၁၀ တန်းအောင်ပြီးသူများအတွက် အနာဂတ် အလားအလာ

၁၀ တန်းအောင်ပြီးသူများအတွက် အနာဂတ် အလားအလာ

From August 07, 2019 07:57 until August 10, 2019 16:00

At No.(110-112), Bo Aung Kyaw Road, BoTaHtaung Tsp, Yangon (Inspiro Institute)

Posted by Khine Khine Wai

Categories: Events & Exhibitions

Tags: Education , Education Exhibitions , Educational Events in Yangon , Students , Inspiro Institute

Hits: 235


တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ လူငယ်များအတွက် အနာဂတ် စကားဝိုင်းကို သြဂုတ်လ ၁၀ ရက်နေ့၊ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ Inspiro Institute မှာ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ စကားဝိုင်းကို မတက်ရောက်ခဲ့ရသူများအတွက် ထပ်မံစီစဉ်ပေးထားတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

ဒီပွဲကတော့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ လူငယ်တွေအတွက် ပညာရေးဆွေးနွေးပွဲတွေလို တဖက်သတ်ဆွေးနွေးခြင်းမျိုးမဟုတ်ပဲ၊ မိဘတွေရဲ့ဖြစ်စေချင်တဲ့ ဆန္ဒတွေ လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ၊ ရွေးချယ်စရာပညာရေးလမ်းကြောင်းတွေကို စကားဝိုင်းအနေနဲ့ အဖွဲ့လိုက် ဆွေးနွေးတိုင်ပင်ကြမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။

>>> တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးသူများ တက်ရောက်နိုင်မည့် မြန်မာ-စင်ကာပူသင်တန်းကျောင်း

အနာဂတ်အတွက် ပညာရေးလမ်းကြောင်းတွေကို အကောင်အထည်ဖော်ရင်း လူငယ်တွေဖြစ်ချင်တဲ့ အနာဂတ်နဲ့ မိဘတွေရဲ့ဖြစ်စေချင်တဲ့ အနာဂတ်နဲ့ ဘယ်လိုညှိနှိုင်းမလဲ၊ဘယ်လိုရွေးချယ်စရာတွေရှိလဲ၊ ကိုယ်ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ဘယ်လိုလမ်းကြောင်းမျိုးကို ရွေးချယ်နိုင်မလဲ စတဲ့ အဓိကအချက်တွေကို ချက်ချင်း အဖြေမရသွားရင်တောင် စဉ်းစားစရာအခြေခံအချက်တွေကို ဒီပွဲမှာ ရရှိစေမှာ ဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

ဆွေးနွေးပေးမယ့် သူများကတော့ ဦးဝင်းသူ FCMI (CMI-UK), FMVA(CFI-Canada) MBA, (HWU-UK) PG Dip BM, Adv Dip MA, CDIF(CIMA) နဲ့ ဦးစည်သူအောင် MBA (University of Portsmouth, UK) B. A English ပဲ ဖြစ်ပါတယ်။

>>> Day နှင့် အဝေးသင်ကျောင်း စတင်တက်ရောက်ရမည့် ရက်များ

ဒီပွဲကို မိဘများနဲ့ သားသမီးများ အတူတကွပဲ ဖြစ်ဖြစ်၊ သပ်သပ်စီပဲ ဖြစ်ဖြစ် တက်ရောက်နိုင်ပါတယ်။

ဒါ့အပြင် အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းဖို့လည်း လိုတာမို့ ၀၉-၂၅၇၇၇၆၆၆၇ ကို ဖုန်းဆက်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

ကြိုတင်စာရင်းပေးပြီးသူများအနေဖြင့်လည်း ပွဲနေ့မှာ မိနစ် ၃၀ ထက်နောက်မကျဘဲ လာရောက်ရမှာ ဖြစ်ပါတယ်။

" အနာဂတ်အတွက် စကားဝိုင်း "

နေ့ရက်    ။ ။  ၂၀၁၉ခုနှစ် ၊ သြဂုတ်လ (၁၀) ရက်
နေရာ      ။ ။  No.(110-112), Bo Aung Kyaw Road, BoTaHtaung Tsp, Yangon (Inspiro Institute)
အချိန်      ။ ။  နေ့လည် (၂)နာရီ - ညနေ (၄)နာရီထိ