မိမိလုပ်ချင်တဲ့ အလုပ် (သို့) Career နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရရှိစေမယ့်ပွဲ

မိမိလုပ်ချင်တဲ့ အလုပ် (သို့) Career နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရရှိစေမယ့်ပွဲ

From July 24, 2019 10:27 until August 10, 2019 16:00

At UMFCCI’s Main Hall (Level-2)၊ အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Posted by Khine Khine Wai

Categories: Events & Exhibitions

Tags: events in yangon , Events , Education , Events & Exhibitions , UMFCCI

Hits: 176


ပိုက်ဆံရှာမလား? မိမိဝါသနာပါရာနဲ့ ပရော်ဖက်ရှင်နယ်ဘဝတစ်ခုကို တည်ထောင်မလား?
ဒီမေးခွန်းကမေးရတာလွယ်သလောက် ဖြေရခက်တဲ့မေးခွန်းတစ်ခုပါပဲ။
ဒီလိုမေးခွန်းဖြေဖို့ အတွေ့အကြုံမျှဝေမှုတွေ…

လူငယ်တွေအတွက် အရေးကြီးတဲ့ ၁၀ တန်းအောင်ပြီးရင် ဘာဆက်လုပ်မလဲ၊ ဘာဆက်လုပ်သင့်လဲ?
မိဘနဲ့ မိမိတို့ကြားမှာ အမြင်မတူတာတွေရှိနေပြီလား?
ဒါကိုဖြေရှင်းမှုအတွက် အထောက်အပံ့ဖြစ်စေမှုတွေ…

လက်ရှိလူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို
လေ့လာဖို့ဆန္ဒပြင်းပြနေပြီလား?

ဒီအတွက်လမ်းညွှန်မှုတွေနဲ့ ဘဝအတွေ့အကြုံမျှဝေမှုတွေ အားလုံးကို “Confidence in Education to Get a Job and Career” Seminar & Education Fair မှာလာရောက်လေ့လာလို့ရမှာ ဖြစ်ပါတယ်။

MMRD ကုမ္ပဏီရဲ့ တည်ထောင်သူ၊ ဆရာဦးမိုးကျော်(Chairman) ရဲ့ Job and entrepreneur အတွေ့အကြုံတွေနဲ့ Myanmar Resources Network Ltd. ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးသူရိန်ငြိမ်းတို့ရဲ့ career အတွ့အကြုံတွေကိုပါ မျှဝေပေးသွားမှာဖြစ်သလို ပညာရေးရဲ့ အခြားအခြားသောနယ်ပယ်က ဝါရင့်ပညာရှင်တွေရဲ့ မျှဝေမှုတွေပါဝင်မယ့် “Confidence in Education to Get a Job and Career” Seminar & Education Fair က သင်တို့ရဲ့ လက်တစ်ကမ်းကိုရောက်ရှိလို့လာခဲ့ပါပြီ။

နေ့ရက်။ ။ သြဂုတ်လ (၁၀)ရက်၊ ၂၀၁၉။ (စနေနေ့) 
အချိန် ။ ။ နံနက် (၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အထိ။
နေရာ ။ ။ UMFCCI’s Main Hall (Level-2)၊ အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

မြန်မာ့ပညာရေးလမ်းညွှန်(EDGE) အကြောင်း အသေးစိတ်သိရှိလိုပါက https://www.edge.com.mm/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။