Published in Property

  အရွယ်အစားပိုကျယ်လေလေ လုပ်ရကိုင်ရတာပိုအဆင်ပြေလေလေဆိုတာ အမြဲမမှန်ပါဘူး။ အထူးသဖြင့် မီးဖိုချောင်နဲ့ ပတ်သက်လာရင်ပေါ့။ တစ်ခါတလေ ကျဉ်းတဲ့မီးဖိုချောင်တွေက ကျယ်တဲ့မီးဖိုချောင်ထက် ပိုပြီးလုပ်ရကိုင်ရ အဆင်ပြေစေနိုင်ပါတယ်။ မီးဖိုချောင်ကျဉ်းသည်ဖြစ်စေ ကျယ်သည်ဖြစ်စေ လိုအပ်တာက အရွယ်အစားနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းပြင်ဆင်တတ်ဖို့နဲ့ ထိန်းသိမ်းရလွယ်ကူပြီး လုပ်ရကိုင်ရအဆင်ပြေသလို လှပတဲ့မီးဖိုချောင်လေးလည်းဖြစ်အောင် ထိန်းသိမ်းပြင်ဆင်တတ်ဖို့ပဲလိုတာပါ။ အရွယ်အစားငယ်တဲ့ မီးဖိုချောင်လေးတွေကို အသုံးပြုရာမှာ အများဆုံးကြုံရတဲ့ပြဿနာ ၃ ခုကတော့ ပစ္စည်းတွေပြွတ်သိပ်ပြီး ထားစရာနေရာမရှိတာ၊ ကောင်တာစားပွဲအတွက် နေရာလွတ်မရှိတာနဲ့ မီးဖိုချောင်မှာအလင်းရောင်ကောင်းကောင်းမရတာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေကို အတတ်နိုင်ဆုံးလျှော့ချစေနိုင်မယ့် မီးဖိုချောင်အပြင်အဆင်အတွက် စိတ်ကူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြွတ်သိပ်နေတဲ့ ပစ္စည်းတွေကိုရှင်းပါ အရွယ်အစားငယ်တဲ့ မီးဖိုချောင်တစ်ခုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက ပစ္စည်းအချို့အတွက် နေရာလွတ်မရှိတာပါ။ ဒါပေမယ့် နေရာကျယ်ကျယ်ရှိတာကလည်း ဒီလိုပစ္စည်းထိန်းသိမ်းခြင်းအခက်အခဲအတွက် အမြဲအလုပ်မဖြစ်ပါဘူး။ ဒါကြောင့်…

Published in Property

အိမ် (သို့) တိုက်ခန်းရောင်းဖို့ အစီအစဉ်ရှိပါသလား။ ဒါဆိုရင်တော့ ရောင်းပန်းလှဖို့အတွက် အိမ်ကို လောလောလတ်လတ် ဆေးသုတ်ထားတာ ၊ ပန်းပင်လေးတွေ စိုက်ထားရုံနဲ့တော့ မလုံလောက်သေးပါဘူး။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လုပ်သွားရင် သင့်အိမ်ကို ဈေးကွက်ထဲမှာ ရောင်းပန်းလှစေမှာပါ။ အခန်းတွေ နေရာတကျစီစဉ်ပါပထမဆုံးလုပ်ရမယ့်အချက်ကတော့ သင့်အိမ်ခန်းတွေကို နေရာတကျသတ်မှတ်ဖို့ပါပဲ။ အိပ်ခန်း၊ မီးဖိုချောင်၊ စာဖတ်ခန်း စတဲ့ အခန်းအသီးသီးနဲ့ မအပ်စပ် မသက်ဆိုင်တဲ့ ပစ္စည်းတွေကို ဖယ်ရှားပြီး ဘယ်အခန်းက ဘာအတွက်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသတ်မှတ်ပါ။ အမြင်ကန့်လန့်ခံနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းပါသရုပ်ဆောင်တွေအနေနဲ့ စနစ်တကျသရုပ်ဆောင်နိုင်ဖို့ သွားလမ်းတွေရှင်းလင်းနေဖို့ လိုသလိုပဲ အိမ်ဝယ်မယ့်သူတွေအတွက်လည်း ဒီလိုရှင်းလင်းနေဖို့ လိုအပ်ပါတယ်။ အိမ်တံခါးဝကနေ ပြတင်းပေါက်သွားရာလမ်းတလျှောက် (သို့) စင်္ကြန်ကနေ ဧည့်ခန်းဆိုဖာအထိ ရှင်းလင်းနေစေပါ။ အရောင်ကို…

