Monday, 20 March 2017 09:16

meet2

“အရမ်းကြီးဈေးကြီးတဲ့ ပစ္စည်းတွေဆိုပေမယ့်  ကိုယ့်အသားအရေနဲ့ မတည့်ဘူးဆိုရင် အကျိုးအာနိသင်က ထင်သလောက် အကျိုးမပြုတတ်ဘူး”

ဒီတစ်ပတ်ရဲ့ အင်တာဗျူးကဏ္ဍအတွက် ဥရောပအလှကုန်ပစ္စည်းတွေကို မြန်မာပြည်ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတဲ့ Beauty Treasure ကုမ္ပဏီရဲ့ Sale And Marketing ဒါရိုက်တာ မစန္ဒာပိုနဲ့ တွေ့ဆုံမေးမြန်းခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး အစ်မတို့ကုမ္ပဏီအကြောင်းနဲ့ အစ်မတို့ကုမ္ပဏီမှာ တင်သွင်းရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေအကြောင်းလေး မိတ်ဆက်ပေးပါဦး။
အစ်မတို့ ကုမ္ပဏီက Beauty Treasure ကုမ္ပဏီလီမိတက်ပါ။ အစ်မတို့ကုမ္ပဏီကနေ အထူးသဖြင့် Europe အလှကုန်ပစ္စည်းတွေကို မြန်မာပြည် ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတယ်။ အစ်မတို့ရဲ့ အလှကုန်တွေမှာဆိုရင် skin care ပါမယ်။ hair care ပါမယ်။  colour cosmetics ပါမယ်။ batiste dry shampoo အဲ့ဒါတွေပါဝင်တယ်ပါ့။ ဒီအလှကုန်နဲ့ ပတ်သက်တဲ့ဟာတွေကို မြန်မာပြည် တစ်ပြည်လုံးကို ကိုယ်စားလှယ်ယူပြီးတော့ ဖြန့်ဖြူးနေပါတယ်။

အစ်မတို့ဆီမှာ တင်သွင်းနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီး အားသာချက်၊ ထူးခြားချက်လေးတွေရှိရင်လည်း ပြောပြပေးပါဦး။
အားသာချက်အနေနဲ့ အစ်မတို့ကပစ္စည်းတွေကို သွင်းတဲ့အခါ တကယ့် quality ကောင်းပြီးတော့ Brand image ရှိတဲ့ပစ္စည်းတွေကို ရွေးချယ်ပြီးတော့မှ တင်သွင်းပါတယ်။ အဲ့ဒီအခါမှာလည်း မြန်မာပြည်ဈေးကွက်နဲ့ ကိုက်ညီတဲ့ ပစ္စည်းမျိုး၊ မြန်မာပြည်သူ လူထုနဲ့သင့်တော်တဲ့ ဟာမျိုးပေါ့နော် quality ကောင်းပြီးတော့ သင့်တော်တဲ့ ကုန်ပစ္စည်းမျိုးကို ရွေးချယ်ပြီးတော့ တင်သွင်းဖြန့်ဖြူးပါတယ်။

