Wednesday, 30 May 2018 04:50

     MG 2001
    ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ဟာ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) နဲ့ Savings Bank Foundation for International Cooperation (SBFIC) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက စားသောက်ကုန်နဲ့ အဖျော်ယမကာ (F&B) လုပ်ငန်းနယ်ပယ်အတွက် “သဘာဝ” လို့ အမည်ပေးထားတဲ့ ညစ်ညမ်းစေမှု ပိုနည်းတဲ့ ကုန်ထုတ်လုပ်မှုဖြစ်စေရေး စီမံကိန်းကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

     MG 1986
    “သဘာဝ” ရဲ့ လေးနှစ်တာ စီမံကိန်းကို ဥရောပသမဂ္ဂ (EU) ရဲ့ အာရှပစိဖိတ် ဒေသအတွင်း ရေရှည် အကျိုးစီးပွားကို မျှော်ကိုးတဲ့ စားသုံးမှုနဲ့ ထုတ်လုပ်မှုအတွက် ကြိုးပမ်းလှုပ်ရှားမှုတွေကို SWITCH-Asia Programme မှတဆင့် ရန်ပုံငွေ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ “သဘာဝ” စီမံကိန်းမှ စားသောက်ကုန်နဲ့ အဖျော်ယမကာ လုပ်ငန်းကဏ္ဍ (F&B) အတွက် ရေရှည်တည်တံ့ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည် လုပ်ဆောင်လျက်ရှိတဲ့ အစိုးရအပါအဝင် လုပ်ငန်းနယ်ပယ်နဲ့ သက်ဆိုင်သူတွေ အားလုံးကို အထောက်အကူ ပြုပေးနိုင်ဖို့ကို ရည်မှန်းထားတာပဲ ဖြစ်ပါတယ်။


    “ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေကို သဘာပတ်ဝန်းကျင်နဲ့ ပိုမိုကိုက်ညီတဲ့ စိမ်းလန်းပြီး ရေရှည်အကျိုးစီးပွားကို မျှော်ကိုးတဲ့ နည်းလမ်းတွေကို ပြောင်းလဲကျင့်သုံး လာနိုင်အောင် ကူညီပေးဖို့ ကျွန်တော်တို့ “သဘာဝ” လှုပ်ရှားမှုကို စတင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံရဲ့ တုနှိုင်းမရတဲ့ သဘာဝ အမွေအနှစ်နှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်အောင်လုပ်ဖို့ မလိုအပ်ဘူးဆိုတာကို ဒီ သဘာဝ အစီအစဉ်က သက်သေ ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kristian Schmidt က ပြောပါတယ်။


    F&B လုပ်ငန်းကဏ္ဍဟာ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းနယ်ပယ် အားလုံးရဲ့ ၆၀ % ရှိပြီး နံပါတ်တစ် လုပ်ငန်းနယ်ပယ် တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လုပ်ငန်းနယ်ပယ် တိုးတက်ဖွံ့ဖြိုးမှု လုပ်ဆောင်ရာမှာ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ထည့်သွင်းစဉ်းစားကာ သဘာဝ ပတ်ဝန်းကျင်ကို လေးစား တန်ဖိုးထားပြီး တာဝန်သိစွာ စီမံခန့်ခွဲကြရန်မှာ အထူးပင် အရေးကြီးပါတယ်။

     MG 1969
    “ပြည်တွင်း အသေးစား အလတ်အစား လုပ်ငန်းအများအပြားက သူတို့ရဲ့ လုပ်ငန်းလည်ပတ် မှုထဲမှာ ဒီသဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေကို ထည့်သွင်း လုပ်ကိုင်နိုင်ဖို့ မှန်ကန်တဲ့ နည်းပညာနဲ့ ဗဟုသုတတွေ မရှိကြပါဘူး။ လုပ်ငန်း လုပ်ဆောင်မှု နည်းလမ်းအသစ်တွေကို သင်ယူလေ့လာ ကျင့်သုံးခြင်း အားဖြင့် သဘာဝ ပတ်ဝန်းကျင်ကြီးကို သူရဲ့နဂိုမူလ အခြေအနေ ပြန်ရောက်အောင် ကူညီပေးရာ ရောက်ပါတယ်။” လို့ MFPEA မှ ဒုတိယ ဥက္ကဌဖြစ်သူ ဦးစိန်သောင်းဦးက ပြောပါတယ်။


    ညစ်ညမ်းစေမှု ပိုနည်းတဲ့ ကုန်ထုတ်လုပ်မှုရဲ့ ကနဦး ခြေလှမ်းအနေနဲ့ ထိရောက်တဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (EMP) ကို အသုံးချတတ်စေဖို့ အပါအဝင် ရေရှည်တည်တံ့ ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာဖို့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို သက်ဆိုင်ရာ နယ်ပယ်အလိုက် လေ့ကျင့်သင်တန်း ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


    “သဘာဝ” စီမံကိန်းဟာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MoNREC)၊ စက်မှုဝန်ကြီးဌာန (MoI)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ကို အထောက်အပံ့ ဖြစ်စေမယ့်အပြင် ညစ်ညမ်းစေမှု ပိုနည်းတဲ့ ကုန်ထုတ်လုပ်မှုအတွက် ပြည်သူလူထု၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု ပိုမို အားကောင်းလာစေဖို့ ယင်းဝန်ကြီးဌာနတွေနဲ့ နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

    Read  more about article Here

     

     


    Read 151 times Last modified on Wednesday, 30 May 2018 08:29
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.