Wednesday, 31 May 2017 10:30


md interview 2

GNC Myanmar ဆိုတာ အမေရိကန်နိုင်ငံထုတ် ဆေးဝါးတွေကို မြန်မာပြည်ဈေးကွက်မှာ ပထမဆုံး တင်သွင်းခဲ့တဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ GNC Myanmar ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာ ခင်ခင်စိုးနဲ့  တွေ့ဆုံမေးမြန်းထားပါတယ်။  

အရင်ဆုံးGNC Myanmar က တင်သွင်းနေတဲ့ ဆေးတွေအကြောင်း မိတ်ဆက်ပေးပါဦး။
အန်တီတို့ဆီမှာ တင်သွင်းတဲ့ ဆေးတွေကတော့ Nutrition Supplement လို့ ခေါ်တဲ့ ကျန်းမာရေးအတွက် အာဟာရ ဖြည့်စွက်စာဆိုပြီးတော့ GNC Brand ရဲ့ အောက်မှာရှိတဲ့ အမျိုးပေါင်း ၄၀ဝ၀ကျော် လောက် မှာ အန်တီတို့က Best Selling Product ၁၀ဝကျော် လောက်ကို တင်သွင်းပြီးတော့ ရောင်းချနေပါတယ်။ နောက်တစ်ခုက LAC ဆိုတဲ့ စင်္ကာပူက Brand တစ်ခု ကိုလည်း တင်သွင်း ရောင်းချနေပါတယ်။ အဓိက တင်သွင်းတာကတော့GNC USA Brand ပေါ့နော်။

GNC Myanmar ကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့တယ်ဆိုတာကို ပြောပြပေးပါဦး။
၂၀၁၁ ခုနှစ်မှာGNC Myanmar ဆိုတဲ့ Showroom လေးကို ဗဟန်းမှာ စတင် ဖွင့်လှစ်ခဲ့တယ်။ ၂၀၁၁ ကနေ တောက်လျှောက်ဖွင့်လာခဲ့တာ အခု ၂၀၁၇မှာ ဆိုရင် Showroom ၈ခုရှိခဲ့ပါပြီ။ အခုလာမယ့် ဇွန်လ လောက်မှာ ဂျန်းရှင်းမော်တင်မှာ နောက်ထပ်တစ်ခု ထပ်ဖွင့်ဖို့ ရှိပါတယ်။
အန်တီတို့ နိုင်ငံက US ရဲ့ စီးပွားရေး ဆန်ရှင် ဖြစ်ခံခဲ့ရတဲ့ နိုင်ငံဖြစ်တာပေါ့နော်။ အန်တီက ပစ္စည်း အကောင်းလေးတွေ သုံးရတာ ကြိုက်တယ်။ ပြီးတော့ ဆရာဝန်လည်းဖြစ်တယ်၊ ကာကွယ်ရေးလုပ်ငန်းတွေ မှာလည်း လုပ်ခဲ့ဖူးတော့ ရောဂါ မဖြစ်ခင်မှာ ကြိုတင် ကာကွယ်နိုင်တဲ့ Supplement တွေ ရှိတယ်ဆိုတာကို အန်တီက မြန်မာပြည်သူတွေကို သိစေချင်တယ်။ Knowledge လေးပေးချင်တာနဲ့ စလုပ်ဖြစ်သွားတာ။

