Nightlife

wine
ဝိုင်ကို မှန်မှန်ကန်ကန်နဲ့ စမတ်ကျကျ သောက်တတ်ဖို့နဲ့ မသောက်သူတွေ အတွက်လည်း ဗဟုသုတရစေချင်လို့ပါ။

စားသောက်ဆိုင်တွေမှာ သွားစားလို့ မသောက်ခင် ဝိုင်မြည်းမယ်ဆိုရင်တော့ ပုလင်းထဲမှာ အကြာကြီး ပိတ်လှောင်ခံထားရတဲ့ ဝိုင်ကို အောက်စီဂျင်ရသွားအောင် ဖန်ခွက်ကို အောက်ခံခြေထောက်လေးကနေ ကိုင်ပြီး စက်ဝိုင်းပုံ သုံးလေးချက် လှုပ်ရမ်းလိုက်ပါ။ ပြီးရင် အနံ့ခံပါ။ ဝိုင်နံ့သင်းသင်းလေး ထွက်လာပါလိမ့်မယ်။ ပြီးရင် တစ်ကျိုက်လောက် သောက်ကြည့်ပါ။ ခပ်အောင်းအောင်းကြီးဖြစ်မနေရင် သောက်လို့ရတဲ့ဝိုင်ပါ။
- သက်ရင့်ဝိုင်၊ သက်နုဝိုင် နှစ်မျိုးစလုံး သောက်လို့ ကောင်းပါတယ်။ ပါးစပ်ထဲမှာ ခါးသက်သက်အရသာ ကပ်ကျန်မနေဘဲ လျှောကနဲဖြစ်သွားရင် သက်ရင့်ဝိုင်ဖြစ်ပြီး ပါးစောင်နံရံတွေ အာခေါင်တွေမှာ အရသာ ခါးသက်သက်ကျန်နေသေးရင် သက်နုလို့ ဆိုကြပါ တယ်။
- ဝိုင်ခွက်ကို ကိုင်ပြီး မြှောက်ကြည့် တာဟာ ဝိုင်ရဲ့ အရောင်ကို ကြည့်တာပါ။ ဝိုင်ရဲ့ ဂါဝန် (la robe) လို့လည်း ခေါ်ပါတယ်။
- ခွက်ထဲမှာရှိတဲ့ ဝိုင်ရဲ့အပေါ်ဆုံးက အနားသားလေးတွေကို သေချာကြည့်ရင် တစ်မျိုးနဲ့တစ်မျိုး အနားသားအရောင်တွေ မတူဘူးဆိုတာ သတိထားမိပါလိမ့်မယ်။ ဝါကျန့်ကျန့် အရောင်ဖျော့ဖျော့ အနားသားဆိုရင် သက်တန်းရင့်ဝိုင်ပါ။
- ဒီနေ့ ကမ္ဘာ့ဈေးအကြီးဆုံးဝိုင်ကတော့ တစ်ပုလင်းကို သိန်း ၁၈၀ တန်ပါတယ်။
- စားသောက်ဆိုင်တွေမှာ သွားစားလို့ ဝိုင်မှာဖို့ တွေဝေနေတယ်ဆိုရင် waiter က ကိုယ်စားမယ့် အစားအသောက်ပေါ် မူတည်ပြီး ဘယ်ဝိုင် ဘယ်နှစ်ခုနှစ်ထွက် ဘယ်တံဆိပ်နဲ့ လိုက်ကြောင်း အကြံပေးနိုင်ပါတယ်။
