Tuesday, 04 July 2017 03:36

Thailand
ထိုင်းနိုင်ငံ - အံ့ဩစရာများနဲ့ ပြည့်နှက်နေမယ့် ထိုင်းနိုင်ငံ

အိတ်တစ်လုံးလွယ်ပြီး ခရီးထွက်မယ်ဆို ထိပ်ဆုံးက ပြေးမြင်မိမှာက ထိုင်းနိုင်ငံဖြစ်ပါတယ်။ အနားယူစရာ ကမ်းခြေတွေရှိသလို ရိုးရာဓလေ့တွေနဲ့လည်း ပြည့်စုံနေပါတယ်။ ဒါ့အပြင် ဒေသထွက် အစားအစာများ၊ ပျော်ပွဲရွှင်ပွဲများကို ဈေးနှုန်း သက်သက်သာသာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ပြည်သူတွေနဲ့ ပြည့်နေတယ်ဆိုပေမယ့် စာဖတ်သူအနေနဲ့ ကောင်းမွန်တဲ့ အစားအစာ၊ လက်မှုပစ္စည်းတွေကိုမှ လိုချင်တယ်ဆိုရင် Si Tammarat ကိုသွားဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် စိမ်းစိုနေတဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ်တောင်တန်းတွေကိုလည်း ဆိုင်ကယ်တစ်စီးနဲ့ သွားရောက် လည်ပတ်နိုင်ပါသေးတယ်။
South Africa

တောင်အာဖရိက - နယ်မြေသစ်ရှာဖွေခြင်း
နယ်မြေကြီးတာရယ်၊ သဘာဝအလှတရားတွေရယ်၊ မြင်နေကျ မဟုတ်တဲ့ မြင်ကွင်းသစ်တွေရှိတာကြောင့် တောင်အာဖရိကဟာ စွန့်စားခန်းထွက်ချင်သူတွေအတွက် မျက်စိကျစရာ ဖြစ်လာပါတယ်။ တောင်အာဖရိကမှာ လည်ရတာတန်မယ့် အကောင်းဆုံးအတွေ့အကြုံက ဆာဖာရီကန္တာရပဲ ဖြစ်ပါတယ်။ ပိုက်ဆံလည်း သိပ်မကုန်ပါဘူး။ ဒါ့အပြင့် Ukhahlamba Krakensberg ဥယျာဉ်ကလည်း တောင်တက်လိုသူတွေအတွက် ရွေးချယ်သင့်တဲ့ နေရာကောင်းတစ်ခုပါပဲ။  ကမ္ဘာ့အရှားပါးဆုံး အဖြူရောင်ကြံ့ကို တွေ့ချင်ရင်တော့ Hluhluwe - Imfolozi ကို သွားရောက်လေ့လာနိုင်ပါတယ်။ Hluhluwe ဟာ ရှုခင်းတွေ လှပပြီး တောင်တန်းတွေနဲ့ ကာရံထားပါတယ်။
Vietnam

ဗီယက်နမ် - မရိုးနိုင်တဲ့ ခရီးတစ်ခု
ယခုအထိ မထိတွေ့မပြင်ဆင်ရသေးတဲ့ နေရာတစ်ခုကို ပြပါဆိုရင် ဗီယက်နမ်ကိုပဲ ပြရပါမယ်။ ခရီးသွားဖို့အတွက် သိပ်မကုန်သလို ဒေသတွင်း ခရီးသွားလိုသူတွေအတွက်လည်း အလွယ်တကူ ကောက်သွားနိုင်တဲ့နေရာမျိုးပါ။ ဗီယက်နမ်နိုင်ငံမှာဆို ၁၀ ဒေါ်လာ ၁၅ ဒေါ်လာလောက်နဲ့ ဒေသတွင်းအစားအသောက်၊ သယ်ယူပို့ဆောင်ရေးအပြင် အခြားပျော်စရာတွေကို ခံစားနိုင်ပါတယ်။ နိုင်ငံနယ်စပ်မှာရှိတဲ့ တောင်တန်းတွေဟာ ခရီးသည်တွေအတွက် အပြီးပြည့်စုံဆုံး ခရီးသွားနေရာ ဖြစ်စေပါတယ်။
ရဲထွဋ်
Read More About Travel Articles Here


Read times Last modified on Tuesday, 04 July 2017 03:50
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.