ဒီ USA Brand တွေကို မြန်မာပြည် ဈေးကွက်မှာ စတင်ဖြန့်ချိတဲ့အခါ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။
အခက်အခဲက ဒီဘက်ခြမ်းမှာလည်း ရှိခဲ့တယ်။ ဟိုဘက်ခြမ်းမှာလည်း ရှိခဲ့တယ်။ ဒီဘက်ခြမ်းမှာဆို ရင် Registration စပြီပေါ့။ အဲ့ဒီတုန်းကဆိုရင်  Nutrition Supplement  ဆိုတဲ့အရာကို ဘယ်ကနေ Registration လုပ်ရမယ၊် ဘာတွေ လုပ်ရမယ်ဆိုတာ ဂိုက်လိုင်းမရှိခဲ့တော့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သူတို့ နားလည်အောင် ပြောဆိုပြီး Document တွေ အများကြီးတင်ပြပြီး အခက်အခဲတွေကြား ထဲကနေ လုပ်ခဲ့ရတာတွေရှိတယ်။ နောက် အန်တီတို့  နိုင်ငံက အရှေ့ တောင်အာရှက Product တွေပဲရှိခဲ့ တော့ USA က Brand ဆိုတာရယ်၊ ပထမဦးဆုံး Nutrition Supplement ဆိုတဲ့ အားဆေးမှာလည်း အန်တီ က ပထမဦးဆုံး တင်သွင်းတဲ့သူ ဖြစ်တဲ့အခါကျတော့ မြန်မာ ပြည်သူလူထုကို အဲဒီ Supplement ဆိုတဲ့ဟာ ကို မိတ်ဆက်ရတာရော၊ နောက်ဈေးနှုန်း အရည် အသွေးစတာတွေကို မိတ်ဆက်ရာမှာပါ အခက်အခဲ တွေ တွေ့ခဲ့ရပါတယ်။ ဒါကတော့ ဒီဘက် အခြမ်း ပေါ့နော်။
ဟိုဘက်ခြမ်းမှာ ကျတော့လည်း သူတို့ Brand တစ်ခုကို ယူတယ်ဆိုတာ ကတိတစ်ခုပဲ။ မင်းတို့ရဲ့ ပစ္စည်းကို ငါဘယ်လောက် ရောင်းပေးနိုင်မယ်ဆိုတဲ့ ကတိတွေရှိတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် အလုပ်လုပ်တယ်ဆိုတာ ကတိတွေရှိတာပေါ့။ အဲဒီကတိ တွေ တည်နိုင်ဖို့အတွက် အန်တီ အများကြီး ကြိုးစားခဲ့ရပါ တယ်။

၂၀၁၁ လောက်မှာ စခဲ့တယ်ဆိုရင် ဘယ်အချိန်ကာလ လောက်မှာ စပြီး ဈေးကွက်ကို ဖောက်နိုင်ခဲ့လဲ။
ဒီ Brand ရဲ့ အရည်အသွေးကြောင့် တစ်ကြောင်း၊ အရည်အသွေးရှိတဲ့ Brand တစ်ခုကို လူထုကလည်း တောင်းဆိုတဲ့ အချိန်ဖြစ်နေတဲ့အတွက်တစ်ကြောင်း၊ သိပ်အကြာကြီး မရုန်းကန်လိုက်ရဘူး။ တစ်နှစ်လောက် အတွင်းမှာကို လူတွေသိလာကြတယ်။

အခုဆိုရင် ပြည်တွင်းဆေးဈေးကွက်မှာလည်း အပြိုင် ဆိုင်တွေ များလာပြီ။ အဲဒီလို အပြိုင်အဆိုင်တွေ ကြား ထဲမှာ ကိုယ့်ရဲ့ Product ကို အောင်မြင်မှုရအောင် ဘယ်လို ယှဉ်ပြိုင်ခဲ့ရလဲ။
အခုလောလောဆယ် အခြေနေအထိကတော့ ကိုယ့် Brand ကိုသုံးဖူးတဲ့သူ တစ်ယောက်ကတော့ ဒီ Brand ကို သုံးပြီးရင် ဒါကိုပဲ ဆက်သုံးချင်ကြတာပဲ။ အဲ့ဒီလိုမျိုးဖြစ်အောင်တော့ Customer Care ၊ Customer Relationship ကို တည်ထောင်ပါတယ်။  တကယ့် အရည်အသွေးကောင်းတဲ့ Brand ကို ပစ္စည်းမှန်၊ ဈေးမှန်နဲ့ရအောင် ကြိုးစားနေတဲ့အတွက်ကြောင့်မို့ သူများ တွေနဲ့ ယှဉ်ပြိုင်မှာကတော့ ပစ္စည်းမှန်တယ် ဈေးမှန်တယ်၊ အရည်အသွေးကောင်းတယ်၊ Customer Care ကို အပြည့်အဝပေးသွားမယ်ဆိုတဲ့ အချက် တွေနဲ့ ယှဉ်ပြိုင်မှာပါ။