- စားပွဲထိုးလုပ်သူက ကိုယ့်စားပွဲနားမှာလာပြီး ကိုယ့်ရှေ့မှာ ဝိုင်ပုလင်းဖွင့်ရပါတယ်။ ဝိုင်အနီဆိုရင် လာစားတဲ့သူတွေထဲက ဘယ်သူမြည်းမှာလဲလို့ မေးပါတယ်။ မြည်းမယ့်သူရဲ့ဖန်ခွက်ထဲကို ဝိုင်အနည်းငယ်ထည့် ပေးပြီး Yes or No အဖြေကို ရပ်စောင့် နေပါတယ်။ ဆိုလိုတာက ဝိုင်ကောင်းတယ်၊ Ok ထားခဲ့တော့။ ဝိုင်မကောင်းဘူး၊ အောက်စော်နံနေတယ်၊ အရသာပဲ့နေတယ် ဘာညာဆိုရင် ပုလင်းအသစ် နောက်ထပ်ထပ်ဖွင့်ပေးပြီး ထပ်မြည်းခိုင်းပါတယ်။ စားသုံးသူက ကြိုက်တယ်၊ ကောင်းတယ်ဆိုမှ ဘယ်သူတွေ သောက်ကြမှာလဲ မေးပြီး သောက်မယ့်သူတွေရဲ့ ဖန်ခွက်တွေထဲကို ငဲ့ထည့်ပေးပြီး ပုလင်းကို ချထားပေးခဲ့ပါတယ်။
- ဝိုင်သောက်ခြင်းဟာ ဟိုးလွန်ခဲ့တဲ့ BC 7000 လောက်ကတည်းက စခဲ့ပြီး နောင်ပိုင်းမှာ ခရစ်ယာန်တို့၊ ဂျူးတို့အစရှိတဲ့ ဘာသာရေးတွေမှာ သူတို့ဘာသာရေးနဲ့ ဆက်နွှယ်ပြီး သောက်ခဲ့ကြတာပါ။
- ဝိုင်ကို အနောက်နိုင်ငံတွေမှာ အမျိုးသမီး အမျိုးသား နှစ်ခြိုက်စွာ သောက်လေ့ရှိပြီး ဘယ်လိုမျိုးပွဲတွေမှာပဲဖြစ်ဖြစ် ဝိုင်မပါရင် မပြီးပါဘူး။
- ဝိုင်သောက်ခြင်းဟာ ကျန်မာရေးနဲ့ ညီညွတ်စေပြီး သွေးလည်ပတ်မှုအတွက် ကောင်းတယ်လို့ ဆိုကြပါတယ်။
- ဒီနေ့ထိ ကမ္ဘာ့အကောင်းဆုံးဝိုင်တွေ ထုတ်လုပ်နေတာ ပြင်သစ်နိုင်ငံပါ။ အီတလီ နဲ့ စပိန်ကတော့ သူ့နောက်ကနေ လိုက်ကြပါတယ်။
- စပျစ်သီးနဲ့ ထုတ်လုပ်တဲ့ ဝိုင်တွေဖြစ်ပြီး စပျစ် အဖြူ အနီ အကုန်သုံးပါတယ်။
- ဝိုင်မှာ အနီရောင်၊ အဖြူရောင်၊ ပန်းရောင်နဲ့ အဝါရောင်ကျန့်ကျန့် (ဝိုင်အချို) ဆိုပြီး ရှိပါတယ်။
- အနီရောင် အများစုကို ပုံမှန် အခန်းအပူချိန်အတိုင်း သောက်သုံးနိုင်ပြီး အဖြူရောင်၊ ပန်းရောင်နဲ့ ဝိုင်အချိုတွေကတော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီးမှ အေးအေးလေးသောက်ရပါတယ်။
- ဝိုင်အနီနဲ့ ပန်းရောင်ကို အသားဟင်းတွေပါတဲ့ ထမင်းပွဲတွေနဲ့ ပူပူစပ်စပ်ရှိလှတဲ့ အစားအသောက်တွေနဲ့ အလွန်လိုက်ဖက်ပါတယ်။
- Sweet wine အဝါရောင်ကိုတော့ ပြင်သစ်က နာမည်ကြီး foie gras ဖွာဂရာ ခေါ် ဘဲအသဲနဲ့ အဝင်စာအဖြစ် စားကြပါတယ်။
- ဝိုင်အဖြူ အေးအေးလေးကိုတော့ ပင်လယ်စာတို့၊ ငါးဟင်းတို့ စားတဲ့အခါ သောက်သုံးကြပါတယ်။
