Thursday, 23 February 2017 08:38

4dlegdm655

 နိုင်ငံခြားခရီးပဲသွားသွား၊ ပြည်တွင်းခရီးပဲထွက်ထွက် အိမ် ပြန်မျက်နှာပန်းလှဖို့အတွက်ဆိုရင် သတိဆိုတာ ပိုသည်မရှိ ဆိုသလိုပဲ မိမိသယ်ဆောင်တဲ့ပစ္စည်းပစ္စယတွေ ကို မပျောက်ပျက်အောင် ထိန်းသိမ်း တတ်ဖို့လိုပါတယ်။ ဟိုတလောကပဲ စာရေးသူရဲ့အသိတစ်ယောက် ဘတ်စ် ကားပေါ်မှာ ခါးပိုက်နှိုက်ခံရပါသေး တယ်။ ငွေပါသွားတာ ကိစ္စမဟုတ် လှပေမယ့် အရေးကြီးစာရွက်စာတမ်းတွေ၊ ပတ်စ်ပို့တွေ ပါသွားခဲ့ ရင် ပြန်ရဖို့တော့ မျှော်လင့်လို့မရ နိုင်ပါဘူး။ ဒီလို အဖြစ်အပျက်မျိုး ကြုံတွေ့ရရင် အုပ်စုခရီးဖြစ်စေ၊ တစ် ကိုယ်တည်းခရီးဖြစ်စေ စိတ်ပျက် စရာအချိန်တွေနဲ့ပဲ ခရီးစဉ်က ကုန် ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ လမ်းညွှန်မှုမျိုး မဟုတ် ပေမယ့် အသုံးတည့်မယ်လို့ ထင်မိ တာကြောင့် ပြ MY Yangon စာဖတ်ပရိသတ်တွေအနေနဲ့ ဒီလိုစိတ်ပျက်စရာအဖြစ်မျိုးကို အတတ်နိုင်ဆုံး ရှောင်နိုင်ဖို့ အကြံပြုချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

မိမိရောက်နေတဲ့ ပတ်ဝန်းကျင် အခြေအနေကို သိထားပါ
မိမိရောက်တဲ့နေရာက ခါး ပိုက်နှိုက်ပေါတဲ့နေရာလား၊ အလစ် သုတ်မှုတွေရှိတတ်တဲ့နေရာလား ဆိုတာ ကြိုတင်စုံစမ်းပြီး သတိနဲ့  နေထိုင်သွားလာသင့်ပါတယ်။ တချို့ နေရာတွေဟာ နေ့ဖက်မှာ လမ်း လျှောက်ထွက်လို့ အဆင်ပြေပေ မယ့် ညဖက်ရောက်ရင် လုံခြုံရေး ဆိုင်ရာပြဿနာရှိတဲ့နေရာအချို့ ရှိတတ်ပါတယ်။ ဘယ်နေရာ၊ ဘယ် လိုအချိန်မှာ တက္ကစီငှားသင့်တယ် ဆိုတာကိုလည်း သတိချပ်စေချင် ပါတယ်။ ဒီလိုပတ်ဝန်းကျင်အခြေ အနေကို သိထားနိုင်ဖို့ဆိုရင်တော့ ဟိုတယ်က ဧည့်ကြိုတွေ၊ ဝန်ထမ်းတွေ ကို အနီးစပ်ဆုံး မေးမြန်းလို့ရပါတယ်။

ဓါတ်ပုံရိုက်သွားပါ
ခါးပိုက်နှိုက်ခံရတဲ့အခါ ဒုက္ခ နည်းနိုင်သမျှနည်းအောင် ပြင်ဆင် ထားဖို့လိုပါမယ်။ ပတ်စ်ပို့၊ မှတ်ပုံတင်နဲ့အရေးကြီးစာရွက်စာတမ်း တွေကို ဓါတ်ပုံရိုက်ယူထားပါ။ မိမိ ရိုက်ထားတဲ့ပုံတူတွေကို မိမိကိုယ် တိုင်အပြင်အခြားစိတ်ချလို့ရတဲ့သူ တစ်ဦးဦးဆီကို အပ်ထားစေချင်ပါ တယ်။ ဒါမှ သင်နဲ့အတူပါတဲ့ ဓါတ်ပုံ ပျောက်ခဲ့မယ်ဆိုရင်တောင်  လိုအပ် တဲ့ အချိန်မှာ နောက်ထပ်အ စားထိုး ပြသစရာ အဆင်သင့်ရှိမှာ ဖြစ်ပါ တယ်။

