Thursday, 15 June 2017 09:59

relationship
အချစ်ကို ရူးရူးမူးမူးချစ်တတ်သူဆိုဦးတော့ တူနှစ်ကိုယ် စိတ်ကူးအိမ်မက်တွေကို ဘယ်လောက်စီစဉ်ထားထား သင့်ချစ်သူနဲ့ ကာလ ကြာရှည် ဆန့်ကျင်ဘက် မျဉ်းပြိုင်တွေ ဖြစ်နေပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင် နာကျင်မှုတွေ ခံစားလာရနိုင်ပါတယ်။ ဒီလိုခံစားမှုတွေနဲ့ ဆက်ဆံရေးတစ်ခုကို မဖြတ်တောက်ဘဲ ရှေ့ဆက်မယ်ဆိုရင် နှစ်ဦးသား ရေရှည်မှာ ပျော်ရွှင်ပါ့မလား။ ဒီလို နာကျင်မှုတွေပြည့်နှက်နေတဲ့ ဆက်ဆံရေးကို အဆုံးသတ်ရတော့မယ့် အခြေအနေရောက်ပြီဆိုရင် ပြမယ့် အမှတ်လက္ခဏာတွေ ရှိပါတယ်။
သင်ပိုင်ဆိုင်ထားတဲ့ဆက်ဆံရေးအပေါ် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမရှိတော့ဘဲ တာဝန်တစ်ခုလို ခံစားနေရပြီ ဆိုရင်...

သူနဲ့ နှစ်အကြာကြီး တွဲလာလို့ ကလေး၊ ငွေကြေးစတဲ့ တာဝန်တွေနဲ့ သူ့နားမှာပဲ နေပေးရမယ်ဆိုတဲ့ အတွေးသာရှိတော့ရင် သူနဲ့အတူရှိနေတာ ပျော်ရွှင်ပါ့မလားဆိုတာ ပြန်မေး၊ ပြန်ဖြေကြည့်ပါ။ အချစ်က နည်းနေပြီး တာဝန်ကများနေရင်တော့ ဒီဆက် ဆံရေးကို အဆုံးသတ်သင့်ပြီနော်။
သင်ဆုပ်ကိုင်ထားတာက ပိုကောင်းတယ်လို့ ထင်နေရင်...

ဒါဟာ အချစ်ထက် အကြောက်တရားကို အခြေခံထားတဲ့ ဆက်ဆံရေးပါ။ သင်ဟာ သူမရှိတော့ရင် အထီးကျန်ဆန်သွားမှာကို စိုးရွံ့နေလို့လေ။ အဲ့ဒိလို တစ်ကိုယ်တည်း အထီးကျန်ဆန်နေတာကို ကြောက်ရွံ့နေမယ့်အစား ဆက်ဆံရေး တည်မြဲအောင် ကြိုးစားနေတဲ့ အချိန်တွေကို သင့်ကိုယ်သင် ပိုကောင်းလာအောင် ကြိုးစားပျိုးထောင်ဖို့ ပြောင်းယူလိုက်ပါတော့။
သင်နှစ်သက်တန်ဖိုးထားတဲ့အရာတွေထက် ဆက်ဆံရေးအတွက် အချိန်ပိုပေးနေရတယ်လို့ ခံစားနေရရင်...

ဒီလိုခံစားနေရရင် ဆက်ဆံရေးအတွက် ဘာမှကြိုးကြိုးစားစား လုပ်မပေးချင်တော့ပါဘူး။ ဆိုလိုတာက တစ်ယောက်အတွက် တစ်ယောက် မတည်ရှိချင်တော့တဲ့အခါ ကိုယ့်အတွက် နှစ်ကိုယ့်တစ်စိတ် ဖြစ်မယ်လို့ထင်ရတဲ့ ဆက်ဆံရေးအသစ်တွေကို ရှာဖွေ ကြပါတော့တယ်။ အခုလက်ရှိလူက ကိုယ့်အတွက် လက်တွဲဖော် အစစ်အမှန်မဟုတ်ဘူးလို့ ကိုယ်စီခံစားလာရရင် ကျဆုံးနေတဲ့ ဆက်ဆံရေးအတွက် အချိန်ဖြုန်းမနေနဲ့တော့နော်။
ဒါကို အဆုံးသတ်ပြီး လက်တွေ့ဖော်သစ်နဲ့ဆုံတွေ့ကာ လန်းဆန်းသစ်လွင်တဲ့ အချစ်ဇာတ်လမ်းလေး ဖန်တီးနိုင်သေးသလို အသည်းတစ်ခါကွဲပြီးတိုင်း သင့်ကိုယ်သင် ပိုချစ်ဖို့ ပိုတိုးတက်အောင် စွမ်းဆောင်နိုင်ဖို့ အချိန်နဲ့ အခွင့်အရေး ရတာလို့ မှတ်ယူလိုက်ပါနော်။ ပြောင်းလဲဖို့မကြောက်ရွံ့ပါနဲ့။
Azure
Read More About Relationship Here


Read times Last modified on Monday, 19 June 2017 09:16
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.