Wednesday, 21 June 2017 06:15

    dirty room
    ရေချိုးခန်းနံရံမှာ အမည်းစက်တွေထင်လို့ မသပ်မရပ်ဖြစ်နေတာကို စိတ်တိုင်းမကျဖြစ်နေတဲ့ အိမ်ရှင်မတွေအတွက် ဒီအမည်းစက်တွေကို အမြန်ဖယ်ရှားပေးနိုင်တဲ့ ထိခိုက်မှုနည်းပြီး ငွေကုန်နည်းတဲ့ သဘာဝ သန့်စင်ဆေးရည်လေး လုပ်ကြည့်ကြမလား။

    ပါဝင်တဲ့ အရာတွေ
    ပန်းကန်ဆေးဆပ်ပြာရည် တစ်ခွက်စာ
    အပူပေးထားတဲ့ ရှာလကာရည် တစ်ခွက်စာ
    ဖျန်းဆေးဘူးတစ်ဘူး
    ရေမြုပ်တစ်ခု
    ပြုလုပ်နည်း
    ၁။ အရင်ဆုံး ရှာလကာရည်ကို အနည်းငယ်အပူပေးကာ ပန်းကန်ဆေး ဆပ်ပြာရည်နဲ့အတူ ဖျန်းဆေးဘူး အတွင်းထည့်ကာ အနည်းငယ် လှုပ်ခါပေးပါ။
    ၂။ ပြီးရင် အမည်းစက်တွေ ထင်နေတဲ့ ရေချိုးခန်းနံရံမှာ ဖျန်းကာ မိနစ် ၃၀ ခန့်ထားထားပါ။
    ၃။ မိနစ် ၃၀ ပြည့်တဲ့အခါ ရေမြုပ်နဲ့ အသာသုတ်ဖယ်ကာ ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါပဲ။
    အရင်ကထက် ပိုပြောင်လက်လာတဲ့ ရေချိုးခန်းလေးက သင့်စိတ်ကို လန်းဆန်း တက်ကြွလာစေမှာပါနော်။
    Azure
    Read More About Real Estate Here


    Read 247 times Last modified on Wednesday, 21 June 2017 06:34
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.