ခါးပတ်အိတ် (Money Belt) (သို့) ပိုက်ဆံအိတ်
ခါးပတ်အိတ်ကို ဝတ်ဆင် တတ်သူဆိုရင် ပေါ်ပေါ်ထင်ထင် မဟုတ်ပဲ သင့်ရဲ့ဘောင်းဘီအတွင်း ပိုင်းမှာ ဝတ်ဆင်နိုင်ပါတယ်။ လုံးဝ ပျောက်ဆုံးလို့ မဖြစ်တဲ့ အရာတွေ ကို ထည့်ပြီးဝတ်ဆင်နိုင်ပါတယ်။ ဒါက လူတိုင်းနှစ်သက်တဲ့ အရာတော့ မဟုတ်ပါဘူး။ တချို့လူတွေအတွက် တော့ Money Belt ဝတ်ဆင်ရ တာ ကသီကလင်ဖြစ်သူတွေ ရှိပါ တယ်။ ဒါကြောင့် အခြားပိုက်ဆံ အိတ်ကိုပဲ ယူဆောင်ရတာ နှစ်သက် သူတွေအနေနဲ့ ပိုက်ဆံအိတ်ကို နောက် ဖက်ဘောင်းဘီအိတ် ကပ်မှာမထည့် ပဲ ရှေ့ဘောင်းဘီအိတ်ထဲ ထားစေ ချင်ပါတယ်။

တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ဟိုတယ်မှာ ထားခဲ့ပါ
သင့်ရဲ့ လက်ပ်တော့အပြင်  တန်ဖိုးကြီးတဲ့ လက်ဝတ်လက်စား တွေကို လမ်းတစ်လျှောက် သယ် သွားခြင်းထက်အခန်းထဲမှာ ထားခဲ့ တာက ပိုစိတ်ချရမှာပါ။ ဟိုတယ် တွေမှာ သူခိုးခိုးခံရတာတွေရှိတယ် ဆိုပေမယ့်လည်း ရှားပါတယ်။

ပစ္စည်းမေ့ကျန်ခဲ့သလားဆိုတာ အမြဲဆန်းစစ်ပါ
တချို့က အခိုးခံရတာထက် မေ့ကျန်မိတာကြောင့် ပစ္စည်းဆုံးရှုံး တာ ပိုများတတ်ပါတယ်။ ဟိုတယ် က ထွက်ခွာချိန်မှာ ပတ်စ်ပို့ကို ခေါင်းအုံးအောက်မှာ ထားလေ့ရှိလို့ မေ့ထားခဲ့မိတာ၊ အိတ်ကို ဘတ်စ် ကားရဲ့အိတ်စင်ပေါ်မှာ မေ့ကျန်ခဲ့ တာ၊ ကင်မရာ၊ လက်ပ်တော့ကို တက္ကစီထဲ မေ့ကျန်ခဲ့တာ စတာတွေ အဖြစ်များပါတယ်။ ဒါကြောင့် နေ ရာတစ်ခုကို စွန့်ခွာတော့မယ်ဆိုရင် နှစ်ခါပြန်လှည့်ကြည့်စစ်ဆေး တတ်တဲ့အကျင့် မွေးစေချင်ပါတယ်။

သင့်ဖုန်းနဲ့ ပိုက်ဆံအိတ်ကို စားပွဲပေါ် တင်မထားပါနဲ့
 နိုင်ငံခြားမှာ ရေပန်းစားကြုံတွေ့တဲ့အရာတစ်ခုကတော့ လမ်း ကြောင်းမသိသူလို လူစိမ်းတစ်ဦး က သင့်ဆီ မြေပုံနှင့်တကွ ရောက် လာပြီး သူသွားလိုတဲ့ ခရီးလမ်း ကြောင်းကို မေးပါမယ်။ မြေပုံကို သင့်စားပွဲပေါ်ဖြန့်ခင်းစဉ်မှာ သင် မသိလိုက်ခင်မှာပဲ စားပွဲ ပေါ်တင် ထားတဲ့ သင့်ပစ္စည်းတွေကို  အ လစ်သုတ်သွားတတ်တာပါပဲ။ ဒါ ကြောင့် အလစ်သုတ်သမားတွေ အကြိုက်တွေ့မယ့်နည်းလမ်းဖြစ် စေနိုင်တဲ့မိမိရဲ့ပစ္စည်းတွေကို စား ပွဲပေါ် လွတ်လွတ်လပ်လပ်တင်ထား တာတွေ ရှောင်ကြဉ်ရမှာပါ။

အိတ်နဲ့ပစ္စည်းတွေကို ကိုယ့်အနီးဆုံးမှာပဲ ထားပါ
ခိုးမယ့်သူ၊ လုယက်မယ့်သူ တွေဟာ ပစ္စည်းနဲ့အနည်းငယ်ကင်းကွာနေတဲ့သူတွေကို ပစ်မှတ်ထား တတ်ပါတယ်။ အသေးအဖွဲ့လေး ကပဲ ဆုံးရှုံးစရာတွေ ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် စားသောက်ပြီး အနားယူချိန်မှာ မိမိရဲ့အိတ်ကို ချက် ချင်း လက်လှမ်းမီနိုင်မယ့် မိမိရဲ့ ခြေထောက် (သို့) လက်အနီးမှာ အမြဲထားပါ။

ဇွန်မာန်

Read More Travel Tips Here


Read times
Rate :
(1 Vote)

1 comment

  • ​အောင်​သူ
    Comment Link

    ဒီစာ​လေးနှစ်​သက်​လို့copy ကူးပြီးတင်​ချက့ပါတယ်

    Saturday, 14 October 2017 03:00 posted by ​အောင်​သူ
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.