Friday, 04 August 2017 11:32

orange
လိမ္မော်သီးကို အိမ်မှာ အချိုတည်းတဲ့အခါ အခွံကို နှစ်ခြမ်းညီညာအောင် အလယ်က ဓားရာပေးခွာလိုက်ပါ။ ရလာတဲ့ အခွံ နှစ်ခြမ်းက သင့်အခန်းတွင်းမှာ သဘာဝ Air Fersher အဖြစ် Romantic ဆန်ဆန် အသုံးချလို့ရပါတယ်။ နည်းကတော့ လိမ္မော်ခွံထဲကို ဆီထည့်ပြီး ဖယောင်းတိုင်က ချည်စလေး ထည့်ကာ မီးထွန်းထားလိုက်ပါ။ လိမ္မော်ဆီနံ့လေး သင်းတဲ့အတွက် သင့်စိတ်တွေ လန်းဆန်း လာမယ်နော်။
apple
ပန်းသီးကို အစိတ်လေးတွေ စိတ်စားတဲ့အခါ နွှာထားတဲ့ အခွံနဲ့ အလယ်အူတိုင်ကို လွှင့်မပစ်လိုက်နဲ့နော်။ အိုးတစ်လုံးထဲကို ရေတစ်ခွက်နဲ့ ပန်းသီးအခွံ၊ အူတိုင်တွေ ရောထည့်ပြီး အနီရောင်ပြောင်းလာတဲ့အထိ ပြုတ်ပါ။ အရောင်ပြောင်းလာတဲ့အခါ အဖတ်တွေကို ဆယ်ယူပြီး သကြား ပန်းကန်လုံး တစ်လုံးစာထည့်ကာ ပျစ်လာတဲ့အထိ မွှေနော်။ ပျစ်လာပြီဆိုရင်တော့ အအေးခံကာ ဖန်ပုလင်းသန့်သန့်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။ နောက်တစ်နေ့ မနက်စာအတွက် ပေါင်မုန့်လေးနဲ့ တွဲစားဖို့ အိမ်တွင်းလုပ် ပန်းသီးယိုလေး အသင့်ရပြီလေ။

potato
အာလူးဟင်းချက်ရင် အာလူးကို ရေစင်အောင် ဆေးပြီး နွှာထားတဲ့ အခွံတွေကို လွှင့်ပစ်စရာ မလိုဘူးနော်။ အခွံတွေကို ဆီအနည်းငယ်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နဲ့ ရောနယ်ပြီး အပူခံ မုန့်ဖုတ်ဗန်းလေးထဲ ထည့်ကာ မုန့်ဖုတ်စက်ထဲမှာ အပူချိန် ၃၅၀°C နဲ့ မိနစ်အနည်းငယ် ကင်လိုက်ပါ။ မွှေးဆိမ့်ကြွပ်ရွတဲ့ Baked Snack အဖြစ် Chili Sauce လေးနဲ့ တွဲစားရင် ရှယ်ပဲနော်။   

Azure
Read More About Property Articles Here


Read 319 times Last modified on Friday, 04 August 2017 11:37
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.