Published in Property

နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ အိမ်မှုကိစ္စတွေရဲ့အဝေးမှာ အေးအေးလူလူ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တွေဖတ်ဖို့ဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့အနုပညာလက်ရာတွေ ပုံသွင်း ဖန်တီးဖို့ဖြစ်ဖြစ် ရိုးရိုးလေးအနားယူဖို့အတွက်ဖြစ်စေ ကိုယ်ပိုင်သီးသန့်အခန်းလေးထားဖို့ဆိုတဲ့ စိတ်ကူးလေးက  နှစ်သက်စရာကောင်းတဲ့စိတ်ကူးလေးပါ။  တကယ်လို့များ သင့် အိမ်က ဒီလိုသီးသန့်ခန်းထားဖို့ အဆင်မပြေနိုင်ရင်တောင် အိမ်ရဲ့ထောင့်တစ်နေရာရာကို သီးသန့်ဆန်တဲ့ ဒီဇိုင်းလေးထွင်ပြီး လုပ်လို့ရပါသေးတယ်။ စာဖတ်ခန်းကနေ အိမ်ရဲ့ အတွင်းအပြင်နေရာတွေကို သီးသန့်နေရာအတွက် ပြင်ဆင်နိုင်ဖို့ အောက်မှာ ဖော်ပြထားတဲ့ စိတ်ကူးလေးတွေက အထောက်အကူပြုနိုင်မှာပါ။ လက်ဖက်ရည် ဥယျာဉ်လေးတစ်ခု လက်ဖက်ရည်သုံးဆောင်ဖို့ဆိုရင် လတ်ဆတ် သန့်ရှင်းတဲ့လေနဲ့ ဝန်းကျင်အပြောင်းအလဲလေးမှာ အေးအေးလူလူသောက်နိုင်ဖို့ အိမ်အပြင်ထွက်သောက် တာက ပိုနှစ်သက်စရာကောင်းပါတယ်။ လက်ဖက် ရည်ဥယျာဉ်ငယ်လေးတစ်ခုအတွက် ထိုင်လို့ရမယ့်နေရာ နဲ့ လက်ဖက်ရည်ခွက်ထားမယ့် နေရာလိုပါတယ်။ နောက်ပြီး စိမ်းညို့သန်စွမ်းတဲ့ပန်းပင်တစ်ပင်ကို…

Published in Property

ကိုယ်ကြိုက်တဲ့စာအုပ်တွေ ကိုယ့်အခန်းထဲမှာ သူ့နေရာနဲ့သူ အစီအရီရှိနေမယ်၊ တိတ်ဆိတ်ငြိမ်သက်ပြီး စာဖတ်လို့ကောင်းတဲ့၊ ကမ္ဘာလောကကြီးနဲ့ ခေတ္တလောက်အဆက်အသွယ်ဖြတ်မယ်လို့ စိတ်ကူးထားပါသလား။ တစ်ကယ်တော့ အိမ်တွင်း စာကြည့်တိုက်တွေဆိုတာ မိမိအိမ်မှာရှိတဲ့ အခန်းပိုတစ်ခုမှာ ထားရှိလေ့ရှိတာပါ။  အိမ်တွင်း စာကြည့်တိုက်လုပ်ဖို့ သင့်မှာ အိမ်ကြီးရခိုင် ရှိစရာမလိုပါဘူး။ အခုဖော်ပြမယ့် အချက် ၁၀ ချက်ကို ဖတ်ရှုလိုက်ပြီး ကိုယ့်ကိုယ်ပိုင် စာကြည့်တိုက် ကမ္ဘာငယ်လေးတစ်ခု ဖန်တီးလိုက်ကြရအောင်။ စာကြည့်တိုက်ကို ဘယ်မှာ ထားမလဲပထမဆုံးပြုလုပ်ရမှာက စာကြည့်တိုက်ကို ဘယ်မှာထားမလဲ ဆိုတာပါပဲ။ ကိုယ့်အိမ်ခန်းရဲ့ အခန်းအနေအထားပေါ် မူတည်ပြီး နေရာအကျဉ်း၊ အကျယ်ကို စဉ်းစားနိုင်ပါတယ်။ အဓိကပါဝင်ရမယ့်အချက်ကတော့ ပြတင်းပေါက် ရှိရမှာဖြစ်ပြီး လဲလျောင်းနိုင်မယ့်၊ သက်သောင့်သက်သာဖြစ်မယ့် နေရာအကျယ်လည်း ရှိရပါမယ်။ စာအုပ်ဘယ်နှစ်အုပ်ရှိလဲဆိုတာ စဉ်းစားပါ…

