Thursday, 08 June 2017 08:08

 18118689 1722944104400089 2076986505100920671 n
လွန်ခဲ့တဲ့ တစ်ပတ်လောက် က ပိုလန်နိုင်ငံကနေ ချက်ပြည်သူ့သမ္မတ နိုင်ငံကို ကိုယ်တွေအဖွဲ ညအိပ်ရထားနဲ့စီးပြီးလာခဲ့တာ။ မနက် ၆ နာရီခွဲ ဘူတာရောက်တော့ အိတ်တွေ သယ်ပြီးထွက်လာတာပေါ့။ ဥရောပ ၁၀ နိုင်ငံကို ရထားနဲ့ ပတ်နေကြတော့ တော်တော်လေးလဲပြိုင်းနေကြပီပေါ့။ Prague ဘူတာကိုရောက်တော့ မနက်မိုးလင်းနေပြီး ဘူတာထဲမှာ ငှားထားတဲ့ကား လာမကြိုသေးတော့ စောင့်နေကြရင်း ဘာသွားတွေ့လဲ ဆိုတော့ သုံးတန်း လေးတန်းလောက်ပဲရှိမယ့် ကလေးလေးတွေအယောက် ၃၀လောက် ကျောပိုးအိတ်တွေရော။ ခင်းအိပ်မယ့် အိပ်ယာလိပ်တွေရော ကျောပိုးထားပြီး တခြားနိုင်ငံသွားမယ့်ရထားကို စောင့်နေကြတယ်. သူတို့ကို ကြည့်ရတာ သယ်ထားတဲ့ ကျောပိုးအိတ်က တော်တော်လေးပုံပဲ။ ကိုယ်တွေ backpack သွားတဲ့ ကျောပိုးအိတ်လိုမျိုး ကလေးဆိုက်ဒ် အကြီးစားတွေ ပိုးထားကြတာ။ ဆရာမ လေးငါးယောက်လဲပါတယ်။ ဆရာမတွေက လဲသူတို့လိုပဲ ကျောပိုးအိတ်တွေလွယ်ပြီးတော့ အေးအေးဆေးဆေး သူတို့နဲ့ ဘော်ဒါတွေလိုစကားပြောရင်းရထားစောင့်နေကြတာ။ သူတို့အုပ်စုရဲ့ ခေါင်းဆောင်က ဆရာမတွေ မဟုတ်ဘူးဆရာ။ သူတို့ကလေးတွေထဲက ကောင်လေးတယောက်ပဲ။ သူကလဲတက်ကြွပြီး သူ့လူတွေနဲ့ သဟဇာတဖြစ်လို့။ အပေါ်က ဘုတ်မှာ ရထားစီးရမယ့် ဂိတ်နံပါတ်လဲ ပေါ်လာရော သူတို့ထဲက leader က စာရွက်ကလေးကိုင် ။ ရထားစီးရမယ့် boarding pass လေးတွေကို နာမည်ခေါ်ပြီးလိုက်ဝေတယ်။ ပြီးတော့ လက်မှတ်ကိုကိုင်ပြီး သူကပဲ ရှင်းပြတယ်။ သူ့လူတွေကလဲ အေးဆေးနားထောင်တယ်။ မရှင်းတာ ပြန်မေးတယ်။ဆရာမတွေက ဘေးမှာအေးဆေးပဲ ဘာမှလုပ်စရာမလိုဘူး။. သူ့လူနဲ့ သူ့ဟာသူဟုတ်နေတာပဲ။ ခနနေတော့ အဲ့ဒီခေါင်းဆောင်ကပဲ ဦးဆောင်ပြီး ခေါ်သွားတာ သူ့လူတွေရော ဆရာမတွေရော အေးဆေးလိုက်သွားလေရဲ့။ ကလေးတွေကို leader အဖြစ်ရော follower အဖြစ်ပါ ဘယ်လိုနေထိုင်ရမလဲဆိုတာ တခါတည်းပြထားတာ။ ကိုယ့်မှာတော့ သူတို့ကို ငေးမောပြီး အတွေးပေါင်းများစွာနဲ့ ကျန်ခဲ့တယ်။