- No! No! No! ဝိုင်တို့၊ ရှန်ပိန်တို့ကို ရေခဲနဲ့ရောပြီး မသောက်ရပါဘူး။ ဓာတ်ပျယ်ပြီး အရသာ လုံးဝပျက်သွားပါတယ်။
- ဝိုင်အဖြူ၊ ဝိုင်ပန်းရောင်နဲ့ ရှန်ပိန် တို့ကို ရေခဲသေတ္တာထဲမှာ သေချာအေးနေအောင် ထည့်ထားပြီးမှ သောက်ရပါတယ်။ စားသောက်ဆိုင်တွေမှာ ဝိုင်အဖြူတို့ ပန်းရောင်တို့၊ ရှန်ပိန်တို့ မှာတယ်ဆိုရင် ရေခဲတုံးတွေထည့်ထားတဲ့ ချိုင့်လှလှလေးတွေထဲမှာ ပုလင်းကို စိမ်ပြီး စားပွဲပေါ် ချထားပေးပါတယ်။
- ဝိုင်ရဲ့ alcohol ပါဝင်နှုန်းက ၁၁% ကနေ ၁၄% ထိ ရှိပါတယ်။ ဘီယာက ၅.၅% ဝန်းကျင်နဲ့ ဝီစကီက ၄၀% ၄၅% ရှိတယ် ဆိုတော့ သူတို့နှစ်ခုကြားပေါ့။
- ခွက်ထဲကို ဝိုင်ထည့်ရင် အပြည့်ကြီး မထည့်ရပါဘူး။ ဝိုင်အနီကို ဖန်ခွက်ရဲ့ သုံးပုံနှစ်ပုံ သို့မဟုတ် တစ်ဝက်အထိ အများဆုံးထည့်ရပါတယ်။ မဟုတ်ရင် အောက်စီဂျင်ပေးဝင်ဖို့ ခွက်ကို လှုပ်ရမ်းလို့မရဘဲ အောက်ကို ဖိတ်ကုန်မှာစိုးရပါတယ်။
- ဝိုင်အဖြူကိုလည်း ဖန်ခွက်ရဲ့ တစ်ဝက်အထိပဲ ထည့်ကြပါတယ်။
- ရှန်ပိန်ကိုတော့ ခွက်ရဲ့ ၃/၄ ပြည့်လုနီးပါးထိ ထည့်ကြပါတယ်။
- vie de table စားပွဲတင်ဝိုင်ဆိုပြီး အရင်ကတော့ ပြင်သစ်တွေရဲ့ အိမ်က ထမင်းစားပွဲပေါ်မှာ ဝိုင်အမြဲရှိကြပါတယ်။
- ပြင်သစ်လူမျိုးတွေရဲ့အိမ်တိုင်းမှာ အိမ်သောက်သုံးဖို့နဲ့ ဧည့်သည်လာရင် ဧည့်ခံဖို့အတွက် ဝိုင်ပုလင်းတွေထည့်ဖို့ အထူးထုတ်လုပ်ထားတဲ့ ဝိုင်ဘီရိုတွေ ကိုယ်စီရှိကြပါတယ်။ ဆိုဒ်မျိုးစုံ၊ ပုံစံမျိုးစုံရှိပါတယ်။
- ဝိုင်အကြောင်းရေးထားတဲ့ စာအုပ်အထူကြီးတွေ၊ CD တွေကို ကျွန်မ မိတ်ဆွေရဲ့ စာအုပ်စင်ကြီးပေါ်မှာ ထည်ထည်ဝါဝါ စတွေခဲ့ဖူးစဉ်က ပါးစပ်အဟောင်းသားဖြစ်ခဲ့ဖူးပါရဲ့။ဪ... အဲဒီလောက်တောင် သိစရာများတာလား...ဆိုပြီးပေါ့။ ဒီတော့ စပျစ်ခင်းတွေနဲ့ ဝိုင်အကြောင်း သိကောင်းစရာတွေ ဆက်ပြောရမယ်ဆိုရင် အများကြီးကျန်ပါသေးတယ်။ အခုတော့ ဒီလောက်ပဲနော့။
စောသူဇာ (France)
Read More About Nightlife Here

