Friday, 13 October 2017 10:51

    suitcase what to pack
    ခရီးသွားရာသီ ရောက်လို့ လာပြန်ပါပြီနော်။ ကဲ .. ခရီးသွားတဲ့အခါ  လိုအပ်တဲ့ အကြံပြုချက်တချို့ကို တင်ပြပေးပါရစေ။

    စာရင်းပြုစုပါ
    ယူသွားမယ့် အ၀တ်အစားကအစ  အိမ်သာသုံးပစ္စည်းအထိ စာရင်းလုပ်ပါ။ ပြီးရင် အဲဒါတွေကို တစ်ခုချင်း အိပ်ရာပေါ် ခင်းချထားပါ။ ဒါမှ တစ်ခုမှ မကျန်ခဲ့မှာလေ။ နောက် ကိုယ့်ခရီးဆောာင်အိတ် ပျောက်တာပဲ ဖြစ်ဖြစ် အခိုးခံရတာပဲဖြစ်ဖြစ် ကြုံဖြစ်ရင် အိတ်ထဲ ဘာပါသလဲဆိုတာ စာရင်းနဲ့တကွ ရှိနေမှာဆိုတော့ စာရင်းပြုစုထားတာ မကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူးနော့်။

    အရောင်ကို တစ်မျိုးတည်း ရွေးပါ 
    အ၀တ်အစားအားလုံးကို ကာလံဒေသံ ညီအောင်အပြင် အရောင်လေးတွေလည်း တစ်ပြေးတည်းဖြစ်အောင် ရွေးနော်။ အညိုပဲဖြစ်ဖြစ် အနက်ပဲ ဖြစ်ဖြစ် ရွေးပြီးမှ  မျက်မှန်၊  ဦးထုပ်၊  ပုဝါ၊ ခါးပတ် စတဲ့ အဆင်တန်ဆာတွေနဲ့ အ၀တ်အစားကို အရောင်ပြန်တင်လိုက်ပါ။  လှမှာနော်။

    စီးနေကျ ဖိနပ်မြင့်ဒေါက်ချွန်နဲ့ အပေါ်ထပ် ဆွယ်တာအပါးလေးကို ထည့်ပါ
    ဖိနပ်မြင့်ဒေါက်ချွန်တွေဟာ ဘယ်ဝတ်စုံကိုမဆို အထာကျစေတာပဲလေ။  ရိုးရိုးအပါး စီးရမယ့်နေရာ အပါးစီးပြီး လိုအပ်တဲ့အခါ ဖိနပ်မြင့်နဲ့ ရှိုးလုပ်ပေါ့။  ဆွယ်တာပါးပါးကလည်း  ညဘက် လေတဖြူးဖြူးမှာ လမ်းထွက်တဲ့အခါ အသုံးဝင်တယ်လေ။

    မတွန့်ကြေသွားပါစေနဲ့
    အ၀တ်အစားတွေ ထားသိုတဲ့အခါ မာတဲ့အ၀တ်တွေကို မာတဲ့အ၀တ်တွေနဲ့ ရောထားပြီး  ပျော့ပျောင်းတဲ့အသားနဲ့ အ၀တ်အစားတွေကို တူရာချင်း စုထည့်ပါ။ ဂျင်းဘောင်းဘီကို ဂျင်းဘောင်းဘီ ဂျင်းအကျီတွေနဲ့ပဲ ရောထားတာမျိုးပေါ့။ မဟုတ်ရင် တွန့်ကြေကုန်လို့  ထုတ်ဝတ်တဲ့အခါ ယုံကြည်မှု လျော့စရာဖြစ်တယ်လေ။

    အဆင်တန်ဆာတွေကို သီးသန့်ခွဲထားပါ
    သီးသန့်အိတ်ထဲ တစ်ရှုးတွေ အရင်ဖြန့်ခင်းပြီး အဆင်တန်ဆာတွေကို တစ်ခုချင်း ထုပ်ပိုးပါ။ ဒါမှ လည်ဆွဲနဲ့ နားကပ် အချင်းချင်း ရောထွေးထားလို့ ငြိကုန်တဲ့ အဖြစ်က ကင်းဝေးမှာလေ။ ၀တ်စားခါနီး အဲဒါ ဖြည်နေရတာ ဘယ်လောက် စိတ်ရှပ်စရာကောင်းထားလဲ။

    ခြေအိတ်ကို အသုံးပြုပါ
    ကွဲလွယ်တဲ့ ရေမွှေးပုလင်းလို မိတ်ကပ်ရည် ပုလင်းလိုဟာမျိုးကို ခြေစွပ်နဲ့ ပတ်ပြီး သိမ်းပါ။ တကယ်လို သယ်ပိုးတဲ့အထဲ Sneaker ပါတယ်ဆိုရင် အဲ့ထဲသာ ထည့်ထားလိုက်ပါ။ နောက် ခရီးဆောင် အိတ်ငယ်လေးတစ်ခုနဲ့ လိုးရှင်း၊ လက်လိမ်းခရင်မ်၊ အက်စ်ပရင်၊ နှုတ်ခမ်းဆိုးဆေး၊ မျက်စိကပ် Mask နဲ့ နားကြပ်တို့ကို သယ်ယူသွားပါ။

    အလွယ်တကူ သယ်နိုင်တဲ့ ကေ့စ်ကို သုံးပါ
    ဘူတာရုံဖြစ်ဖြစ် လေဆိပ်မှာ ဖြစ်ဖြစ်  ရပ်ရင်း ခြေထောက်ညောင်းတဲ့အခါ  တက်ထိုင်လို့ ရသလို မှီလို့လည်း ရတဲ့ ကေ့စ်မျိုးဆိုရင် ဘယ်နေရာရောက်ရောက် အိုကေတယ်လေ။

    စားစရာသယ်ပါ
    ဆန်းဒွစ်ခ်ျလို စားစရာမျိုးကို အမြဲဆောင်ထားတော့ ဗိုက်ဆာလည်း အလွယ်တကူပဲပေါ့။

    နေလင်း
    Read More About Travel Articles Here


    Read 310 times Last modified on Friday, 13 October 2017 10:58
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.