Wednesday, 21 June 2017 04:34

Hanoi
အာရှ လေကြောင်းလမ်းတစ်ခုဖြစ်တဲ့ Vietjet လေကြောင်းလိုင်းဟာ မြန်မာလူမျိုး ခရီးသွားတွေအတွက် ခရီးစဉ်တစ်ကြောင်းကို (အခွန်အခများမပါ) မြန်မာငွေ ၁၂ဝ၀ဝ ကျပ်နဲ့  ဟနွိုင်းမြို့ဆီ သွားရောက်လည်ပတ်နိုင်မယ့် အထူးပရိုမိုးရှင်း အစီအစဉ်တစ်ခု ပြုလုပ်ပေးထားပါတယ်။ အဲဒီဈေးနှုန်းသင့်ခရီးစဉ်ကို ဩဂုတ်လ ၃၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လက်မှတ်တွေကိုတော့ နေ့လည် ၁၁ နာရီ မိနစ် ၃၀ မှ နေ့လည် ၁နာရီ မိနစ် ၃၀ အတွင်း အခုအချိန်ကတည်းက ဝယ်ယူနိုင်ပြီလို့ ဆိုပါတယ်။ တန်ဖိုးနည်း promotion လက်မှတ်တွေကို www.vietjetair.com (smartphones များအတွက် http://m.vietjetair.com) က တဆင့်သော်လည်းကောင်း၊ www.facebook.com^vietjetmyanmar  (“Booking” ခလုတ်နှိပ်ပြီး ဝယ်ယူနိုင်သည်) က တစ်ဆင့်သော်လည်းကောင်း၊ call center ဝ၁ ၉၀ဝ၁၈၈၆ နဲ့ နိုင်ငံတကာ လေယာဉ်လက်မှတ်တွေ  ရောင်းချနေတဲ့ ရုံးခန်းတွေမှာသော်လည်းကောင်း ဝယ်ယူနိုင်ပါတယ်တဲ့။ Visa၊ Master၊ Card၊ JCB၊ KCP နဲ့ American Express တို့မှ debit card နဲ့ credit card တွေကို အသုံးပြုဝယ်ယူနိုင်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့မှာ စိတ်ဝင်စားစရာ သမိုင်းဝင်အဆောက်အအုံတွေ၊ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေနဲ့ ဟိုချီမင်းရဲ့ အထိမ်းအမှတ် အုတ်ဂူ၊ Hoa Lo အကျဉ်းထောင် (Hanoi Hilton ဟုလည်းခေါ်သည်)၊ ဘုရားကျောင်းဆောင်တွေနဲ့ စေတီပုထိုးပေါင်း ၆၀ဝ ကျော်တွေကို လေ့လာနိုင်မှာဖြစ်သလို Full-Day Halong Bay Tour နဲ့အတူ ဟနွိုင်းမြို့မှ Bamboo Boat Ride တို့မှာ ပါဝင်လှုပ်ရှားနိုင်မှာဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ အမျိုးသားဥယျာဉ်အဖြစ်တည်ရှိနေခဲ့တဲ့ Halong Bay ရှိ ကြီးမားတဲ့ Cat Ba Island မှာ ခြေလျှင်တောင်တက်ခရီးစဉ်နဲ့ တောင်တက်ခရီးစဉ်တွေကို သွားရောက်ခံစားနိုင်မှာ ဖြစ်ပါသတဲ့။
Read More About Travel Articles Here


Read times Last modified on Wednesday, 21 June 2017 04:52
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.