Tuesday, 20 June 2017 10:18

o HAPPY facebook 1
ပတ်ဝန်းကျင်က လူတွေဟာ ကိုယ့်ထက် ပိုပျော်နေရတယ်လို့ ထင်မိလား ။ Facebook မှာပဲ ဖြစ်ဖြစ် ကြည့်လိုက်ရင် သူများတွေဟာ ပျော်စရာတွေ အမှတ်တရတွေ ဧည့်ခံပွဲတွေနဲ့ ပျော်ရွှင်နေတာကိုပဲ တွေ့ရတော့ ကိုယ်တစ်ယောက်တည်းပဲ အပူတွေ များနေတာလား ၊ စိတ်ညစ်စရာတွေ စုပြုံနေရတာလား ဆိုပြီး ခံစားနေရပြီလား။ သူတို့တွေကတော့ ပျော်လို့ရွှင်လို့ သွားလာလည်ပတ်နေကြတာနဲ့ ကိုယ့်မှာတော့ အိမ်ပြန်တစ်ယောက်တည်း ပင်ပန်းနွမ်းနယ်နေရပါပြီလို့ ခံစားနေရပြီလား။ သေချာပြန်စဉ်းစားကြည့်လိုက်ပါ။ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းဆိုတာ အဓိကကတော့ ကိုယ်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်တာပါ။ ကိုယ်တစ်ယောက်တည်းမှကွက်ပြီး ကံဆိုးလှချည်ရဲ့လို့ မထင်လိုက်ပါနဲ့။ ဒီလို အခြေအနေတွေကို ကိုယ်တိုင် ပြုပြင်ပြောင်းလဲလို့ ရပါတယ်။ ဒီတော့ ပျော်ရွှင်နေတတ်တဲ့ သူတွေရဲ့ အဓိက အချက်တွေကို ကြည့်လိုက်ကြစို့။

