Wednesday, 14 June 2017 09:58

    bed 3
    [email protected] ကနေ ပေးထားတဲ့ အိပ်ခန်း စိတ်ကူးပုံစံလေးတွေထဲကနေ သုံးခု ရွေးထုတ်ပေးထားပါတယ်။ မိုးအေးအေးနဲ့ ကွေးချင်စရာလည်းဖြစ်၊ နွေးနွေးထွေးထွေးဆိုလည်း ဟုတ်၊ အလင်းရောင်လည်း ရတဲ့ အိပ်ရာပုံစံလေးတွေပါ။  မိုးကာလဆိုရင်တော့ အခန်းတွင်းက လင်းလင်းချင်းချင်း ပုံစံထွက်နေတာက  အကောင်းဆုံးပဲပေါ့။
    bed 1
    အရောင်အားဖြင့်၊ နောက်ရှင်းသန့်မှုအားဖြင့်  အခန်းရဲ့ အလင်းကို ချိန်ညှိပေးထားပြီး အိပ်ရာခင်း အရောင်တွေကတော့ သူ့ရဲ့ နွေးထွေးမှုကို ထင်ဟပ်စေမှာပါ။  အခန်းနံရံတွေက ပန်းချီကားချပ်ပဲဖြစ်ဖြစ် ကိုယ်နှစ်လိုတဲ့ မိသားစု သူငယ်ချင်းတွေရဲ့ ပျော်စရာအမှတ်တရ ပုံရိပ်တွေက အခန်းပိုင်ရှင်အတွက် သူနေလိုတဲ့ အချိန်ကာလ အနေအထားထဲ ဆွဲခေါ်ယူသွားနိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ အေးအေးငြိမ့်ငြိမ့် ကော်ဖီလေးတစ်ခွက်နဲ့  စာအုပ်လေး တစ်အုပ်နဲ့ အိပ်ရာထဲ နစ်ဝင်ရင်း တစ်ကိုယ်တော် အချိန်ဖြုန်းမယ်ဆိုလည်း အခု ရွေးပေးထားတဲ့ စိတ်ကူးပုံစံလေးတွေက  အလုပ်ဖြစ်မှာပါ။ ကဲ.. လာမယ့် နှစ်ပတ်တာကာလအတွင်း ကိုယ့်အိပ်ရာလေးကို ဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ကြည့်ချင်လဲ။ စမ်းကြည့်ပါလား။
    bed 2
    နေလင်း
    Read More About Real Estate Here


    Read 272 times Last modified on Wednesday, 14 June 2017 10:12
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.