Published in Property

[email protected] ကနေ ပေးထားတဲ့ အိပ်ခန်း စိတ်ကူးပုံစံလေးတွေထဲကနေ သုံးခု ရွေးထုတ်ပေးထားပါတယ်။ မိုးအေးအေးနဲ့ ကွေးချင်စရာလည်းဖြစ်၊ နွေးနွေးထွေးထွေးဆိုလည်း ဟုတ်၊ အလင်းရောင်လည်း ရတဲ့ အိပ်ရာပုံစံလေးတွေပါ။  မိုးကာလဆိုရင်တော့ အခန်းတွင်းက လင်းလင်းချင်းချင်း ပုံစံထွက်နေတာက  အကောင်းဆုံးပဲပေါ့။ အရောင်အားဖြင့်၊ နောက်ရှင်းသန့်မှုအားဖြင့်  အခန်းရဲ့ အလင်းကို ချိန်ညှိပေးထားပြီး အိပ်ရာခင်း အရောင်တွေကတော့ သူ့ရဲ့ နွေးထွေးမှုကို ထင်ဟပ်စေမှာပါ။  အခန်းနံရံတွေက ပန်းချီကားချပ်ပဲဖြစ်ဖြစ် ကိုယ်နှစ်လိုတဲ့ မိသားစု သူငယ်ချင်းတွေရဲ့ ပျော်စရာအမှတ်တရ ပုံရိပ်တွေက အခန်းပိုင်ရှင်အတွက် သူနေလိုတဲ့ အချိန်ကာလ အနေအထားထဲ ဆွဲခေါ်ယူသွားနိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ အေးအေးငြိမ့်ငြိမ့် ကော်ဖီလေးတစ်ခွက်နဲ့  စာအုပ်လေး တစ်အုပ်နဲ့ အိပ်ရာထဲ နစ်ဝင်ရင်း တစ်ကိုယ်တော် အချိန်ဖြုန်းမယ်ဆိုလည်း…

Published in Property

ရေချိုးခန်းနံရံမှာ အမည်းစက်တွေထင်လို့ မသပ်မရပ်ဖြစ်နေတာကို စိတ်တိုင်းမကျဖြစ်နေတဲ့ အိမ်ရှင်မတွေအတွက် ဒီအမည်းစက်တွေကို အမြန်ဖယ်ရှားပေးနိုင်တဲ့ ထိခိုက်မှုနည်းပြီး ငွေကုန်နည်းတဲ့ သဘာဝ သန့်စင်ဆေးရည်လေး လုပ်ကြည့်ကြမလား။ပါဝင်တဲ့ အရာတွေပန်းကန်ဆေးဆပ်ပြာရည် တစ်ခွက်စာအပူပေးထားတဲ့ ရှာလကာရည် တစ်ခွက်စာဖျန်းဆေးဘူးတစ်ဘူးရေမြုပ်တစ်ခုပြုလုပ်နည်း၁။ အရင်ဆုံး ရှာလကာရည်ကို အနည်းငယ်အပူပေးကာ ပန်းကန်ဆေး ဆပ်ပြာရည်နဲ့အတူ ဖျန်းဆေးဘူး အတွင်းထည့်ကာ အနည်းငယ် လှုပ်ခါပေးပါ။၂။ ပြီးရင် အမည်းစက်တွေ ထင်နေတဲ့ ရေချိုးခန်းနံရံမှာ ဖျန်းကာ မိနစ် ၃၀ ခန့်ထားထားပါ။၃။ မိနစ် ၃၀ ပြည့်တဲ့အခါ ရေမြုပ်နဲ့ အသာသုတ်ဖယ်ကာ ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါပဲ။အရင်ကထက် ပိုပြောင်လက်လာတဲ့ ရေချိုးခန်းလေးက သင့်စိတ်ကို လန်းဆန်း တက်ကြွလာစေမှာပါနော်။AzureRead More About Real Estate Here