အလုပ်ရှင်နဲ့ ဝန်ထမ်း အတူလက်တွဲပြီး အောင်မြင်မှု ဘယ်လိုရယူနိုင်မလဲ

အလုပ်ရှင်နဲ့ ဝန်ထမ်း အတူလက်တွဲပြီး အောင်မြင်မှု ဘယ်လိုရယူနိုင်မလဲ

From August 08, 2019 11:33 until August 17, 2019 16:00

At CBC Ballroom, Sayar San Plaza (တက္ကသိုလ်ရိပ်သာလမ်းသစ် နှင့် ဆရာစံ လမ်းထောင့်)၊ ရန်ကုန်မြို့ ။

Posted by Khine Khine Wai

Categories: Events & Exhibitions

Tags: events in yangon , Events , Events & Exhibitions , Jobs , Emloyers , Employee Engagement , CBC Ballroom

Hits: 342


စီမံခန့်ခွဲသူတွေနဲ့ ၀န်ထမ်းတွေကြား နားလည်မှုရှိရှိ အတူတကွလက်တွဲဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ " Employee Engagement " ပွဲကို သြဂုတ်လ ၁၇ ရက်နေ့၊ CBC Ballroom မှာ နေ့လည် ၁ နာရီခွဲကနေ ညနေ ၄ နာရီ အထိ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခု၊ ကုမ္ပဏီတစ်ခု အောင်မြင်ဖို့က ဒီလုပ်ငန်း၊ ဒီကုမ္ပဏီကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ အရေးကြီးသလို ၀န်ထမ်းတွေရဲ့ အခန်းကဏ္ဍကလည်း အဓိကကျလှပါတယ်။ ပြောရရင် လုပ်ငန်းရဲ့ပန်းတိုင်ကို ရောက်နိုင်ဖို့၊ အောင်မြင်မှုတွေ ရဖို့ဆိုတာ ထိပ်ပိုင်းစီမံခန့်ခွဲသူတွေနဲ့ ၀န်ထမ်းတွေကြား နားလည်မှုရှိရှိ အတူတကွလက်တွဲဆောင်ရွက်နိုင်ဖို့လိုပါတယ်။

>>> သြဂုတ် ၁၀ နှင့် ၁၁ ရက်နေ့ သိမ်ဖြူကွင်းတွင် ပြုလုပ်ကျင်းပမည့် မော်တော်ကား လေလံပွဲ

ကုမ္ပဏီနဲ့ ၀န်ထမ်းတွေကြားမှာ ၀န်ထမ်းတွေအနေနဲ့ လုပ်ငန်းအတွက် အစွမ်းရှိသလောက် ဆောင်ရွက်ရမှာဖြစ်သလို လုပ်ငန်းအဖွဲ့အစည်းဘက်ကလည်း ၀န်ထမ်းတွေကို အလုပ်ပိုလုပ်ချင်အောင်၊ ကြိုးစားချင်လာအောင် အားပေးပံ့ပိုးပေးဖို့ လိုပါတယ်။

ဒါမှ လုပ်ငန်းဟာ ပျော်ရွှင်စွာလုပ်ကိုင်ကြတဲ့ ၀န်ထမ်းတွေနဲ့အတူ အောင်မြင်မှုတွေ ရရှိမှာဖြစ်ပြီး Win-Win Situation ရှိလာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ၀န်ထမ်းတွေရဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာ၊ လိုအပ်ချက်ကို လုပ်ငန်းအဖွဲ့အစည်းက ဘယ်လိုသိအောင် လုပ်ပြီး ဘယ်လိုမျိုး ဖြေရှင်းလဲ၊ ၀န်ထမ်းတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းကြား ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဘယ်လိုတည်ဆောက်မလဲ၊ အတူတကွအောင်မြင်မှုတွေ ဘယ်လိုရယူမလဲ စတာတွေနဲ့ ပတ်သက်ပြီး သိရှိစေဖို့ “Employee Engagement” ပွဲဟာ တက်ရောက် လေ့လာသင့်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

စိတ်ပါဝင်စားသူ ဘယ်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။

>>> MMRD မှခေါ်နေသော အလုပ်အကိုင်များ

စာရင်းပေးသွင်းရာမှာ SMS Register (တက်ရောက်မည့်ပွဲနာမည်၊ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီနာမည်နဲ့ Email လိပ်စာတွေကို ၀၉-၇၈၅၆၀၆၀၆၀၊ ၀၉-၉၆၈၅၅၇၅၆၀ သို့ SMS ပေးပို့ပြီး ဖြစ်ဖြစ် ပေးသွင်းနိုင်ပါတယ်။

အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၈၅၆၀၆၀၆၀၊ ၀၉-၉၆၈၅၅၇၅၆၀ ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

" Employee Engagement "

နေ့ရက် ။ ။ သြဂုတ်လ ၁၇ ရက် ၊ ၂၀၁၉ (စနေနေ့)

အချိန် ။ ။ နေ့လည် ၁း၃၀ နာရီ မှ ၄း၀၀ နာရီ အထိ

နေရာ ။ ။ CBC Ballroom, Sayar San Plaza (တက္ကသိုလ်ရိပ်သာလမ်းသစ် နှင့် ဆရာစံ လမ်းထောင့်)၊ ရန်ကုန်မြို့ ။