Rate this item
(0 votes)

လိမ္မော်သီးကို အိမ်မှာ အချိုတည်းတဲ့အခါ အခွံကို နှစ်ခြမ်းညီညာအောင် အလယ်က ဓားရာပေးခွာလိုက်ပါ။ ရလာတဲ့ အခွံ နှစ်ခြမ်းက သင့်အခန်းတွင်းမှာ သဘာဝ Air Fersher အဖြစ် Romantic ဆန်ဆန် အသုံးချလို့ရပါတယ်။ နည်းကတော့ လိမ္မော်ခွံထဲကို ဆီထည့်ပြီး ဖယောင်းတိုင်က ချည်စလေး ထည့်ကာ မီးထွန်းထားလိုက်ပါ။ လိမ္မော်ဆီနံ့လေး သင်းတဲ့အတွက် သင့်စိတ်တွေ လန်းဆန်း လာမယ်နော်။ပန်းသီးကို အစိတ်လေးတွေ စိတ်စားတဲ့အခါ နွှာထားတဲ့ အခွံနဲ့ အလယ်အူတိုင်ကို လွှင့်မပစ်လိုက်နဲ့နော်။ အိုးတစ်လုံးထဲကို ရေတစ်ခွက်နဲ့ ပန်းသီးအခွံ၊ အူတိုင်တွေ ရောထည့်ပြီး အနီရောင်ပြောင်းလာတဲ့အထိ ပြုတ်ပါ။ အရောင်ပြောင်းလာတဲ့အခါ အဖတ်တွေကို ဆယ်ယူပြီး သကြား ပန်းကန်လုံး တစ်လုံးစာထည့်ကာ ပျစ်လာတဲ့အထိ…

Rate this item
(0 votes)

အိမ်တစ်အိမ်မှာ အိပ်ခန်းတစ်ခန်းတော့ အနည်းဆုံးရှိမှာပါ။ အိပ်ခန်းဆိုတာ အိပ်ဖို့ သက်သက်သာ မဟုတ်ဘဲ အနားယူဖို့၊ ကိုယ်ဝါသနာပါရာလေးတွေကို လုပ်ဖို့အပြင် ကိုယ့်ရဲ့ ချစ်ခင်ရသူနဲ့ ပျော်စရာအချိန်တွေကို ဖန်တီးနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ အလုပ်ကနေ ပင်ပန်းလာတာပဲဖြစ်ဖြစ်၊ အပြင်ထွက်ပြီး ပြန်လာတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ့်အိပ်ခန်းလေးက လှလှပပ၊ သပ်သပ်ရပ်ရပ် ရှိနေရင် ပင်ပန်းမှုတွေ အနည်းငယ်တော့ ပြေပျောက်သွားနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုယ့်ရဲ့ အိပ်ခန်းလေးကို လှအောင် ပြင်ဆင်နိုင်ဖို့အတွက် Tips လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။Color ရွေးချယ်မှုအရောင် ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ အရောင်ဆေးခြယ်ခြင်းက ကိုယ့်အိပ်ခန်းကို ပြင်ဆင်တဲ့နေရာမှာ ဈေးမကြီးဘဲ အကောင်းဆုံး ပြင်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ အရောင်တွေက ကိုယ့်စိတ်ခံစားချက်တွေကို ပြောင်းလဲနိုင်တယ်ဆိုတာကို သတိပြုပါ။ လူတစ်ဦးတစ်ယောက်ဆီမှာ…

Rate this item
(0 votes)

ဒီခေတ်ထဲမှာ စားသောက်ဆိုင်တွေ၊ Hotel တွေ၊ Fashion ဆိုင်တွေရဲ့ အတွင်းပိုင်းပြင်ဆင်မှုဟာလည်း အရေးပါလာပါတယ်။ ဆိုင်တွေမှာ မတူညီတဲ့ Decoration တွေနဲ့ Customer အကြိုက်ကို ဆွဲဆောင်ရသလို အိမ်တွေမှာဆိုရင်လည်း နေချင်စဖွယ်ဖြစ်အောင်၊ လှပအောင် ပြင်ဆင်လာကြပါတယ်။ အဲဒီလို ပြင်ဆင်လာကြတဲ့အတွက် Interior Decoration ပိုင်းကို လုပ်တဲ့ လုပ်ငန်းတွေဟာလည်း အရေးပါလာပါတယ်။ ဒါကြောင့် Interior Decoration လုပ်ငန်းအချို့ကို စုစည်း ဖော်ပြလိုက်ပါတယ်။Delight Amatat Furniture & Interior DecorationDelight  Amatat Furniture & Interior Decoration ကတော့ service ပိုင်းမှာ Interior design, Interior decoration,…

Rate this item
(0 votes)

