ theme အောက်မှာပဲ ဓါတ်ပုံပြပွဲမျိုး လုပ်ဖို့ ရှိမလား။
မရှိပါဘူး။ ဓာတ်ပုံပြပွဲဆိုတဲ့ အဆင့်က အရမ်းစောပါသေးတယ်။
အခုဆို Yangon ဆိုတဲ့ ဓာတ်ပုံတွေက အရမ်းကို အောင်မြင်နေတယ်။ အဲဒီအပေါ်မှာရော ဖန်တီးသူတစ်ယောက်ရဲ့ စိတ်ခံစားမှုက ဘယ်လို ရှိမလဲ။
ကြည့်တဲ့သူတွေကတော့ သူတို့စိတ်ခံစားချက်နဲ့ တိုက်ဆိုင်ရင် သဘောတူကြောင်း ကြိုက်ကြောင်း ပြောကြမှာပါပဲ။ ချီးကျူးခြင်း၊ ဆဲဆိုခြင်းဟာ တစ်လှည့်စီ ဖြစ်နေတာမို့ များများစားစား ခံစားချက်တော့ မရှိပါဘူး။ ပုံမှန်ပါပဲ။ တစ်ချိန်ကျရင် အဆဲခံရမယ့် အချိန်လည်း ရောက်လာဦးမှာပါ။
yangon3
ဖူးပွင့်သူ ၊ သီသီဟန်သောင်း
Read More About Update Articles Here


Read 301 times Last modified on Friday, 21 July 2017 05:33
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.