18157408 1722943787733454 7651932884057906535 n

နောက်နေ့တွေလဲ တနိုင်ငံနဲ့ တနိုင်ငံ ရထားကစီးနေရတော့ ဘူတာမှာ။ ရထားပေါ်တွေမှာ ။ အဲ့လို ကျောင်းသား အုပ်စုလိုက်တွေအမြဲတွေ့တယ်။ ခရီးထွက်ကြတာ။ အရွယ်စုံပဲ။ အီတလီမှာဆို ။ 7 တန်း 8 တန်းလောက်ပဲရှိမယ်ထင်တယ် ကျောင်းသားတစ်ဖွဲ့တွေ့တယ် . ဆရာမတွေတောင်မပါဘူး။ ကျောင်းသားခေါင်းဆောင်တစ်ယောက်ပဲ အလံကိုင်ပြီး ရထားပေါ်က ဆင်းလာတာ။ နောက်က သူ့လူတွေ။ သယ်ထားတဲ့ အိတ်ကြီးတွေက ကိုယ့်အရပ်လောက်ရှိမယ်။ trekking သွားတာလား တောင်သွားတက်ကြတာလားမသိဘူး။ တော်တော့်ကို ပင်ပန်းနေတဲ့ပုံတွေ။ ဝတ်စုံက ဆင်တူတွေ။ ရေခွက်တွေပါ တိုးလို့တွဲလောင်းချိတ်ထားကြတာ။ ဂစ်တာတွေလဲပါတယ်. အယောက်နှစ်ဆယ်လောက်ရှိမယ်ထင်တယ်. လူတွေကသာ ပင်ပန်းနေကြတာ မျက်လုံးတွေက အရောင်တောက်နေတာပဲ။ သူတို့ကိုယ်သူတို့ စစ်တိုက်ပြီး ပြန်လာသလိုလိုနဲ့။ သူတို့သွားခဲ့ရတာကို ကျေနပ်နေတဲ့ပုံတွေ။

