Monday, 17 July 2017 11:06

U Mar Lar
ဒီပန်းချီပြပွဲကိုတော့ ဇူလိုင် ၁၇ ရက်ကနေ ၁၈ ရက်အထိ Chatrium Hotel Grand Ballroom မှာ နံနက် ၉ နာရီကနေ ည ၉ နာရီအထိ ကျင်းပပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဒီပန်းချီပြပွဲမှာ ပန်းချီဆရာကြီး ဦးမာလာရဲ့ လက်ရာမြောက် ဆီဆေး၊ ရေဆေး ပန်းချီကားတွေ၊ ရှုခင်းပုံတွေ၊ သမိုင်းဝင်အဆောက်အအုံတွေ၊ လူနေမှုဘဝကို ဖော်ကျူးထားတဲ့ပုံတွေ၊ ခေတ်အဆက်ဆက်က မြန်မာအမျိုးသမီးတွေရဲ့ အလှပုံတွေကို အရောင်အသွေးစုံလင်စွာ ရွေးချယ်ပြသထားတာ တွေ့ရပါတယ်။ ဒီပန်းချီပြပွဲနဲ့ ပတ်သက်ပြီး ပန်းချီဆရာကြီး ဦးမာလာက “virgin country လို့ ခေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်နေတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို တစ်ကမ္ဘာလုံးကို ထုတ်ဖော်ပြသဖို့ လိုအပ်နေပါတယ်။ ကျွန်တော်ရဲ့ ပန်းချီကားတွေကတစ်ဆင့် မြန်မာနိုင်ငံရဲ့ အလှတရားတွေကို တီးခေါက်မိပြီး ထိုအလှတရားတွေကို မျက်မြင်ကိုယ်တွေ့ ခံစားနိုင်ဖို့ နိုင်ငံတကာက ခရီးသွားပြည်သူများ လာရောက်လည်ပတ်ကြဖို့ကို ရည်ရွယ်ပြီး ဒီပန်းချီကားတွေကို ရေးဆွဲရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပန်းချီ ဦးမာလာရဲ့ လက်ရာမြောက်ပန်းချီကားတွေကို မြန်မာနိုင်ငံက နာမည်ကြီး ဟိုတယ်တွေ၊ အမျိုးသားပြတိုက်နဲ့ လွှတ်တော်တွေမှာ အမြောက်အမြား ချိတ်ဆွဲထားကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာလည်း ဦးမာလာရဲ့ ပန်းချီကားတွေကို အမြတ်တနိုး ချိတ်ဆွဲထားရှိပါတယ်။ အခု ကျင်းပပြုလုပ်တဲ့ ခေတ်စုံအလှစုံ ၂ ပန်းချီပြပွဲမှာတော့ ပန်းချီ ဦးမာလာရဲ့ပန်းချီကားပေါင်း ၄၃ ကားကို ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။
ဖူးပွင့်သူ
Read More About Daily Life Articles Here


Read 233 times Last modified on Monday, 17 July 2017 11:12
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.