alone at bar

ရက်သတ္တပတ်အားလပ်ရက်ရတဲ့ ညတွေမှာ အိမ်တွင်းအောင်း နေရလို့ ပျင်းရိငြီးငွေ့နေပြီလား။ သင့် ရဲ့ မိတ်ဆွေတွေကလည်း သူတို့ အလုပ်တွေနဲ့ သူတို့ရှုပ်နေလို့ သင့်ကို အဖော်မလုပ်ပေးနိုင်ဘူးဖြစ်နေလို့တစ်ယောက်ထဲ ဘားတစ်ခုခုမှာသွား ရောက် အပန်းဖြေမယ်လို့ အကြံရှိ နေပြီဆိုရင် လုံခြုံစိတ်ချရပြီး ပျော်ရွှင် မှုရနိုင်မယ့် နည်းလမ်း တချို့ကိုဖော် ပြပေးလိုက်ပါတယ်။

သင့်တော်တဲ့ ဘားတစ်ခုကို ရွေးချယ်ပါ။
ပထမဆုံးလုပ်ရမှာက ကိုယ် နဲ့ သင့်တော်တဲ့ ဘားတစ်ခုခု (သို့) ကိုယ်သုံးမယ့် ဘက်ဂျက်နဲ့ အဆင် ပြေမယ့် ဘားတစ်ခုခုကို ရွေးချယ် ဖို့ပါပဲ။ ဒီနေရာမှာ ဘားတွေ အစား စားရှိပါတယ်။ ကိုယ့်အတွက် သန့် ရှင်းသပ်ရပ်ပြီး လုံခြုံမယ့် ဘားတစ် ခုခုကို ရွေးပါ။ မသွားခင် အွန်လိုင်း ကနေ ကိုယ်သွားမယ့် ဘားအကြောင်း ရှာဖွေကြည့်တာမျိုး၊ သွားဖူးသူတွေ ရဲ့ မှတ်ချက်၊ မေးတာမျိုး လုပ်ပြီးမှ သွားပါ။ သွားမယ့်ဘား ရွေးချယ် ပြီးလို့ ရောက်ပြီဆိုတာနဲ့ အလျင် စလို မမှာပါနဲ့ဦး။ အချိန်ယူပြီး မီနူး ကို ကြည့်ပါ။ ပတ်ဝန်းကျင်ကိုလေ့ လာပါ။ သင့်စိတ်တိုင်းကျ မဖြစ်နိုင် ဘူးဆိုရင် ချက်ခြင်း ထထွက်လာခဲ့ ပါ။ အားနာစရာမလိုပါဘူး။

ဘားကောင်တာမှာ ထိုင်ပါ။
တစ်ယောက်ထဲသွားရတာ ဆိုတော့ ၊ စားပွဲလွတ်တစ်လုံးထဲမှာ တစ်ကိုယ်တည်း ထိုင်နေရတာထက် စာရင် ဘားကောင်တာမှာ ထိုင်တာ က ကြောင်တောင်တောင် ဖြစ်မနေ တော့ဘူးပေါ့။ နောက်ပြီး ဘားတင် ဒါ (သို့မဟုတ်) ဘားကောင်တာနောက် မှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ စကား စမြည် လည်းပြောနိုင်တယ်လေ။

စာအုပ်တစ်အုပ်ဆောင်သွားပါ။

စာအုပ်တစ်အုပ်ဆောင်သွား ပြီး ဘားမှာထိုင်တာဟာတကယ့်ကို အသုံးဝင်ပါတယ်။ တကယ်လို့ သင့် အနေနဲ့ စကားစပြောချင်တဲ့လူမျိုးဆိုရင်တော့စာအုပ်အကြောင်းနဲ့ စကားစရှာလို့ရသလို၊ သင်စကား မပြောချင်ဘူး ဆိုရင်လည်း စာအုပ် ထဲ စိတ်ဝင်စားနေတယ်လို့ အကြောင်း ပြပြီး စကားဖြတ်လို့ရတာပေါ့။

အလွန်အကျွံမူးအောင် မသောက်ပါနဲ့
ဘယ်လောက်ပဲ ပျော်စရာ ကောင်းတယ်ပြောပြော ဘယ်တော့ မှ အလွန်အကျွံမူးအောင်မသောက် ပါနဲ့၊ သင်က ပျော်ရွှင်ဖို့အတွက် လာ တာဆိုတာကို မမေ့လိုက်ပါနဲ့၊ ပြီး တော့ အိမ်ကို ကားမောင်းပြန်ရဦး မယ်လေ၊ တစ်ယောက်ယောက်က ဒကာခံလို့ဆိုပြီးလည်း သိပ်မသောက် လိုက်ပါနဲ့၊ ကိုယ့်စိတ်ထဲ ရေချိန်ကိုက် ပြီထင်ရင် အချိုရည် (သို့မဟုတ်)လီမွန်တီး တို့ဘာတို့ မှာသောက်ပါ။

သိပ်နောက်မကျခင် ပြန်ပါ။
ဘားမှာတစ်ယောက်ထဲ ညဥ့် နက်အောင်နေတာက မကောင်းမှန်း လူတိုင်းသိပြီးသားပါ။ ၁၁ နာရီထက် နောက်ကျအောင် မနေပါနဲ့ ၊ အဲ့ဒီ့ အချိန်လောက်ဆို ရေချိန်လည်း သိပ် မလွန်လောက်သေးဘူး ဆိုတော့ ပြန် ဖို့ အဆင်ပြေပါတယ်။ သင့်အနေနဲ့  လည်း အမူးလွန်လို့ ဖြစ်လာမယ့် ပြဿနာတွေကို မဖြေရှင်းရတာ အကောင်းဆုံးပဲ မဟုတ်လား။

