Wednesday, 09 May 2018 04:57

32074108 1535510563243471 6980694351454142464 n
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဟာ မေ ၈ ရက် ညနေ ၄ နာရီ ၃၅ မိနစ်ခန့်မှာ မီးလုံးဝငြိမ်းအေးသွားပြီး စိတ်ချရတဲ့ အနေအထားမှာ ရှိတာကြောင့် မီးငြှိမ်းသတ်နိုင်ရေး လုပ်ငန်းစဉ်တွေကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။


ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ်အတွင်း အမှိုက်ပုံ အတွင်းပိုင်းက လောင်ကျွမ်းနေမှုနဲ့ မီးခိုးတွေ ထွက်ရှိနေမှုတွေကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ မဟာဗျူဟာအရ ဧပြီ ၂၉ ရက်နေ့က စတင်ပြီး (A,B,C,D) ဇုန်တွေပိုင်းခြား သတ်မှတ်ကာ တစ်ရက်လျှင် တစ်ဇုန်နှုန်းနဲ့ မေ ၂ ရက်နေ့မှာ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ပေမယ့်လည်း အမှိုက်ပုံအောက်ခြေမှ အပူရှိန်ကြောင့် ထွက်ရှိတဲ့ အပူငွေ့တွေကို ငါးရက်ကြာ ထပ်မံစောင့်ကြည့် ငြှိမ်းသတ်မှုတွေ ပြုလုပ်ခဲ့ရာ မေလ(၈)ရက်နေ့ ညနေမှာတော့ စိတ်ချရတဲ့ အနေအထားကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။


ယခုလို မီးငြိမ်းသတ်နိုင်ဖို့ကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ပူးပေါင်းအဖွဲ့တွေက ရေကို အဓိကထား ငြှိမ်းသတ်ခဲ့တဲ့အပြင် လိုအပ်တဲ့ နေရာတွေမှာ Bio Foam (အမြှုပ်ဆေး ရည်) ကိုလည်း အသုံးပြု ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီးက အမှိုက်ပုံဟာ ဧရိယာ စတုရန်း ဧက ၃၀၀ ခန့်ရှိပြီး ဧပြီ၂၁ရက်နေ့၊ ၁၂း၃၀ အချိန်ခန့်က စတင်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
Crd- MOI

Read more about article Here

 

 


Read 218 times Last modified on Wednesday, 09 May 2018 05:14
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.