ဒီလိုမျိုးမြင်ကွင်းမျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်ကလဲ ကိုယ်မြင်ဖူးတယ်။ အဲ့ဒီတုန်းက ဘန်ကောက်က safari word ထဲက မျောက်ကလေးတွေ လက်ဝှေ့ထိုးတဲ့ ပွဲကိုသွားကြည့် တုန်းကပေါ့ အထဲဝင်ဖို့ စောင့်ရင်းနဲ့ ဘေးနားမှာ ကလေးသေးသေးလေးတွေ မူကြိုကျောင်းက လိုမျိုးလေးတွေ အင်္ကျီဆင်တူဝတ်ပြီး အများကြီးတန်းစီနေတာ တွေ့လိုက်တယ် . ထူးဆန်းတာက သူတို့က ထိုင်းကလေးတွေမဟုတ်ဘူး။ အဲ့ဒါနဲ့ ဘေးနားက ကလေးလေးကို ဘာရယ်မဟုတ် စပ်စုပြီး Where are you from? လို့မေးလိုက်တာ။ I'm from Japan. လို့အဲ့ဒီကလေး ပိစိလေးက ပြန်ဖြေတယ်ဆရာ။ အဲ့ဒီတော့မှ ပိုစိတ်ဝင်စားသွားပြီး သူတို့ဆရာမကို တွေ့လိုက်တော့ သွားမေးကြည့်လိုက်တာ။ ဟုတ်တယ်တဲ့ သူတို့က ဂျပန်က တဲ့ တခြားနိုင်ငံကို လေ့လာရေးအနေနဲ့လာတာတဲ့။ ကလေးတွေနဲ့ သူတို့ဆရာမတွေပဲတဲ့။ ကိုယ့်မှာတော်တော် အံသြသွားတယ်။ ကိုယ်တွေမိဘတွေဆို တက္ကသိုလ် တက်တဲ့အထိ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးသွားဖို့ကို တောင်မနည်းပြောရတာ။ ဒါတောင် ကိုယ့် မိဘက နည်းနည်းစိတ်ချရတဲ့သူနဲ့ဆိုရင် ကိုယ့်ကို ခရီးသွားဖို့ထည့်ပါသေးတယ်။ သုံးလေးတန်းနဲ့ ဟိုအဒေါ်နဲ့ ဟိုလိုက်သွား ဒီဦးလေးတွေနဲ့ ဒီသွားလုပ်နိုင်လို့။ ကိုယ့်သူငယ်ချင်းမိဘတွေဆို သူတို့မပါရင် ဘယ်မှ မလွှတ်ဘူရယ်။ သူငယ်ချင်းတွေဆို ကိုယ့်ကို ပြောတယ်။ နင်က ကောင်းလိုက်တာ နင့်အိမ်က လွှတ်လို့ သွားရတယ်။ အလုပ်ထဲဝင်တော့လဲ အလုပ်က ခရီးတွေလွှတ်ရင် ကိုယ်ပဲ ထိပ်ဆုံးက။ ကိုယ်က သူတို့ကို မြှောက်ပေးပေါ့။ လွတ်လပ်ရေးဆိုတာ တိုက်ယူမှရတာ။ သီဟတင်စိုးလုပ်မနေနဲ့လို့။ ဘယ်လိုပြောပြောပါ တော်တော်များများက မလွှတ်ကြဘူး။ ကိုယ်တွေ တက်ခဲ့တဲ့ ကျောင်းတွေဆိုတာလဲ အဲ့လိုစုပြီး ခရီးသွားဖို့မပြောနဲ့။ ကျောင်းကနေ အုပ်စုလိုက်လေ့လာရေးခရီးသွားဖူးတာဆိုလို့ အမျိုးသားပြတိုက်တို့ ။ ဘာတို့လောက်ရယ်သာရှိတာ။ တွေးကြည့်ရင် ရီချင်စရာပါ။

18157984 1722944017733431 4551862781544543883 n

တကယ်တော့ သူတို့နိုင်ငံတွေတိုးတက်တာလဲ မပြောနဲ့လေ။ ငယ်ငယ်လေးထဲက ဒီလိုတွေသွားလာနေချင်းအားဖြင့် လူကြောက်တာတွေ။ လူတောမတိုးရဲတာတွေမရှိတော့ပဲ ။ ကိုယ့်ဟာကိုယ် ယုံကြည်ချက်တွေ ဖြစ်လာနိုင်တယ်။ ကျောင်းတွေ တက္ကသိုလ်တွေကလဲ ဒီလို မျိုးလေး လူငယ်တွေကို နိုင်ငံခြားမဟုတ်တောင် ဈေးသိပ်မကြီးတဲ့ ပြည်တွင်း ခရီးလေးတွေ တောင်တက်ခရီးစဉ်။. trekking တွေ ။ ပြည်တွင်းက တိုင်းရင်းသား လူမျိုးတွေ ။ လက်မူလုပ်ငန်း။ ရိုးရာပွဲတော်တွေ။ စသည်တို့ကို လေ့လာနိုင်ဖို့ လုပ်ပေးသင့်တယ်။ ကိုယ်တွေဆို ငယ်ငယ်က သမိုင်းတွေ ပထဝီတွေသာ အော်ကျက်ခဲ့ပြီး စာမွဲသာ ဖြေခဲ့တာ ဘာဗဟုသုတမှ မယ်မယ်ရရ ရှိခဲ့တာမဟုတ်ဘူးရယ် ။ အပြင်က စာကို အသေအလဲဖတ်ပြီး ကမ္ဘာကြီးကို လိုက်ကြည့်တာတောင် ကိုယ်နဲ့ တွေ့တဲ့ တခြားနိုင်ငံက လူတွေကို မမှီဘူးရယ်။ စကားပြောကြည့်ရင်ကို တော်တော်ကွာနေပြီဆိုတာ ကိုယ့်ဟာကိုသိတယ်။

