Friday, 08 February 2019 07:00

    10000k

    စင်ကာပူနိုင်ငံသား ဇနီးမောင်နှံထံမှ သိမ်းဆည်းရမိသော မြန်မာငွေစက္ကူအတုအမှုတွင် ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံသားအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း
    မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း ကပြောကြားခဲ့ပါတယ်။

    အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားလှယ် ဦးမောင်မောင်လတ်က ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုအပေါ်
    သက်ဆိုင်ရာကမည်သို့တုံ့ပြန်ဆောင်ရွက်နေကြောင်း သိရှိလိုခြင်းမေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခြင်းဖြစ်သည်။

    ယင်းကိစ္စနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံရှိ ငွေလဲကောင်တာ ၁၈ ခုကို နှစ်နိုင်ငံပူးပေါင်းရှာဖွေခဲ့ရာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၅,၅၀၀ ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ရှင်းပြထားပါတယ်။
    ထိုသို့ ဖမ်းဆီးမိချိန်တွင် မြန်မာနိုင်ငံသားများဖြစ်သော ဝေလင်းထွန်း၊ တရားမ၀င် ငွေလွှဲလုပ်ငန်းဆောင်ရွက်သူ အန်ထော်နီ၊ ဦးဆင်ပေါက်နှင့်သားများ ကုမ္ပဏီလီမိတက်တို့
    ပါဝင်ပတ်သက် ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဦးစိုးမင်းက ဆိုသည်။

    ၎င်းတို့ဟာ ပန်းဘဲတန်း မြို့နယ်တွင် နေထိုင်ကျသူများဖြစ်ပြီး လက်ရှိတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဝေလင်းထွန်(စီစစ်ဆဲ)ကို ဖမ်းမိထားပြီး၊ အန်ထော်နီ(ဖမ်းမမိ)ကို
    အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်လို့ ဦးစိုးမင်းက ပြောထားပါတယ်။ ထိုသို့ ဖြေဆိုရာတွင် ဖမ်းဆီးရမိသည့်အချိန်နှင့် အသေးစိတ်အချက်အလက်များ မပါဝင်ခဲ့ပေ။

    ပြီးခဲ့သော နိုဝင်ဘာ ၂၈ ရက် နံနက်က ရွှေတိဂုံစေတီတော်ရှိ ပြည်ပငွေကြေးကောက်ခံရေးကောင်တာသို့ အသက်(၄၀)ခန့်ရှိ စင်ကာပူနိုင်ငံသား Mr.Lin Bee Fun နှင့်
    ဇနီး Mrs. Chin Kuo Kuang တို့ဟာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သုံးရွက်ဖြင့် အခွန်ပေးခဲ့၍ ဆက်လက်စစ်ဆေးရာ ငွေစက္ကူအတုများထပ်မံတွေ့ရှိသဖြင့်
    ဖမ်းဆီးအရေးယူခဲ့ပြီးနောက် ယခုအခါ ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။


    Source: 7DayDaily (ရဲနိုင်၊ နိုင်လင်း)


    Read 39 times
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.