ဝန်ကြီးများရုံးမှာကျင်းပမယ့် Signature Night Market

ဝန်ကြီးများရုံးမှာကျင်းပမယ့်  Signature Night Market

From February 03, 2019 09:00 until February 12, 2019 10:00

At ၀န်ကြီးများရုံး

Posted by Khine Khine Wai

Categories: Events & Exhibitions

Hits: 171


 

ရန်ကုန်တိုင်းဒေသကြီး၏ ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သည့် ဝန်ကြီးများရုံးတွင် အမေရိကန်နှင့် မြန်မာအပြိုင် ညဈေးတန်းပွဲတော်ကို ၂၀၁၉ ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်အတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။


ရှေးဟောင်း အဆောက်အအုံဖြစ်သည့်ဝန်ကြီးများရုံး၏ညအလှကို သေသေချာချာအလှဆင်ထား သည့် မီးရောင်များနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် စီစဉ်ပေးထားပြီး

မြန်မာ့အစားအစာနှင့်ယဉ်ကျေးမှုအဖြစ် တိုင်းရင်းသားမြန်မာစားသောက်ဆိုင်၊ ဝိုင်းဝိုင်းလည် မြိတ်ရိုးရာအစားအစာ၊ OBO စည်သွတ်မုန့်ဟင်းခါး၊ လမ်း ၂၀ ကဏန်းကော်ကြော်၊ ရှမ်းပြည်နယ်တောင် ကြီးမြို့မှလွိုင်ခမ်း Organic Farm က အသီးအနှံအစုံ၊ Made in Myanmar SWTS Silks & Souvenirs ၊ Cozy Resturant က ဆိတ်ဗယာကြော်၊ ဖက် ထုပ်၊ ကဏန်းကွက်ကြော်၊ ပုစွန်ကွက်ကြော် သုပ်၊ ကချင်ရိုးရာအစားအစာ၊ ရှမ်းရိုးရာအ စားအစာ၊ ရခိုင်ရိုးရာအစားအစာများ စုံလင်စွာပါရှိမည်ဖြစ်ကာ၊

အမေရိကန် အစားအစာနှင့် ယဉ်ကျေးမှုအရ အမေရိကန် Brand များဖြစ်သည့် Hard Rock Cafe, Krispy Kreme, Eldorado, Napa Valley ကထွက်ရှိသည့် Califor-nia Wine, Washington Apple, American Potato & Cheese, Burger အရမ်းကောင်းသောAJ’s Bar, Novotel Hotel, Park Royal Hotel, Cellar Door Pezzo Pizza အစရှိသည့် US Branded ဆိုင် ၂၀ ပါရှိမည်ဟုလည်းသိရပါသည်။

ဖျော်ဖြေရေးအစီအစဉ်များအနေနဲ့ မြန်မာ့ရိုးရာ ဆီမီးခွက်အက၊ ရုပ်သေး၊ တိုင်းရင်းသားအကများနှင့် ဖျော်ဖြေတင် ဆက်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံမှ အနုပညာရှင်များကလည်း Hard Rock Band နှင့်အတူ သီဆိုဖျော်ဖြေကာ
ဖေဖော်ဝါရီ ၁၁ ရက်တွင် တေးသံရှင် Mary က Jazz ဂီတ၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် နာမည်ကျော်အဆိုတော် R ဇာနည် တို့ကဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

ပွဲချိန် ညနေ ၄ နာရီမှ ည ၁၀ နာရီထိ ကျင်းပသွားမည်ဖြစ်ပြီး လူဦးရေ အကန့်အသတ်ဖြစ်စေရန်အတွက် ဝင်ခွင့် လက်မှတ်များစီစဉ်ထားကာ လက်မှတ်ခ မှာ မြန်မာနိင်ငံသားဆိုလျှင် ၅,၀၀၀ ကျပ်နှင့် နိုင်ငံခြားသားဆိုလျှင် 
အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာကျသင့်မည်ဖြစ်သည်။

အဆိုပါပွဲကို Signature Night Market, Secretariat Yangon နှင့် အမေရိကန် နိုင်ငံရပ်ခြား စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း မြှင့်တင်ရာရောက်စေမည်ဖြစ်ကြောင်း ပွဲကျင်းပရေးတာဝန်ခံဦးမြင့်လွင်ကပြောပါတယ်။

Source :ပြည်မြန်မာ ကောင်းမြတ်ရာ