Friday, 23 June 2017 09:47

travel
ရိုးရိုးရှင်းရှင်း ဖြစ်ပါစေ

ခရီးထွက်တော့မယ်ဆိုကတည်းက ရိုးရိုးလေးပဲ စဉ်းစားပါ။ တခြားသူတွေလို စွန့်စားမယ်၊ မလုပ်ဖူးတာတွေ လုပ်မယ်ဆိုတာတွေက တစ်ပိုင်းသတ်သတ်ပါ။ ကိုယ့်မှာရှိတဲ့ငွေနဲ့ ကိုယ်ရတဲ့အချိန်မှာ ဘယ်လိုနေရာသွားမယ်၊ ကိုယ်အပန်းပြေ စိတ်ကြည်အောင် ဘာလုပ်မယ်ဆိုတာတွေကို ရိုးရိုးလေးချိန်ဆပြီးမှ ခရီးထွက်တာ အကောင်းဆုံးပါ။ စွန့်စားဆန်းပြားတာတွေ အသာချိတ်ပြီး ကိုယ်အပန်းပြေဖို့ ခရီးထွက်တာ အကောင်းဆုံးပါ။
သွားမယ့် ခရီးကို အာရုံစိုက်ထားပါ

ခရီးသာ သွားလိုက်တယ်၊ ကိုယ့်အတွက် စိတ်ဝင်စားစရာ ဘာမှလည်းမရှိဘူး၊ ဘာမှလည်း မထူးခြားဘူးဆိုရင်တော့ သွားရတာအလကားပါပဲ။ တစ်ခါတစ်လေ အားလပ်ရက်မှာ မိသားစုဆီပြန်တာမျိုး ဖြစ်ပါတယ်။ အိမ်ကိုပြန်ရောက်မှတော့ မိသားစုတွေနဲ့ ပျော်ပျော်နေမယ်၊ ငယ်ဘဝတွေ ပြန်ပြောကြမယ်၊ ငယ်ငယ်တုန်းက နေရာတွေ လိုက်ကြည့်မယ်၊ ဒါတွေဟာလည်း ကိုယ်ထွက်တဲ့ခရီးပေါ်မှာ အာရုံစိုက်ပြီး လုပ်ဖြစ်ရင် ကျေနပ်စရာပါပဲ။
သွားစရာရှိတာ သွားလိုက်ပါ

ခရီးတစ်ခု သွားတော့မယ်ဆိုရင် အဲဒီမှာ ဒါလေး အဆင်ပြေပါ့မလား၊ ရာသီဥတုက အရမ်းဆိုးနေမလား အစရှိသည်ဖြင့် ဘေးထွက်ဆိုးကျိုးတွေကို တွေးပူနေတတ်ပါတယ်။ ကိုယ်တိုင် ပြောင်းလဲလို့မရတဲ့ အရာတွေအတွက် ကြိုတင်တွေးပူမနေပါနဲ့။ ရင်ဆိုင်ကျော်လွှားလိုက်လို့ ရတာတွေ အများကြီးပါ။ တချို့ အပန်းဖြေ စခန်းတွေမှာ ကလေးထိန်းပေးတဲ့ ဝန်ဆောင် မှုတောင် ရှိတာမို့ သွားစရာရှိတာ သွား လိုက်ပါ။ နောက်ဆံတငင်ငင် တွေးပူနေ တာတွေ ထားခဲ့လိုက်ပါ။
ပျော်စရာအပန်းဖြေခရီးလေး ထွက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Read More About Travel Articles Here


Read 274 times Last modified on Friday, 23 June 2017 09:58
Rate :
(0 votes)

1 comment

  • Marietta
    Comment Link

    I must say you have high quality posts here. Your content
    can go viral. You need initial traffic only.
    How to get massive traffic? Search for; Murgrabia's tools go viral

    Friday, 30 June 2017 14:02 posted by Marietta
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.