Thursday, 27 December 2018 09:37

တရုတ်ပြည်မကြီးမှ ရွေ့လျားလာသော လေအေးများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ စုဆုံမှုကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ်မိုးများ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

 

လေထုမငြိမ်မသက်မှုကြောင့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

 

“ဆောင်းမိုးရွာတာ အခုနောက်ပိုင်း ပုံမှန်လိုဖြစ်လာတယ်။ မနှစ်ကလည်း ဒီဇင်ဘာလ ၂၉ ရက်လောက်ကနေ ဇန်နဝါရီ ၃ ရက်နေ့အထိ ရွာခဲ့တယ်။ ဆောင်းမိုးရွာရင် ညအပူချိန်ရော၊ နေ့အပူချိန်ရောကျဆင်းလေ့ရှိပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

 

ယခုရက်ပိုင်း တရုတ်ပြည်မကြီးမှ လေဖိအားများရပ်ဝန်းအားကောင်းနေမှုကြောင့်လည်း မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် အအေးပိုနေရာ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် အနုတ်၂ ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့နှင့် ချင်းပြည်နယ် (ရမ်ကလောင်း) တို့တွင် ၂ ဒီဂရီစင်တီဂရိတ်စီ၊ လွိုင်လင်မြို့တွင် ၄ ဒီဂရီစင်တီဂရိတ်နှင့် ပူတာအိုမြို့၊ နမ့်စန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ၅ ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

source the voice


Read 82 times Last modified on Friday, 28 December 2018 07:54
Rate :
(5 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.