ဒီ Product တွေနဲ့ ပတ်သက်ပြီးတော့ Customer တွေဘက်က Complaint တက်လာတာတွေရော ရှိလား။ ရှိခဲ့ရင်ရော ဘယ်လိုဖြေရှင်းလဲ။
Customer တွေဘက်က Complaint ကတော့ တော်တော်နည်းပါတယ်။ Showroom တွေမှာလည်း အန်တီတို့ ဝန်ထမ်းတွေကို လေ့ကျင့် သင်ကြားပေး ပြီးတော့မှ ကြိုးစားပါတယ်။ တကယ်လို့များ Customer တွေက အန်တီတို့ ပစ္စည်းနဲ့ ပတ်သက်လို့ Complaint တက်လာခဲ့ရင်လည်း ပြန်လဲပေးပါတယ်။ အန်တီတို့ ပစ္စည်းဟုတ်လား၊ ဘာကြောင့် ဖြစ်တာလဲဆိုတာ တန်းပြီးတော့ US ကို အန်တီ အီးမေးလ်လှမ်းပို့တယ်။ လှမ်းမေးတယ်။ အန်တီတို့ ပစ္စည်းမှန်သမျှအတွက် အန်တီတို့ တာဝန်ယူ ဖြေရှင်းပါတယ်။

အခုဆိုရင် ပြည်တွင်းဆေးဈေးကွက်မှာ ဆေးဝါးအတု ထုတ်လုပ်တာတွေ၊ အောက်လမ်းကနေ ဝင်လာတာတွေ ရှိတော့ အဲဒီလိုမျိုး ကိစ္စရပ်တွေအတွက်ကိုရော ဘယ်လိုမျိုး ဆောင်ရွက်ထားလဲ။
အတု ထုတ်လုပ်တာနဲ့ ပတ်သက်လို့ကတော့ အန်တီတို့ ပေးထားတဲ့ ပစ္စည်းမှာ တံဆိပ် အမှတ်အသား ကို ရွှေရောင် Logo လေးတစ်ခုနဲ့ သက်မှတ်ထားတယ်။ ပြီးတဲ့အခါမှာလည်း အမြဲတမ်း Control လုပ် နေတာတွေရှိပါတယ်။ အန်တီတို့ ပစ္စည်းဟုတ်၊ မဟုတ် ကို အမြဲ Control လုပ်ပါတယ်။ အန်တီတို့ပစ္စည်းသည် GNC က ပစ္စည်းအမှန် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါတယ်။             
အခုက အောက်လမ်းရယ် Online ရယ်ဆိုပီး ဖြစ်လာတယ်။ ဝက်ဘ်ဆိုက်တွေ ခေတ်စားလာတော့ အဲဒီပေါ်ကနေ ရောင်းကြတယ်။ အဲဒါတွေကျတော့ အန်တီတို့ တစ်ယောက်တည်း Control လုပ်လို့ မရဘူး။ မြန်မာပြည်ရဲ့ ပေါ်လစီနဲ့မှ ပူးပေါင်းပြီး ဖြေရှင်း လို့ရမယ့် ကိစ္စဖြစ်တာပေါ့နော်။ ဒါပေမယ့် Customer တွေကိုတော့ အမြဲတမ်း Knowledge ပေးပါတယ်။ ကိုယ့် ကျန်းမာရေးအတွက်၊ အလှအပအတွက် သုံးတဲ့ပစ္စည်း တွေက အာမခံချက်ရှိဖို့လိုတယ်။ ဒါကိုမှ အာမခံချက် မရှိတဲ့ အောက်လမ်းတွေ၊ Online တွေက လာတဲ့ပစ္စည်း တွေကို သုံးတယ် ဆိုရင်တော့လည်း ဒါက Customer Choice ပေါ့လေ။ အန်တီတို့ကတော့ ကိုယ့်ပစ္စည်းကို အာမခံချက် အပြည့်အဝပေး နိုင်ပါတယ်။

ဖူးပွင့်သူ

Read More Business Interviews Here


Read 381 times Last modified on Thursday, 01 June 2017 10:53
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.