စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ့် Top Thai Brands ကုန်စည်ပြပွဲကြီး

စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ့် Top Thai Brands ကုန်စည်ပြပွဲကြီး

From February 05, 2019 10:00 until February 24, 2019 18:00

At တပ်မတော်ခန်းမ

Posted by Khine Khine Wai

Categories: Events & Exhibitions

Hits: 106


Top Thai Brands 2019 ကိုဖေဖော်ဝါရီလ ၂၁ ကနေ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တပ်မတော်ခန်းမမှာ မနက် ၁၀ နာရီ မှ ညနေ ၆နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာပါ။


ဒီပွဲကြီးမှာ ဆိုင်ခန်းပေါင်း ၁၂၆ ဆိုင်နှင့်အတူ ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့် ကုန်ပစ္စည်းများ၊ နာမည်ကြီး brands များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ အီလက်ထရောနစ်ပစ္စည်းများ၊ Fashion ပစ္စည်းများအပါအဝင် မီးဖိုချောင်သုံးပစ္စည်းများကို တစ်နေရာတည်းတွင် အမျိုးအစားစုံလင်စွာဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

top thia

အခြားအစီအစဉ်တွေအနေနဲ့ ထိုင်းရိုးရာအကအလှများနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ ထိုင်းအစားအစာ ချက်ပြုတ်တင်ဆက်ပေးမယ့် Thai Cooking Show နဲ့ Coffee ချစ်သူများအတွက် Barista Coffee Show အစီအစဉ်တွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ဒါ့အပြင် ထိုင်းရိုးရာအစားအသောက်များ နဲ့ သစ်သီးဝလံများကို ဆိုင်ခန်းပေါင်း ၃၀ ကျော်ဖြင့် ခင်းကျင်းရောင်းချပေးဦးမှာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ထိုင်းအစားအစာကိုမှ ကြိုက်နှစ်သက်ကြတဲ့ သူတွေအားလုံး လာရောက်လေ့လာ စားသုံးကြည့်ကြဖို့နဲ့ နေ့စဉ် Lucky Draw အစီအစဉ်များလည်းပါဝင်မှာဖြစ်ပြီး "ဘန်ကောက်ကို အလည်သွားခွင့်ရမယ့်အခွင့်အရေး"တွေအထိ ရရှိနိုင်တာကြောင့် ဒီပွဲကြီးကို လက်မလွတ်ဘဲ လာရောက်ကံစမ်းပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက-

ခင်ပိုးနုလွင် Mobile: +959 795382466 ,Email: [email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။