Wednesday, 13 February 2019 02:53

mirror

 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့ကာ လုပ်ကိုင်နေကြသော လူငယ်ရွှေ့ပြောင်းလုပ်သားဦးရေဟာ ယခုအခါမှာ ငါးသန်းခန့် ရှိနေကြောင်းနဲ့ အများဆုံးမှာ ထိုင်းနိုင်ငံ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးထံမှ သိရပါတယ်။

"အခုဆို ပြည်တွင်းက လူငယ်လူရွယ် အမျိုးသား၊အမျိုးသမီး အတော်များများဟာ အလုပ်အကိုင်အခွင့်အလမ်းနည်းလာပြီး လုပ်ခလစာ နည်းလာတာကြောင့် ပြည်ပကို အရဲစွန့်ထွက်ပြီး အလုပ်လုပ်ကြပါတယ်။ ဒါဟာ နိုင်ငံအတွက် လုပ်အားတွေဆုံးရှုံးပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း ဆုံးရှုံးနစ်နာနေတဲ့ လုပ်အားတွေဖြစ်ပါတယ် " လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကပြောကြားခဲ့ပါတယ်။

လက်ရှိကာလများမှာ ပြည်တွင်းရှိ လူလတ်ပိုင်းအရွယ် အမျိုးသား၊အမျိုးသမီး သုံးသန်းနီးပါးခန့်ဟာ ထိုင်းနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်နေကြပြီး အတတ်ပညာပိုင်းအရ သော်လည်းကောင်း၊ အခြေခံအထွေထွေ လုပ်သားများအဖြစ် သော်လည်းကောင်း ရရာအလုပ်ဖြင့် လုပ်ကိုင်နေကြကြောင်းလည်း သိရပါတယ်။

ထို့အပြင် မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဒူဘိုင်း၊ ကာတာနှင့် အခြား အီးယူနိုင်ငံများတွင်လည်း သွားရောက်လုပ်ကိုင်နေကြပြီး ပြည်ပနိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေဟာ စုစုပေါင်း ငါးသန်းခန့် ရှိနေကြောင်းလည်း သိရပါတယ်။ ယင်းဟာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်း၊ လုပ်ခလစာနည်းပါးလာခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

Source:The Mirror Daily (မြင့်မောင်စိုး)


Read 70 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.