ဝေယံမိုး

Read More Articles Here

ladies night out 1

အရမ်းဂရုမစိုက်ရမယ့် ပေါ့ပါးတဲ့ အဝတ်အစားတွေဝတ်ပါ
သူငယ်ချင်းတွေနဲ့ Night Out ထွက်တဲ့ အခါ ထူးထူးခြားခြား ဝတ် စားသွားချင်ကြတာတော့ ဓမ္မတာ ပါပဲ။ ဒါပေမယ့်လှုပ်ရှားသွားလာ ရင်း ပူအိုက်လာတာ၊ ချွေးထွက် လာတာ တွေရှိနေမှာပါပဲ၊ တစ်နေရာ ကနေတစ်နေရာ ကူးပြောင်းသွား လာတဲ့အခါ ကိုယ်ဝတ်လာတဲ့အဝတ် အစားကြီးက မလွတ်မလပ်ဖြစ်နေ တာမျိုးဆိုရင် ပြည့်ပြည့်ဝ၀ပျော်ရွှင် ရတော့မှာမဟုတ်ပါဘူး၊ ဒီတော့ လွတ် လွတ်လပ်လပ်နဲ့ လျှော်ရဖွပ်ရလွယ် တဲ့ ရာသီဥတုနဲ့ကိုက်ညီတဲ့ အဝတ် အစားမျိုးဝတ်ဆင် သွားသင့်ပါတယ်။

အသုံးဝင်တဲ့  လုံခြုံတဲ့အိတ် တစ်ခုဆောင်သွားပါ
တကယ်တော့ လှပတဲ့ သေး သေး သွယ်သွယ် ဆလင်းဘက် အိတ် လေးမျိုး ကိုင်သွားချင်ကြမှာပါပဲ။ လက် တွေ့မှာတော့အိတ်လှလှလေး တစ်လုံး အစား လုံခြုံခိုင်မာပြီးလွယ်ရတာသက် တောင့် သက်တာရှိတဲ့ အိတ်လေး တစ်လုံးကို ယူသွားတာက အကောင်း ဆုံးပါပဲ။ ညဖက် Night Out ထွက်ပြီး အိမ်ပြန်လာတော့ ပါသွားတဲ့ ဖုန်း၊ ပိုက်ဆံအိတ် တစ်ခုခုပျောက်ဆုံး သွားရင် ပျော်ရွှင်ခဲ့ရသမျှ အလကား ပဲ ပေါ့။ ဒါကြောင့် လုံခြုံတဲ့အိတ်တစ်ခုဆောင်သွားတာအကောင်းဆုံးပါပဲ။ မိန်းကလေးတွေဆို ဓါတ်မီး ကျင်စက်စတဲ့ တစ်ကိုယ်ရေလုံခြုံရေးသုံးပစ္စည်းလေးတွေဆောင်သွားရင်ပိုကောင်းပါတယ်။

တကယ်အသုံးဝင်တဲ့ ဖိနပ်လေးစီးသွားပါ

ဒေါက်ဖိနပ်လှလှလေး တွေ နဲ့အကောင်းစားပိုးဖိနပ်တွေက ပါတီပွဲမှာကဖို့တော့ သိပ်အဆင် ပြေ မှာမဟုတ်ပါဘူး။ သီချင်းငြိမ့်ငြိမ့်လေး ဖွင့်ပြီးစကားတွေထိုင်ပြောနေမယ့် ပါတီပွဲမျိုးဆိုရင်တော့သိပ်ပြသနာ မရှိပေမယ့် လူငယ်တွေအဖို့တော့ Night Club မှာ DJ Music နဲ့ခပ်သွက်သွက် ကခုန်ရတာပို ကြိုက်ကြမှာပါ။ ဒီ တော့ ခပ်သင့်သင့် ရှူးဖိနပ်တစ်ရံဆို ရင်တော့အကောင်းဆုံးဖြစ်ပါလိမ့် မယ်။

