ရန်ကုန်မြို့ တွင် ပထမဦးဆုံးအကြိမ် မြန်မာ့သနပ်ခါးပွဲတော် ကျင်းပမည်။

ရန်ကုန်မြို့ တွင် ပထမဦးဆုံးအကြိမ် မြန်မာ့သနပ်ခါးပွဲတော် ကျင်းပမည်။

From February 11, 2019 20:00 until February 17, 2019 22:00

At Yangon, People's Park

Posted by Khine Khine Wai

Categories: Events & Exhibitions

Hits: 113


ရန်ကုန်မြို့ မှာ ပထမဆုံးအကြိမ် မြန်မာ့သနပ်ခါးပွဲတော်ကို ပြည်သူ့ရင်ပြင်မှာ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၇ ရက်အထိကျင်းပမယ့်အကြောင်း Sanchaung Food Town- SFT မန်နေဂျာ ဦးအောင်ကို ထံမှသိရပါတယ်။


" မြန်မာ့သနပ်ခါးကို မြန်မာလူမျိုးတိုင်း တန်ဖိုးထားချစ်မြတ်နိုးစေဖို့ ရည်ရွယ်ကျင်းပတာပါ။ ဒီပွဲတော်မှာ မန္တလေးတိုင်းဒေသကြီး ဆံရစ်ဝိုင်းရွာရှိ ကလေးတွေက လာရောက်လေ့လာတဲ့သူတွေ သနပ်ခါးတွေလိမ်းပေးပါမယ်။ ပြီးရင် သနပ်ခါးထုတ်ကုန်တွေနဲ့ အနယ်နယ်အရပ်ရပ်ကထုတ်လုပ်တဲ့ သနပ်ခါးထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာစုစည်းဝယ်ယူနိုင်မှာပါ " ဟု ဦးအောင်ကို ကပြောထားပါတယ်။

ပွဲတော်ကို နံနက် ၁၁ နာရီမှ ည ၁၀ နာရီခွဲအထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်သို့လာရောက်ကြသူတိုင်း ကိုယ်တိုင်လိမ်းခြယ်နိုင်ရန် ငျောက်ပျဉ်များနဲ့  မြန်မာ့ရှင်မတောင်သနပ်ခါးတုံများကိုလည်း စီစဉ်ပေးထားမှာဖြစ်ပြီး ပြည်တွင်းဖြစ်ထုတ်ကုန်များဖြစ်တဲ့ Bella ၊ တောင်ကြီးမောက်မယ်၊ ရွှေဘိုမင်းသမီး၊ ရွှေပြည်နန်း၊ ဘရဏီ စတဲ့ သနပ်ခါးဖြင့်ထုတ်လုပ်ထားသော အလှကုန်များကိုလည်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ ယင်းအပြင် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်တယ်လို့သိရပါတယ်။

Source: မြ၀တီ ( ကျော်ကို )