အိမ်ရှင်မတို့ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတို့ကို ကူညီပေးမယ့် အဖော်မွန်ရှိတာကို သိကြရဲ့လား။ အဲဒီအဖော်မွန်ကတော့ ရှာလကာရည်လို့ခေါ်တဲ့ Vinegar ပါပဲ။ ချက်ပြုတ်ရာမှာသုံးတဲ့ Vinegar က အိမ်ရှင်မတွေကို ဘယ်လိုအကျိုးပြုသလဲ ဆိုတာ ကြည့်ရအောင်…။ရှူးဖိနပ်တွေကို ပြောင်လက်စေတယ်။လည်သာရှူးဖိနပ်တွေ မွဲခြောက်ညစ်ပေနေလို့ စိတ်ညစ်မနေပါနဲ့။ ရေတစ်ဖန်ခွက်စာကို Vinegar ခွက် သုံးပုံတစ်ပုံနဲ့ ရောဖျော်ပြီး ရှူးဖိနပ်ပေါ်ဖျန်းကာ အဝတ်စနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ပြူတင်းမှန်အစင်းကြောင်းတွေကို  ပျောက်စေတယ်။ပြူတင်းမှန်မှာ အစင်းကြောင်းတွေ ပေါ်နေရင် ရေနဲ့ Vinegar ကို ဆတူရောပြီး သံပရာရည် တစ်စက်နှစ်စက် ထပ်ထည့်ကာ ပြူတင်းမှန်ကိုဖျန်းပြီး အဝတ်စနဲ့ ပွတ်တိုက်ပေးပါ။ အစင်းကြောင်းတွေ ကင်းစင်ကာ ကြည်လင်လာမှာပါ။ပေါင်းမြက်တွေကိုသေစေတယ်။စိုစွတ်တဲ့ မိုးရာသီမှာ အိမ်တွင်းအိမ်ပြင်က ပေါင်းမြက်ပင်တွေကြောင့် စိတ်ရှုပ်နေရတဲ့ အိမ်ရှင်မတွေအတွက် Vinegar…

Rate this item
(0 votes)

ရေချိုးခန်းနံရံမှာ အမည်းစက်တွေထင်လို့ မသပ်မရပ်ဖြစ်နေတာကို စိတ်တိုင်းမကျဖြစ်နေတဲ့ အိမ်ရှင်မတွေအတွက် ဒီအမည်းစက်တွေကို အမြန်ဖယ်ရှားပေးနိုင်တဲ့ ထိခိုက်မှုနည်းပြီး ငွေကုန်နည်းတဲ့ သဘာဝ သန့်စင်ဆေးရည်လေး လုပ်ကြည့်ကြမလား။ပါဝင်တဲ့ အရာတွေပန်းကန်ဆေးဆပ်ပြာရည် တစ်ခွက်စာအပူပေးထားတဲ့ ရှာလကာရည် တစ်ခွက်စာဖျန်းဆေးဘူးတစ်ဘူးရေမြုပ်တစ်ခုပြုလုပ်နည်း၁။ အရင်ဆုံး ရှာလကာရည်ကို အနည်းငယ်အပူပေးကာ ပန်းကန်ဆေး ဆပ်ပြာရည်နဲ့အတူ ဖျန်းဆေးဘူး အတွင်းထည့်ကာ အနည်းငယ် လှုပ်ခါပေးပါ။၂။ ပြီးရင် အမည်းစက်တွေ ထင်နေတဲ့ ရေချိုးခန်းနံရံမှာ ဖျန်းကာ မိနစ် ၃၀ ခန့်ထားထားပါ။၃။ မိနစ် ၃၀ ပြည့်တဲ့အခါ ရေမြုပ်နဲ့ အသာသုတ်ဖယ်ကာ ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါပဲ။အရင်ကထက် ပိုပြောင်လက်လာတဲ့ ရေချိုးခန်းလေးက သင့်စိတ်ကို လန်းဆန်း တက်ကြွလာစေမှာပါနော်။AzureRead More About Real Estate Here

Rate this item
(0 votes)

[email protected] ကနေ ပေးထားတဲ့ အိပ်ခန်း စိတ်ကူးပုံစံလေးတွေထဲကနေ သုံးခု ရွေးထုတ်ပေးထားပါတယ်။ မိုးအေးအေးနဲ့ ကွေးချင်စရာလည်းဖြစ်၊ နွေးနွေးထွေးထွေးဆိုလည်း ဟုတ်၊ အလင်းရောင်လည်း ရတဲ့ အိပ်ရာပုံစံလေးတွေပါ။  မိုးကာလဆိုရင်တော့ အခန်းတွင်းက လင်းလင်းချင်းချင်း ပုံစံထွက်နေတာက  အကောင်းဆုံးပဲပေါ့။ အရောင်အားဖြင့်၊ နောက်ရှင်းသန့်မှုအားဖြင့်  အခန်းရဲ့ အလင်းကို ချိန်ညှိပေးထားပြီး အိပ်ရာခင်း အရောင်တွေကတော့ သူ့ရဲ့ နွေးထွေးမှုကို ထင်ဟပ်စေမှာပါ။  အခန်းနံရံတွေက ပန်းချီကားချပ်ပဲဖြစ်ဖြစ် ကိုယ်နှစ်လိုတဲ့ မိသားစု သူငယ်ချင်းတွေရဲ့ ပျော်စရာအမှတ်တရ ပုံရိပ်တွေက အခန်းပိုင်ရှင်အတွက် သူနေလိုတဲ့ အချိန်ကာလ အနေအထားထဲ ဆွဲခေါ်ယူသွားနိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ အေးအေးငြိမ့်ငြိမ့် ကော်ဖီလေးတစ်ခွက်နဲ့  စာအုပ်လေး တစ်အုပ်နဲ့ အိပ်ရာထဲ နစ်ဝင်ရင်း တစ်ကိုယ်တော် အချိန်ဖြုန်းမယ်ဆိုလည်း…