Monday, 26 June 2017 10:27

Kiss
ကိုယ့်ချစ်သူကို ကြင်နာမြတ်နိုးစွာ နမ်းရုံနဲ့ သင်ရရှိမယ့် အကျိုးတရားတွေက များတယ်ဆိုတာ သိပါရဲ့လား။ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ အနမ်းရဲ့ လက်ဆောင်လေးတွေကတော့ ဒီလိုပါတဲ့။

အနမ်းက ကိုယ်ခံအား ပိုကောင်းစေတယ်
များများနမ်းလေ ကိုယ်ခံအား များများကောင်းလေပါပဲ။ ကိုယ်တွင်းမှာရှိတဲ့ ဖျားနာစေတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးဖို့ အားအင်ပြည့်ဝစေတာ အနမ်းပါနော်။
အနမ်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်
လှပကျစ်လျစ်တဲ့ ဘော်ဒီအလှကို လိုချင်သူတွေအတွက် ကုထုံးသစ်နော်။ ချစ်သူကို အားရပါးရနမ်းလေ သင့်ကိုယ်ထဲက ကယ်လိုရီတွေ ပိုလောင်ကျွမ်းလေပါတဲ့။ တစ်မိနစ်နမ်းရင် ၆ ကယ်လိုရီ လောင်ကျွမ်းတယ်လို့ ဆိုလေတော့ ကယ်လိုရီအများကြီး လောင်ကျွမ်းချင်ရင်တော့ ကြာကြာသာ နမ်းတော့နော်။
အနမ်းက မျက်နှာကြွက်သားတွေကို သန်မာတင်းရင်းစေတယ်
အသက်ကြီးလာလို့ ပါးရေနားရေတွေ တွန့်လာမှာစိုးရင်တော့ ချစ်သူလေးကို အနမ်းတွေ မကြာမကြာပေးပါ။ အနမ်းခြွေတဲ့အခါ မျက်နှာပြင်က ကြွက်သားတွေကို လေ့ကျင့် လှုပ်ရှားပေးသလိုဖြစ်တဲ့အတွက် မျက်နှာကြီး ဖောင်းနေတာ၊ မေးနှစ်ထပ်ဖြစ်တာ၊ ပါးရေနားရေတွန့်တာကို ကာကွယ်ပေးနိုင်တယ်တဲ့လေ။ သုတေသနပြုချက်တွေအရ အနမ်းတစ်ပွင့်ခြွေတိုင်း မျက်နှာပြင်ကြွက်သား ၃၀လောက် အလုပ်လုပ်ရတာမို့ပါတဲ့။
အနမ်းက သဘာဝစိတ်ပြေလျော့ဆေးပါ
စိတ်တွေ တင်းကျပ်လာတဲ့အခါ ဖိစီးမှုများလာရင် ချစ်သူဆီ ပြေးပြီး နမ်းလိုက်ပါ။ နမ်းတဲ့အခါ အောက်စီတိုစင် ပမာဏတိုးလာစေလို့ စိတ်ကို ပြေလျော့ အေးချမ်းစေပါသတဲ့။
အနမ်းက ချစ်သူနှစ်ဦးကို နှစ်ကိုယ့်တစ်စိတ်ဖြစ်စေတယ်
ဦးနှောက်မှာရှိတဲ့ Cortex ဆိုတဲ့ အစိတ်အပိုင်းလေးက နှာခေါင်း၊ နှုတ်ခမ်း၊ လျှာနဲ့ ပါးပြင်တို့ရဲ့ ထိတွေ့အာရုံတွေနဲ့ ချိတ်ဆက်ထားလို့ အနမ်းခြွေလေတိုင်း ချစ်သူနှစ်ဦးကို  ပိုပိုနီးကပ်လာစေတယ် ဆိုပါတယ်။
ရမ္မက်ဆန်တဲ့ အနမ်းကြမ်းကြမ်းတွေက အာခံတွင်းကို ကျန်းမာစေပါသတဲ့
စူးရှတဲ့ အနမ်းတွေကြောင့် တံတွေးထွက်ရှိမှု များစေပြီး သွား၊ သွားဖုံးနဲ့ ခံတွင်းကို သန့်ရှင်း ကျန်းမာစေပါသတဲ့။ ကဲ.. အနမ်းကို ချွေတာချင်သေးလား။
Azure
Read More About Realtionship Here


Read times Last modified on Tuesday, 27 June 2017 10:38
Rate :
(0 votes)

3 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.