Monday, 11 February 2019 06:39

    pyihtgsu

    ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်မြို့  မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်မည်ဖြစ်ရာ လမ်းပိတ်လမ်းလွှဲများ ခေတ္တခဏပြုလုပ်မည်။

    ၂၀၁၉ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၂) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်မြို့ တော်ခန်းမရှေ့  မဟာဗန္ဓုလပန်းခြံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သောကြောင့် ယင်းနေရာအနီးနားတစ်ဝိုက်တွင် လမ်းပိတ်လမ်းလွှဲများ ခဏပြုလုပ်မည်ဖြစ်ကြောင်းကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ထံမှသိရပါတယ်။

    အခမ်းအနားကျင်းပချိန်မည့် နံနက် ၆ နာရီမှ စတင်ပြီး အခမ်းအနားပြီးဆုံးသည်အထိ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ကုန်သည်လမ်းအား ပန်းဆိုးတန်းမှ ဆူးလေအထိလည်းကောင်း ခေတ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်း သိရပြီး ထိုသို့ လမ်းများခေတ္တပိတ်ထားမှာဖြစ်တာကြောင့် မဟာဗန္ဓုလမ်းမှလာသော ယာဉ်များအနေဖြင့် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

    "အခမ်းအနားမှာ စစ်ရေးပြအဖွဲ့တွေ၊ အလံတင်အဖွဲ့များ သွားလာဖို့ရှိနေတဲ့အတွက် မဟာဗန္ဓုလလမ်းကို အသုံးပြုရမယ်။ ပွဲကို တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အရေးကြီးပုဂ္ဂိုလ်တွေလာမယ်။ ကုန်သည်လမ်းမကြီးပေါ်မှာ ကားတွေ ဘေးဘယ်ညာရပ်ရမယ်။ လမ်းပိတ်လမ်းလွဲတွေလုပ်ရတာက ပွဲကိုလာမယ့်သူတွေ ယာဉ်အန္တရာယ်လည်းကင်းရှင်းစေဖို့နဲ့ အခမ်းအနားကျင်းပချိန်မှာ အဆင်ပြေအောင် ခဏပိတ်မှာပါ" ဟု အမှတ်(၆)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး မျိုးအောင်မြင့် ကပြောကြားထားပါတယ်။

    Source: Daily Eleven (ရှိုင်းလင်းအောင်)


    Read 24 times Last modified on Monday, 11 February 2019 06:59
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.