ကိုယ့်ကိုယ်ကို တိုးတက်ဖို့ အာရုံစိုက်ပါ
ဒါဟာ တော်တော် အရေးကြီးတဲ့ အချက်ပါ။ လူတွေဟာ ဘယ်သူက ဘာကားစီးတယ်၊ ဘယ်သူက ဘာဖုန်းကိုင်တယ်၊ ဘယ်သူက ဘယ်လို ရာထူးတိုးတယ် ဆိုတာတွေကို အရမ်း အာရုံစိုက်တတ်ကြပေမယ့် ကိုယ်တိုင်အတွက် ဘယ်သင်တန်းလေး တက်လိုက်မယ်၊ ဘယ် Training လေး သွားလိုက်မယ်၊ ကိုယ်နဲ့ဆိုင်တဲ့ Workshop ဘယ်မှာရှိတယ် ဆိုတာတွေကို ရှာဖွေဖို့တော့ မေ့နေကြတယ်။ တကယ်တမ်း ကိုယ့်မှာ အနာဂတ်အိပ်မက်တွေ အပြည့်နဲ့ ဘာပြီး၊ ဘာလုပ်မယ်ဆိုတာတွေ အတွေးထဲမှာ စီနေခဲ့ရင် စိတ်ညစ်နေဖို့၊ မပျော်ဘူးလို့ ခံစားနေဖို့တောင် အချိန်မရှိတော့ဘူးပေါ့။
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရင်တွင်းမှာ ဖြစ်တယ်ဆိုတာ သိပါစေ
တစ်ခါတလေမှာ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်က လူတွေရဲ့ အပြစ်ပြော မကောင်းပြောတာတွေ၊ အာရုံနောက်တာတွေ ခံရတတ်ပါတယ်။ အဲဒီလို ဘေးပြောတွေဆီသာ အာရုံရောက်သွားလို့ကတော့ မပျော်ရွှင်ရတော့ဖို့ လမ်းစထဲ ခြေချမိတာပါဘဲ။ ကိုယ်ကတော့ ဝါသနာပါ စိတ်ဝင်စား ချစ်ခင်မြတ်နိုးလို့ ရွေးချယ်လိုက်မိတာပဲ။ ဒီအလုပ်ကြီးက တက်လမ်းမရှိဘူး၊ ဒီအဖွဲ့အစည်းက ဘယ်လိုဖြစ်နေတာ၊ ဒီတစ်ယောက်နဲ့တော့ အဆင်မပြေနိုင်ဘူးနော် အစရှိတဲ့ ပတ်ဝန်းကျင်ရဲ့ အနှောင့်တွေ ဝင်လာတာ ကြုံဖူးမှာပဲ။ ကိုယ်တိုင် သေချာလို့ ပျော်ရွှင်မယ်ထင်တာကို ရွေးချယ်ပြီးပြီဘဲ။ စတောင်မစရသေးတဲ့အချိန်မှာ အနှောင့်တွေဘက် အာရုံရောက်သွားရင်တော့ မပျော်ရွှင်ရတော့မှာ သေချာပြီပေါ့။
ချင့်ချိန်စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတာကလည်း ပျော်ရွှင်မှုအတွက်ပါ
တစ်ခုခုဆိုရင် သေချာချင့်ချိန်ပြီးမှ အလေးအနက် ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပါ။ ပျော်ရွှင်မှုဆိုတာ တကယ့်လက်တွေ့မှာ ကျေနပ်စရာတွေနဲ့ ထိတွေ့ရတော့မှ ထွက်ပေါ်လာတာပါ။ အဲဒီတော့ ကိုယ်တိုင်သေချာစဉ်းစားပြီးမှ ချထားတဲ့ဆုံးဖြတ်ချက်မှာ လည်း အဆင်မပြေတာတွေ အနှောင့်အယှက်တွေ ပေါ်လာရင် လွယ်လင့်တကူ စိတ်ပျက်စရာမလိုဘဲ ကိုယ့်ဆုံးဖြတ်ချက်ကို သေချာပေါက်မြောက် အောင်မြင်အောင် ကြိုးစားရင်း ပန်းတိုင်ရောက်တာကလည်း ပျော်ရွှင်စရာပါဘဲ။
အတိတ်မှာပဲ တွယ်ကပ် မနေပါနဲ့
လူတွေ တော်တော်များများဟာ အတိတ်ကနေ ရုံးမထွက်နိုင်ကြပါဘူး။ အတိတ်က အောင်မြင်မှု၊ အတိတ်က အရိပ်ဆိုး၊ အတိတ်က အဖြစ်အပျက် တော်တော်များများဟာ လက်ရှိ ပစ္စုပ္ပန်ဘဝထဲမှာ လာအရိပ်ထင်တတ်ပါတယ်။ အတိတ်က စိတ်ညစ်စရာ မပျော်ရွှင်စရာတွေကို မစွန့်ပစ် ဘေးမဖယ်နိုင်သရွေ့တော့ ပျော်ရွှင်မှုနဲ့ အလှမ်းဝေးနေမှာပါ။
အကောင်းမြင်တတ် ကူညီပံ့ပိုးနိုင်တတ်တဲ့ သူတွေနဲ့ နေပါ
တစ်နေ့ တစ်နေ့ ညည်းညူအလိုမကျ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်း အနားနေလို့ကတော့ ကိုယ်တိုင်လည်း စိတ်ညစ်လာရမှာပဲပေါ့။ သူကိုယ်တိုင် လောကကြီးကို စိတ်ပျက်လို့  ညည်းညူလက်မှိုင်ချ ညည်းတွားနေမှတော့ ကိုယ့်အနာဂတ်အတွက် ဘယ်လိုမှ အထောက်အပံ့ မပေးနိုင်ပါဘူး။ ဘဝမှာ ပျော်ရွှင်ဖို့ဆိုတာ ကိုယ့်သူငယ်ချင်း ပတ်ဝန်းကျင်ကလည်း အများကြီး အထောက်အပံ့ ပေးတယ်ဆိုတာ သေချာသတိရှိပါလေ။
အမှန်တရားကို လက်ခံပါ
တစ်ခါတလေမှာ အမှန်ကို သိသိကြီးနဲ့ လက်ခံဖို့ ခက်နေတတ်တယ်။ အမှန်ကို လက်မခံနိုင်မှတော့ ပျော်ရွှင်နိုင်ဖို့ဆိုတာ ဝေးပြီလေ။ ပျော်နိုင်တယ်ဆိုလည်း ရင်ထဲကမပါတဲ့ ဟန်ဆောင်ပျော်ရွှင်မှုပဲပေါ့။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကို ရိုးသားမှုရှိပါ။ အမှန် တရားကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ ဒါဆိုရင်တော့ ဘာကိုမှ ဟန်လုပ် ပြုံးနေစရာ ပျော်ပြ နေစရာမလိုတော့ဘူးပေါ့။
နေလင်း
Read More About Daily Life Here


Read times Last modified on Tuesday, 20 June 2017 10:27
Rate :
(1 Vote)

2 comments

  • final cut pro
    Comment Link

    Wow! This could be one particular of the most helpful blogs We have ever arrive across on this subject. Actually Great. I'm also a specialist in this topic so I can understand your effort.

    Tuesday, 13 August 2019 23:20 posted by final cut pro
    Report
  • scapple keygen
    Comment Link

    Wow! Thank you! I continuously needed to write on my site something like that. Can I take a part of your post to my blog?

    Friday, 09 August 2019 17:42 posted by scapple keygen
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.