Tuesday, 29 May 2018 07:26

    33780755 1020336948121383 2925051077092966400 n
    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ယနေ့နံနက်မှ နောက်(၁၂) နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ဒေသကို စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်မယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
    မုန်တိုင်းငယ်ဟာ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
    မုန်တိုင်းငယ် ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တို့ရဲ့ ကမ်းခြေဒေသတွေမှာ (၅)ပေမှ (၇)ပေခန့်နဲ့ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေ ဒေသတွေမှာ (၃)ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။


    အဆိုပါ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မေလ(၂၉)ရက်နေ့မှ မေလ(၃၁)ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနဲ့ ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။


    ဒါ့အပြင် အဆိုပါ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့် ဒေသအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေ အနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင် ကြပါဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ကို မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားပါတယ်။

    Read more about aticle Here

     

     

     

     


    Read 129 times Last modified on Tuesday, 29 May 2018 07:48
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.