Friday, 22 February 2019 03:51

zaw-win-htut.jpg

 

အကျဉ်းဦးစီးဌာန နှစ်ပတ်လည်နေ့(၇)ကြိမ်မြောက် အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ ထောင်တွင်းကဇာတ်ရုံ၌ ပြုလုပ်သွားမည်ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှူး ဦးဇော်ဇော် ကပြောပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား၊ အချုပ်သားများ၏ စိတ်ပိုင်းဆိုင်ရာခံစားမှုများ ပပျောက်စေရေးနှင့် ပျော်ရွှင်ချမ်းမြေ့စေရေး အတွက် အဆိုတော် ဇော်ဝင်းထွဋ် ဦးဆောင်သည့် အင်ပါယာတေးဂီတအဖွဲ့ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း အကျဉ်းထောင်မှူး ဦးဇော်ဇော် ကပြောပါတယ်။

‘‘အကျဉ်းသားတွေအတွက် စိတ်အပန်းဖြေမှုလေး လုပ်ပေးတာပါ။ စိတ်အပန်းဖြေမှုလေး စီစဉ်ပေးတဲ့ သဘောပါပဲ’’ဟု ၎င်းကပြောပါတယ်။

ယခင်နှစ်များကလည်း အကျဉ်းသားများအတွက် ဖျော်ဖြေပေးသည့် အစီအစဉ်များပြုလုပ်ပေးခဲ့သည့်အပြင် အကျဉ်းသားများအတွက် တရားပွဲများကိုလည်း ကျင်းပပေးခဲ့ကြောင်း ၎င်းကဆိုပါတယ်။

‘‘ဇော်ဝင်းထွဋ် က အရင်ကလည်း လာပြီးဆိုဖူးတယ်။ အခုလည်း အခမဲ့လာပြီးလုပ်ပေးတာ’’ဟု ၎င်းကဆက်လက်ပြောကြားပါတယ်။

လက်ရှိတွင် အင်းစိန်ဗဟိုအကျဉ်းထောင်၌ အကျဉ်းသား တစ်သောင်းကျော်ရှိကြောင်း ဦးဇော်ဇော် ကပြောပါတယ်။

Source: 7DayDaily


Read 53 times Last modified on Friday, 22 February 2019 04:10
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.