လက်ဝတ်လက်စား

တောက်ပတဲ့ဆွဲကြိုး၊ လက်ဝတ်ကြိုးတွေက ညပါတီရဲ့မီးရောင်တွေအောက်မှာသိပ်ကိုလှပနေတတ်ပါတယ်။ ဒါပေမယ့် သိပ်ပြီး တန်ဖိုးကြီးတဲ့ လက်ဝတ်လက်စားမျိုးတော့မဖြစ်သင့်ပါဘူး။ ဝတ်ထား တဲ့ ဝတ်စုံနဲ့လိုက်ဖက်တဲ့ လက်ဝတ် လက် စားမျိုးက သူငယ်ချင်းတွေ ကြားမှာထင်ထင် ပေါ်ပေါ်ဖြစ်နေမှာ ပါ။

အကောင်းမြင်ပါ
ညပါတီတွေမှာ ပျော်ရွှင်နေကြ သူတွေများပေမယ့် တစ်ခါတစ်ရံ မလို လားအပ်တဲ့ အဖုအထစ်လေးတွေ ဖြစ်တတ် ပါတယ်။ အများစုက ဘီယာ လောက်တော့သောက်ထားကြသူတွေဖြစ်တာကြောင့် မတော်တဆ ထိခိုက်မိတာ၊ ကိုယ့်ကိုလှောင်ပြောင် ရယ်မောတာမျိုးတွေအထိကြုံခဲ့ ရင်တောင် ပြန်မတုန့်ပြန်ပဲ အကောင်း မြင် ခွင့်လွှတ်လိုက်တာက ပျော်ရွှင် စရာအချိန်လေးတွေကို အကာအကွယ် ပေးလိုက်တာပါပဲ။

ဓါတ်ပုံ ရိုက်ပါ

ပျော်စရာအချိန်တွေက နောက် နှစ်အတန်ကြာရင် အကောင်းဆုံး အမှတ်တရတွေဖြစ် သွားပါလိမ့်မယ်။ ကိုယ့်နားမှာမရှိတော့မယ့် ပျော်နေ တဲ့ သူငယ်ချင်းတွေရဲ့ အပြုံးတွေ က ငယ်မူပြန်လို့ အကောင်းဆုံးပုံရိပ် တွေဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီညမှာ အားလုံးပါတဲ့ ဓါတ်ပုံကောင်းကောင်း လေးရိုက်ခဲ့နော်။

စည်သူဖြိုး
Read More Nightlife Articles Here

ရန်ကုန် ညကမ္ဘာ

Friday, 02 December 2016 00:10 Written by Shwe Yee

shwedagon night temple 94057 990x742

ရန်ကုန်မြို့မှာ ညဘက်သွားပြီး အပန်း ဖြေလို့ လေညှင်းခံလို့ကောင်းတဲ့ နေရာလေးတွေ ရှိပါတယ်။ ရုံးအပြန် ညစာစားရင်း သူငယ်ချင်း၊ မိတ်ဆွေ တွေနဲ့ စကားစမြည်ပြောလို့ကောင်းတဲ့နေရာလေးတွေက မြို့ပြတစ်ခုရဲ့ည ကမ္ဘာကို ပြည့်စုံစေပါတယ်။

လှည်းတန်းလမ်းဆုံ
လှည်းတန်းကိုတော့အားလုံး သိကြမှာပါ။ မြူးကြွတဲ့ သွက်လက် တဲ့၊ နုပျိုမှုတွေနဲ့ ဖုံးလွှမ်းနေတဲ့နေ ရာတစ်ခုဖြစ်ပါတယ်။ လူငယ်အများ စုသွား လာကျင်လည်ရာ လှည်းတန်း မှာ ညနေခင်းဆိုရင်  စားစရာ၊ ဝယ် စရာတွေများလှပါတယ်။ ဝက်သား ဒုတ်ထိုးစားမလား၊ ငါးကင်စားမလား၊ ကိုရီးယားအစားအစာ စားမလား၊ ရှမ်းရိုးရာ အစားအစာတွေ စားမ လား၊ ည၁၁နာရီလောက်အထိက တော့ လိုချင်တာအားလုံးရနိုင်တဲ့ နေရာလေးတစ်ခုပါပဲ။
ငါးကင်တစ်ကောင်ရယ်၊ လက်ဖက်အစုံသုပ်လေးတစ်ပွဲရယ်၊ ဘီယာလေးတစ်လုံးလောက် ရယ် ဝယ်ပြီး လှည်းတန်းနဲ့အနီးလေးမှာ ရှိတဲ့ အင်းလျားကန်ဘောင်သွားထိုင် နေရင်တော့ တစ်နေ့လုံးပင်ပန်းသမျှပျောက်ပြီပေါ့။

