Thursday, 15 June 2017 11:10

How To Cope When He Has A
ပြဿနာကြီးကြီးတွေ သယ်ဆောင်လာတတ်တဲ့ ရူးကြောင်မူးကြောင် ချစ်သူမျိုးကို ပိုင်ဆိုင်ဖူးတဲ့ အမျိုးသားတစ်ယောက်နဲ့ ပတ်သက်မိတဲ့အခါ တစ်ခါတလေ ဒီလို အဖြစ်မျိုးတွေက ကြုံလာရတတ်မှာပါပဲ။ ကိုယ်နဲ့သူရဲ့ လက်ရှိ ချစ်သူဘဝအထဲထိ ဝင်စွက်ဖက် ရန်လိုနေတာမျိုးတွေလေ။ ဒါမျိုး ကြုံလာရတဲ့အခါ ..

၁ - ချစ်သူဘေး မြဲမြဲ ရပ်ပါ
သင်က ဘာအမှားမှ ပြုလုပ်ထားသူ မဟုတ်ဘူးလေ။ ဒါနဲ့များတောင် အရင်ရည်းစား လာနှောင့်ယှက်လို့ ဘေးဖယ်၊ စိတ်ပျက်၊ အားလျော့နေဖို့ မဟုတ်ဘူးလေ။ ကိုယ့်လူနားမှာ အသေအချာရပ်ပြီး ဒီနှောင့်ယှက်မှုတွေကို ရင်ဆိုင်ပေးရပါမယ်။
၂ - လျစ်လျူရှုပါ

တကယ်တမ်း  သူလိုချင်နေတာက ရှင်တို့ရဲ့အာရုံက သူ့ဆီရောက်နေဖို့ပဲလေ။ ဒါကို ရှင်တို့က သတိမထားမိဘဲ သူလုပ်သမျှ စိတ်ညစ်ရတဲ့ပုံ ဖမ်းပြနေရင် သူ့ရည်ရွယ်ချက်အောင်မြင်သွားမှာမို့ ဆက်လုပ်နေဦးမှာပေါ့။ ဒီတော့ သူလုပ်သမျှ အရာမရောက်တဲ့ပုံ  အမြဲဖမ်းနေရမှာပါ။ သူတစ်ခုခုလုပ်တိုင်း ရှင်တို့ကြား ပြဿနာဖြစ်နေမယ်ဆိုရင် သူ့အကြိုက်ဖြစ်နေမှာနော။
၃ - ရဲရဲ ရင်ဆိုင်ပါ

ဒါကတော့ သူ့ရှေ့ရပ်ပြီး ကိုယ်က လက်ရှိ သူ့ချစ်သူဟောင်းနဲ့ အတူတွဲနေတဲ့သူပါ ဆိုတာကို ရင်ဆိုင်ပြောပြစ်နိုင်ရမှာပဲပေါ့။ မဟုတ်ဘဲ ပိုဆိုးလာမှာစိုးပြီး ပြဿနာကို ရှောင်နေမိရင် နောက်ပြဿနာ အခုထက် ဆိုးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါ တလေ အမှန်တရားက ခါးသီးပေမယ့် ခါးတာ သောက်မှ ပျောက်မယ့် ရောဂါတွေ ရှိတယ်လေ။
၎ - ကိုယ်ချင်းစာပါ

သူက ဆိုက်ကိုဝင်နေတာဖြစ်နိုင်ပေမယ့် ဒီလိုပြုမူနေတဲ့ အကြောင်းရင်း လုံလောက်အောင် ရှိနေမှာပါ။ သူ့မိသားစု ဒါမှမဟုတ် သူ့ဘဝမှာ ကြုံခဲ့ရဖူးတဲ့ ဆိုးရွားတဲ့ပြသနာတွေက သူ့ကို ဒီလိုဖြစ်အောင် ဖန်တီးပေးလိုက်တာ နေမှာလေ။ ဒါကြောင့်  စိတ်ဆိုးတာလည်း ဆိုးတာပေါ့နော့။  ကိုယ်ချင်းစာစိတ်လေးတော့ တစ်ခါတလေ ပြသပေးဖို့ လိုပါလိမ့်မယ်။
၅ - သူမကိုတော့ အရာရာ ဖျက်ဆီးပစ်လိုက်ဖို့ အခွင့်မပေးပါနဲ့

နောက်ဆုံးမှာတော့ သူက ရှင့်ချစ်သူရဲ့ ချစ်သူဟောင်းနဲ့ သူ့ရဲ့ အတိတ်က အကြောင်းအရာ တစ်ခုဖြစ်ပြီး သင်ဟာအခုသူနဲ့အတူ ခရီးဆက်နေတဲ့သူဆိုတာ အဖြေထုတ်လို့ ရသွားမှာပါ။ ဒါကြောင့် စိတ်ပျက်၊ လက်ပျက်ဖြစ်ပြီး သူမကို အရာရာ သူမစိတ်တိုင်းကျ ဖျက်ဆီးချေဖျက်ခွင့် မပေးလိုက်ပါနဲ့။ သင်ဟာ သင့်လူနဲ့အတူ ဒီပြဿနာကို အတူတူကျော်လွှားလို့ ရတယ်ဆိုတာ သေချာပါစေ။
နေလင်း
Read More About Relationship Here


Read 247 times Last modified on Friday, 16 June 2017 02:08
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.