Wednesday, 05 July 2017 07:38

delight
ဒီခေတ်ထဲမှာ စားသောက်ဆိုင်တွေ၊ Hotel တွေ၊ Fashion ဆိုင်တွေရဲ့ အတွင်းပိုင်းပြင်ဆင်မှုဟာလည်း အရေးပါလာပါတယ်။ ဆိုင်တွေမှာ မတူညီတဲ့ Decoration တွေနဲ့ Customer အကြိုက်ကို ဆွဲဆောင်ရသလို အိမ်တွေမှာဆိုရင်လည်း နေချင်စဖွယ်ဖြစ်အောင်၊ လှပအောင် ပြင်ဆင်လာကြပါတယ်။ အဲဒီလို ပြင်ဆင်လာကြတဲ့အတွက် Interior Decoration ပိုင်းကို လုပ်တဲ့ လုပ်ငန်းတွေဟာလည်း အရေးပါလာပါတယ်။ ဒါကြောင့် Interior Decoration လုပ်ငန်းအချို့ကို စုစည်း ဖော်ပြလိုက်ပါတယ်။

Delight Amatat Furniture & Interior Decoration
Delight  Amatat Furniture & Interior Decoration ကတော့ service ပိုင်းမှာ Interior design, Interior decoration, Customer made Sofa & Furniture နဲ့ Soundproofing wall ဆိုပြီး service လေးမျိုးကို အဓိက လုပ်ဆောင်ပါတယ်။ ဒီလိုမျိုး ပြင်ဆင်ကြတဲ့အခါမှာ ဒီဇိုင်းတွေ ဖန်တီးပြုလုပ်ရပုံကို Delight Amatat Furniture ရ Interior Decoration ရဲ့ ဒါရိုက်တာ မလင်းလဲ့လဲ့လှိုင်က " အိမ်ကိုပဲဖြစ်ဖြစ်၊ ဆိုင်ကိုပဲဖြစ်ဖြစ် Decorate လုပ်တဲ့အခါ  အရင်ဆုံး Designer နဲ့ တိုင်ပင်ပြီး Design ပိုင်းကို စဉ်းစားပါတယ်။ Client သဘောကျတဲ့ ဒီဇိုင်းရပြီဆိုရင် တစ်ပုံစံတည်းတူအောင် လုပ်ပါတယ်။ စားသောက်ဆိုင်ဆိုရင်လည်း ဘာဆိုင်ဖွင့်မှာလဲ၊ ဘယ်လိုအမျိုးအစားလဲ၊ ဆိုင်ရဲ့ Logo နဲ့ ဘတ်ဂျက် ဘယ်လောက်သုံးနိုင်လဲ တို့အပေါ် မူတည်ပြီး လုပ်ပေးပါတယ် " လို့ ပြောပါတယ်။
Delight Amatat Furniture & Interior Decoration
အမှတ် ၄/၃ ၊ သံသုမာလမ်း ၊ သုဝဏ္ဏ ၊သင်္ဃန်းကျွန်းမြို့နယ် ။
ဖုန်း - ဝ၉၅၁၈၇၀၃၄
sliver dragon

Sliver Dragon Interior & Furniture Decoration
Sliver Dragon က Customer made Furniture တွေ ထုတ်တဲ့ စက်ရုံကို စတင်လုပ်ခဲ့ပြီး Interior Decoration ပိုင်းကိုလည်း သူတို့ရဲ့ Customer made Furniture တွေသာ အသုံးပြုပြီး ပြင်ဆင်ပေးပါတယ်။ Sliver Dragon က များသောအားဖြင့် အိမ်အတွင်းပိုင်းပြင်ဆင်မှုမှာ အစအဆုံး fully finished ကို ပြန်လည်ရောင်းချတာမျိုး ရှိပါတယ်။ ဒီဇိုင်းပိုင်းကိုလည်း သေချာဂရုစိုက်ပြီး ပြင်ဆင်တယ်လို့ သိရပါတယ်။ Sliver Dragon ရဲ့ CEO ကိုနိုင်လင်းက ဒီဇိုင်းနဲ့ Customer Made Furniture အကြောင်းကို " အိမ်တစ်အိမ်ရဲ့ အနေအထား၊ ပုံစံကို ကြည့်ပြီး အဲဒီအိမ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းကို သေချာပြင်ဆင်ပြီး ဆွဲပါတယ်။ အတွင်းပိုင်း ပြင်ဆင်မှုမှာလည်း ကျွန်တော်တို့ရဲ့ Customer Made Furniture တွေပဲ သုံးပါတယ်။ အဓိကက Quality ကို အလေးထားတာပါ။ ကျွန်တော်တို့ရဲ့ Customer Made Furniture တွေကို Kitchen ပိုင်းကအစ Furniture တွေကို တစ်နှစ်အာမခံပေးထားပါတယ် " လို့ ပြောပါတယ်။
Sliver Dragon Interior & Furniture Decoration Decoration
Building 2၊ အခန်း ၇၁၀၊ Star City၊ သန်လျင်။
ဖုန်း- ဝ၉ ၄၃၁၇၆၃၆၇
creative

Creative Fox Design & Build
Creative Fox Design & Build က customer စိတ်ကြိုက်ဒီဇိုင်းတွေကို ရေးဆွဲပေးပြီး ဒီဇိုင်းနဲ့ ထပ်တူကျတဲ့ တည်ဆောက်မှု ဖြစ်တဲ့အထိ ဝန်ဆောင်မှုပေးပါတယ်။ ပစ္စည်းတွေသုံးတဲ့အခါမှာလည်း quality product တွေ သေချာရွေးချယ် အသုံးပြုပြီး DIY design တွေနဲ့ ဝန်ဆောင်မှုပေးပါတယ်။ Creative Fox Design & Fox က ဒီဇိုင်းပိုင်းအကြောင်းကို Creative Fox Design & Build မှ Creative Director မမေစိုးယုက " ဒီဇိုင်းပိုင်းကို လာအပ်တဲ့အခါမှာ ပထမဆုံး Layout တွေ လုပ်ပေးပြီး Customer ကို Interior Quiz တွေ ဖြေခိုင်းတာမျိုး လုပ်ပါတယ်။ Customer စိတ်ကြိုက်ဒီဇိုင်းတွေရပြီဆိုရင် Material ရွေးတာကအစ Customer နဲ့ တိုင်ပင်ပြီး အကြံပေးတာမျိုး လုပ်ပါတယ်။ Customer ကိုလည်း project လုပ်နေတဲ့ အတောအတွင်းမှာ အမြဲသတိပေးပြီး ပြပါတယ်။ ဒီဇိုင်းပိုင်းကိုလည်း စားသောက်ဆိုင်တွေဆိုရင် ဆိုင်ရဲ့ အမျိုးအစားနဲ့ Menu ကိုကြည့်ပြီး စဉ်းစားပေးပါတယ် " လို့ ပြောပါတယ်။
Creative Fox Design & Build
အမှတ် ၁၄၁၊ မြေညီထပ်၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း ဝ၉ ၉၇၄ ၂၄၄၁၉၄
သီသီဟန်သောင်း
Read More About Real Estate Here


Read 336 times Last modified on Wednesday, 05 July 2017 08:29
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.