Friday, 30 June 2017 09:35

hmaimg2
ထောပတ်သီး

ပရိုတင်းဓာတ်ကို ချေဖျက်ပေးနိုင်တဲ့ ဖောလစ်အက်ဆစ်ပါဝင်တဲ့ ထောပတ်သီးမှာ ဟော်မုန်းတွေ ထုတ်ပေးရာမှာ လိုအပ်တဲ့ monounsaturated fat ကောင်းတဲ့အဆီတွေ ပါဝင်သလို ကျားဟော်မုန်းအားတိုးစေတဲ့ ဗီတာမင် B6 နဲ့ ပိုတက်ဆီယမ်တွေလည်း ပါပါတယ်တဲ့။
ကမာကောင်
ကမာသားမှာ လိင်စိတ်နိုးကြွစေတဲ့ ဒိုပါမင် ဟော်မုန်းကို များများထွက်စေသလို ကျားဟော်မုန်း တက်စတိုစတီရုန်းနဲ့ သုတ်လွှတ်အားကောင်းစေတဲ့ သွပ်ဓာတ်လည်း ပါဝင်ပါတယ်။
ငှက်ပျောသီး
လိင်စိတ်နိုးကြွစေတဲ့ ဘရိုမယ်လိန်အင်ဇိုင်း ပါဝင်သလို အားအင်ပြည့်ဝစေတဲ့ ပိုတက်ဆီယမ်နဲ့ ရိုင်ဗိုဖလက်ဘင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်တဲ့။
ငရုတ်ကောင်းမှုန့်
သွေးလည်ပတ်မှုအားကောင်းစေတဲ့ ငရုတ်ကောင်းမှုန့်ကို ဟင်းလျာတွေထဲ ထည့်ချက်ပြီး ပူပူနွေးနွေး စားပေးရင် နှလုံးခုန်နှုန်းမြန်ပြီး ချွေးထွက်ကာ အိပ်ခန်းတွင်းပါတီမှာ အတက်ကြွဆုံးဖြစ်နေစေမှာပါ။
ချောကလက်
ချောကလက်စားပြီးရင် ချစ်စိတ်ပြင်းစေတဲ့ ဆီရိုတိုနင်နဲ့ ပျော်ရွှင်တက်ကြွစေတဲ့ အန်ဒိုဖင်ဟော်မုန်းတွေ ထွက်လာပါသတဲ့။ ဒါကြောင့် ချစ်စခန်း မဖွင့်ခင် ကိုကိုးမှုန့် ၆၀ % အထက်ပါဝင်တဲ့ အနက်ရောင် ချောကလက်ကို အရည်ဖျော် ဗီတာမင် စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီသီးနဲ့ ရောသောက်လိုက်ပါ။
chocolate
Azure
Read More About Realtionship Here


Read times Last modified on Friday, 30 June 2017 09:43
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.