21483388614 05a334a8d7 b

အင်းလျားကန်ပေါင်
အင်းလျားက ရန်ကုန်ရဲ့ အ သည်းနှလုံးလို့ပြော လို့ရပါတယ်။ ရန်ကုန်မြို့ရဲ့ စိမ်းလန်းနေရာ၊ အပန်း ဖြေစရာ၊လေကောင်းလေသန့် ကောင်းကောင်းရတဲ့၊ ကျန်းမာရေး လိုက်စားသူတွေအတွက် တန်ဖိုး ထားရာနေရာတစ်ခုဖြစ် လို့နေပါ တယ်။ ပြည်လမ်းပေါ်က အင်းလျား ကန်ပေါင်ပေါ်တက် ကန်ရေပြင်ကို ဖြတ်ပြီးကြည့်လိုက်ရင် မီးတွေထိန် နေတဲ့ အရှေ့ဘက်က အထပ်မြင့် အဆောက်အဦးတွေက တိုးတက် လာနေတဲ့ မြို့ပြပုံရိပ်ကိုထင်ဟပ်လို့ပေါ့။ ကန်ပေါင်မှာ အကြော်ကောင်း ကောင်း ရပါတယ်။ ညစာအတွက် အကြော်ပူပူလေးနဲ့ ရေနွေးလေး သောက်ရင်း ကန်ရေပြင်ရှုခင်းငေးဖို့အကောင်းဆုံးပါပဲ။
မင်းလမ်းမုန့်တီဆိုင်မှာ ရခိုင် အစားအစာလည်း စားနိုင်ပါသေး တယ်။ ပြီးရင်တော့ ကန်ပေါင်တစ် ဆုံးလမ်းလျှောက် သူငယ်ချင်းတွေ နဲ့ စကားဖေါင်ဖွဲ့။ အဓိပ္ပါယ်ပြည့်ဝ တဲ့ ညချမ်းလေးပေါ့။

china town yangon night

ထမင်းကြော်စားကြမယ်
ညသန်းခေါင်ရောက်လို့မှ ဗိုက်ဆာလာရင် သမိုင်းလမ်းဆုံ၊ ကမာရွတ်ဘူတာရုံလမ်း၊ မြေနီကုန်း နဲ့ ၁၉လမ်းတစ်ဝိုက်မှာ ထမင်းကြော် ဆိုင် တွေရှိပါတယ်။ ထမင်းကြော် နဲ့ စုံလင်တဲ့ဟင်းတွေနဲ့စားရင်း ည လယ်စာအတွက် ကောင်းကောင်း ဖြေရှင်းနိုင်မှာပါ။ ဆိုင်အများစုက တစ်ညလုံးဖွင့်ကြတာ များပါတယ်။ ညဘက်ဖြစ်လို့ လမ်းပိတ်မှာလဲ မပူ ရဘူးပေါ့။

စည်သူဖြိုး

Read More Nightlife Articles Here

disco party

အလွန်အကျွံမသောက်ပါနဲ့
ဘယ်အရာမဆို တန်ရင်ဆေး လွန်ရင် ဘေးဖြစ်ပါတယ်။ အရက်သောက်တယ် ဆိုတာ ပြဿနာတစ်ခုမဟုတ်ပေမယ့် များ သွားရင်တော့ ပြဿနာဖြစ်လာပါပြီ။ သောက် တာများရင် သင့်ရဲ့စဉ်းစားဆုံးဖြတ်နိုင်စွမ်း အားနည်းလာပြီး ဖြစ်လာနိုင်တဲ့အရာကို သင် လုံးဝမသိနိုင်တော့ပါဘူး။ အယ်လ်ကိုဟော မပါဝင်တဲ့ ဖျော်ရည်တစ်ခွက်နဲ့ ကြားမှာခံ ပြီး အလှည့်ကျသောက်ပေးပါ။ အရက်နာ ကျတာ (သို့) ကိုယ်နှစ်သက်တဲ့ အင်္ကျီအပေါ် အန်ချတာတွေ သင်လုပ်ချင်မှာမဟုတ်ပါဘူး။