ဒီလိုမျိုး လူငယ်တွေစုပေါင်း ခရီးထွက်ပေးခြင်းဖြင့် Team work တွေရလာမယ်။ independent ဖြစ်လာမယ်။ စူးစမ်းလေ့လာချင်စိတ်တွေရှိလာမယ်။ ခေါင်းဆောင်မူတင်မက။ နောက်လိုက်ကောင်းပါဖြစ်လာမယ်။ လောကကြီးကို ကိုယ့်မိဘ ရင်ခွင်ထဲကနေ မြင်ရတဲ့ အမြင်မျိုးမဟုတ်ပဲ။ အပြင်ကိုထွက်ကြည့် လာနိုင်မယ်။ အခက်အခဲ ဘယ်လိုရင်ဆိုင်မယ်။သူတပါး နောက်ပြီး မိဘတွေကို အားကိုးချင်စိတ်လျော့လာပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေပါ ဖြစ်လာနိုင်တယ်။.
မေဇွန် တိုးလီဒါလုပ်ပြီး ဧည့်သည်တော်တော်များများနဲ့ ခရီးထွက်ဖူးတယ်။ အဲ့ဒီမှာ ဘာတွေ့ရလဲဆိုရင် မိဘတွေကိုယ်တိုင်ကိုက သားသမီးတွေကို စိတ်မချ ဖြစ်တယ်။ မလိုအပ်ပဲ အတင်းကာကွယ်ထားတယ်။ အမြဲတမ်းလိုလို မလုပ်နဲ့ မသွားနဲ့ ပဲအပြောများတယ်။ အဲ့ဒီမှာ ဘာတွေ့ရသလဲဆိုရင် လူငယ်တွေက စကားဆို ဝင်မပြောရဲတာတို့ ။ မမေးရဲတာ။ ကြောက်တတ်လာကြတယ်။ လူငယ်အချင်းချင်းတောင် မိတ်ဆက်ဖို့ ဝန်လေးလာတယ်။။ ခရီးထွက်ရင် တိုးကားပေါ်မှာ ဖုန်းကြည့်မယ်။ ဓါတ်ပုံရိုက်မယ်။ အိပ်မယ်။ ဒါပဲ။ ဘာမှ စူးစမ်းလေ့လာမူမလုပ်တာများတယ်။ဒီတနိုင်ငံရောက်ဖူးတယ်။ ဓါတ်ပုံရိုက်ခဲ့တယ် ဆိုတာပဲရှိတယ်။

ဒါကြောင့်ဒီလို ခရီးမျိုးတွေကို ကျောင်းတွေ တက္ကသိုလ်တွေက မစီစဉ်ပေးနိုင်သေးရင်တောင် လူငယ်တွေကို သူတို့ သူငယ်ချင်း အုပ်စုလိုက်ပဲဖြစ်ဖြစ်။ ဦးဆောင် တဲ့လူ တစ်ယောက်လောက်များရှိခဲ့ရင်။ တစ်ခါလောက်ဖြစ်ဖြစ်တော့ အကျိုးရှိစေမယ့် ခရီးလေးတွေ စေလွှတ်ပေးပါလို့ ။ အုပ်ထိန်းသူတွေကို ပြောချင်ပါတယ်။ လူငယ်တွေ ဘက်ကလဲ တခြား ဘာညာကိစ္စတွေမပါပဲ။ အုပ်ထိန်းသူတွေယုံကြည်အောင် ကိုယ်သွားမယ့်နေရာ ဒေသ စတဲ့ ဗဟုသုတု ရေမြေ တောတောင် သဘာဝတွေကို လေ့လာပြီးမှ ကိုယ့်ဘဝရဲ့ လူငယ်ဘဝ ခရီးလေးတွေကို ပျော်ရွင်ပြီး အမှတ်တရဖြစ်အောင် ဖန်တီးခဲ့ပါလို့။

မေဇွန်

(I Love Traveling)

Read More Traveling Articles Here


Read times Last modified on Thursday, 08 June 2017 10:03
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.