ဗီယက်နမ်နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း ( ၆၀ ) ခန့် လာရောက်ပြသတဲ့ ဗီယက်နမ် ကုန်စည်ပြပွဲ

ဗီယက်နမ်နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း ( ၆၀ ) ခန့် လာရောက်ပြသတဲ့ ဗီယက်နမ် ကုန်စည်ပြပွဲ

From July 18, 2019 06:54 until December 31, 2019 18:00

At တပ်မတော်ခန်းမ

Posted by Khine Khine Wai

Categories: Events & Exhibitions

Tags: myanmar , events in yangon , Events , Events & Exhibitions , Vietnam Trade Fair 2019 , Vietnam

Hits: 354


ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၁၉ ( မြန်မာ ) ကို ဇူလိုင်လ ၁၈ ရက်ကနေ ၂၁ ရက်နေ့ထိ၊ မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီခွဲထိ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဗီယက်နမ်သံရုံးတို့က ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

ဒီကုန်စည်ပြပွဲမှာ ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီပေါင်း ( ၆၀ ) ခန့်က ပြခန်း ( ၁၁၀ ) ကျော်ဖြင့် ပါဝင် ပြသသွားမှာ ဖြစ်ပြီး ၄င်းတို့ရဲ့ ယဉ်ကျေးမှုနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများ၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများ၊ အထွေထွေ ဝန်ဆောင်မှု လုပ်ငန်းများ စတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။

ဗီယက်နမ် ကုန်စည်ပြပွဲကို ယနေ့ မနက်က ရိုးရာအကများ တင်ဆက် ကပြခြင်းနှင့် မြန်မာနဲ့ ဗီယက်နမ် တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဖဲကြိုးဖြတ် ဖွင့်လှစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

" Vietnam Trade Fair 2019 In Myanmar"

နေ့ရက် ။ ။ ၂၀၁၉ခုနှစ် ၊ ဇူလိုင်လ (၁၈၊၁၉၊၂၀၊၂၁) ရက်
နေရာ   ။ ။ တပ်မတော်ခန်းမ
အချိန်   ။ ။ မနက် (၉)နာရီ - ညနေ (၅)နာရီခွဲထိ