တစ်ယောက်တည်းသွားမသောက်ပါနဲ့
ကလပ်တွေကို အချို့ကတစ်ကိုယ်တည်းသွားတတ်ပါတယ်။ ဒါပေမဲ့ အုပ်စုနဲ့ သွားတာက ပိုလုံခြုံစိတ်ချရပါတယ်။ ကလပ် ပြီးလို့  မိတ်ဆွေသူငယ်ချင်းတွေကို အိမ် အထိ လိုက်ပို့တဲ့အခါမှာလည်း ချက်ချင်းထွက် မသွားသေးပဲ သူငယ်ချင်း အိမ်အတွင်းကို ကောင်းကောင်းမွန်မွန် ဝင်သွားသည် အထိ ဂရုတစိုက် စောင့်ကြည့်ပေးပါ။

အလွန်အကျွံမကြူပါနဲ့
မိန်းကလေးတေ၊ွအနေနဲ့ မိမိအပေါင်း အသင်းယောင်္ကျားလေးကို ဆက်ဆံရေးရှေ့ မတိုးချင်ရင် အလွန်အကျွံ ပရောပရီမလုပ် မိပါနဲ့။ သူ့ကို အိမ်အထိလိုက်ခိုင်းတာတို့၊ သူ့အိမ်အထိ လိုက်သွားတာတို့ မလုပ်ပါနဲ့  (သို့) လူမမြင်ကွယ်ရာနေရာတွေကို လိုက် မသွားပါနဲ့။  ကိုယ့်ချစ်သူရည်းစားနဲ့သွားရင် ပိုပြီးတော့ သတိထားရပါမယ်။ သူ့ရှေ့မှာ တခြားတစ်ယောက်နဲ့ ရောရောနှောနှော လုပ်နေတာကလည်း ကလပ်ထဲမှာ ရန်ဖြစ် ရတဲ့အကြောင်းအရာတစ်ခုပါ။

သောက်နေတဲ့ ခွက်ကို ဂရုစိုက်ပါ
အနီးအနားက လူတိုင်းကိုသံသယထားလိုက်ဖို့မဟုတ်ပဲ တစ်စုံတစ်ဦးက သင့် အအေးခွက်ကို တစ်ခုခုလုပ်ထားတယ်လို့ ထင်ရင် မသောက်ဖို့ပါ။ အသစ်တစ်ခွက်မှာ သောက်တာ အန္တရာယ်ကင်းပါတယ်။

တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းထားပါ
ကြမ်းပြင်ပေါ် ကခုန်နေချိန်မှာ သင့် ရဲ့ပိုက်ဆံအိတ်တွေ၊ လက်ဆွဲအိတ်တွေကို ကောင်တာ (သို့) စားပွဲတွေပေါ် မချထားပါ နဲ့။ သင့်ရဲ့လက်ဆွဲအိတ် (သို့) ပိုက်ဆံအိတ် ကို ကိုယ်နဲ့မကွာထားပြီး ကလပ်မှာ Locker တွေရှိရင် အဲဒီမှာသိမ်းထားပါ။

အဖွဲ့ထဲက ခွဲမထွက်မိပါနဲ့

ကလပ်ရောက်လို့ သူငယ်ချင်းအသစ် (သို့) အရင်ကသူငယ်ချင်းဟောင်းတွေကို တွေ့ရင် သူတို့စားပွဲမှာ အချိန်အကြာကြီး သွားမနေပါနဲ့။ ကိုယ်နဲ့အတူလာတဲ့ သူငယ် ချင်းတွေနဲ့ပဲ အများဆုံးရှိနေပါ။ တခြားစား ပွဲကလူတွေနဲ့ ကိုယ့်စားပွဲကလူတွေ ပြဿနာ ဖြစ်တတ်ပါတယ်။  

ကလပ်မသွားခင် ကိုယ့်သူငယ်ချင်းတွေနဲ့  ကြိုတင် တိုင်ပင်ထားပါ။
    -    á€Ąá€­á€™á€šá€€á€™á€‘ဟကယခငယ ဘယ်နှစ်ခွက် သောက်မလဲ။
    -    á€á€…ယ်ယဏကယ်ယဏကယ အမူးလွန် နေရင် ဘာလုပ်ရမလဲ။
    -    á€á€…ယဌးကဥိမယဝပနယချငယပြဎး နောက်တစ် ယောက်က ဆက်နေချင်ရင် ဘာလိုလုပ်မလဲ။
    -    á€á€…ယ်ယဏကယက ပြဿနာရှာရင်ဘယ်လို လုပ်မလဲ။
    -    á€Ąá€­á€™á€šá€€á€­á€Ż ဘယ်သူလိုက်ပို့မလဲ။


Read More About Nightlife Here