အစ်မတို့ တင်သွင်းတဲ့ အလှကုန်နဲ့ပတ်သက်ပြီးတော့ customer complain တက်တာတို့ ဘာတို့ရှိလား။ ရှိခဲ့ရင်ရော ဘယ်လိုမျိုး တာဝန်ယူဖြေရှင်းပေးလဲ။
customer complain ဆိုတာတော့ အနည်းနဲ့အများတော့ရှိကြတယ်။ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီး complain တော့မရှိဘူး။ ဒါပေမယ့် ဒီ product တစ်ခုကို ဈေးကွက်ထဲ စဖြန့်တဲ့အခါ လူတွေက conscience ဖြစ်တာပေါ့လေ။ အစ်မတို့ ပစ္စည်းက ပြင်သစ်ကတင်သွင်းတာများတယ်။ ဂျာမနီ၊ ဒိန်းမတ်ပေါ့ အဲ့ဒီကနေတင်သွင်းတာများတယ်။ UK ကသွင်းတာများတယ်။ အဲ့လိုမျိုးသွင်းတဲ့အခါကြတော့ အစ်မတို့စပြီးတင်သွင်းတဲ့ Skin care NUXE ဆိုရင် သူက ပြင်သစ်က ထုတ်လုပ်တာ။ သူရဲ့ product သည် ပြင်သစ်နိုင်ငံတစ်နိုင်ငံထဲမှာပဲ ထုတ်လုပ်တယ်။ ပြင်သစ်တစ်နိုင်ငံထဲကနေပဲ တစ်ကမ္ဘာလုံးကို ဖြန့်ချိတယ်။ သူတို့မှာ စက်ရုံခွဲတွေမရှိဘူး။ အစ်မတို့ product ရဲ့ အားသာချက်လို့ ပြောလိုရတာက သူရဲ့ quality ကိုထိန်းထားသောအားဖြင့် product ကို ပြင်သစ်နိုင်ငံမှာပဲ ထုတ်လုပ်တယ်။ အဲ့လိုနေရာမှာ ဘယ်လိုအခက်အခဲမျိုးကြုံခဲ့ရလည်းဆိုရင် အစ်မတို့ရဲ့ ပြင်သစ်ပစ္စည်းကို မြန်မာပြည်မှာ စပြီးမိတ်ဆက်တဲ့အခါ အမျိုးသမီးတွေကမေးကြတယ်။ ဒါသည် ပြင်သစ်နိုင်ငံက ဟာဆိုတော့ သူတို့အသားအရေနဲ့ ကိုက်ညီပါ့မလား ရာသီဥတုခြင်း ကွဲပြားခြားနားတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ဒီနိုင်ငံမှာဆို အဆင်ပြေနိုင်ပါ့မလားဆိုတဲ့ conscience တွေကိုတော့ အမတို့ အများကြီးကြုံတွေ့ခဲ့ရပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံမှာ အာရှနိုင်ငံတွေက တင်သွင်းတဲ့ အလှကုန်တွေလောက်ပဲ ရှိတယ်။ အခုဆိုရင် နိုင်ငံပေါင်းစုံကပါ တင်သွင်းလာကြတယ်။ ဒီလိုအခါမျိုးမှာ ကိုယ်ရဲ့ကုန်ပစ္စည်းကို ထိုးဖောက်ဖို့ဆိုရင် ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ။
အစ်မတို့ဆိုရင် ဒီကုန်ပစ္စည်းတွေကို စပြီး ဖြန့်ဖြူးတဲ့အချိန်မှာဆိုရင် လူတွေက ပြင်သစ်ပစ္စည်းဆိုရင် ဈေးကြီးမှာပေါ့။ ဒါကသူတို့စပြီး တွေးမိတဲ့အတွေး။ နောက်တစ်ခါ ယိုးဒယား ပစ္စည်းဆိုရင် သူ့နိုင်ငံက ကိုယ်တွေနိုင်ငံနဲ့ ရာသီဥတုချင်း အတူတူပဲ ယိုးဒယားပစ္စည်းလည်း ကောင်းတာပဲ ဈေးလည်းသက်သက်သာသာရှိတယ်ဆိုတဲ့ လူတွေရဲ့အခြေခံနားလည်ထားတဲ့ အချက်ပေါ့။ အဲ့ဒီအခါမှာ အစ်မတို့က အသိပညာပေးရတာပေါ့ ဘာကြောင့်မို့ ပြင်သစ်ပစ္စည်းသည် မြန်မာပြည်အတွက် ကောင်းသလဲ၊ ပြင်သစ်ပစ္စည်းက သူတို့အမြင်မှာ ဈေးကြီးတယ်ဆိုပေမယ့် ဘယ်လိုမျိုးသုံးရတာလည်း ဆိုတာမျိုးကို အစ်မတို့ဘက်က ဖြေရှင်းခဲ့ရတာတွေရှိတယ်။ အစ်မတို့ အရင်ဆုံးဈေးနှုန်းကို ထည့်သွင်းစဉ်းစားရတယ်။ quality ကောင်းဖို့အတွက် အရမ်းဈေးကြီးဖို့ လိုသလားဆိုတော့လည်း မဟုတ်ဘူး။ အရမ်းကြီးဈေးကြီးတဲ့ ပစ္စည်းတွေလည်း ကိုယ့်အသားအရေနဲ့ မတည့်ဘူးဆိုရင် အကျိုးအာနိသင်သည် ထင်သလောက် အကျိုးမပြုတတ်ဘူး။ အရမ်းဈေးပေါလွန်းတဲ့ ပစ္စည်းဆိုရင်လည်း ကိုယ့်အသားအရေအတွက် ရေရှည်စွဲသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်။ အဲ့ဒီတော့ကြားချရမယ်။ quality လည်းကောင်းရမယ် ထိုက်သင့်တဲ့ ဈေးလည်းရှိရမယ်ဆိုတဲ့ product တွေကို လူတွေလက်ထဲကို ထည့်ပေးချင်တယ်။ အဓိက,ကတော့ ကိုယ့်ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ အသိပညာပေးရတယ်။ ကိုယ့်ပစ္စည်းရဲ့ အရည်သွေးပိုင်းကို ရှင်းပြရတယ်။ အဲ့ဒီနည်းနဲ့ပဲ အစ်မတို့က တဖြည်းဖြည်းချင်း customer တွေရဲ့ အားပေးမှုကိုရလာတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုအမျိုးသမီးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတစ်ခုကို ဦးဆောင်နေရတဲ့ အတွက် ဘယ်လိုအားသာချက်ရှိမလဲ။
အစ်မက ဒီအလှကုန်ပစ္စည်းတွေကို ဖြန့်ဖြူးနေတဲ့သူ မိန်းကလေးလည်း ဖြစ်တဲ့အခါကြတော့ အစ်မရဲ့ အားသာချက်က မိန်ကလေးတွေသည် အလှအပကို အနည်းနဲ့အများ စိတ်ဝင်စားကြတယ်။ ဒီလုပ်ငန်းကိုလုပ်နေရတဲ့ အပေါ်မှာ အစ်မအနေနဲ့ အလုပ်နဲ့ အမရဲ့ ၀ါသနာ ထပ်တူကျတယ်လို့ ခံယူထားတယ်။ အဲဒီအပေါ်မှာမှ ဘာခံယူထားသေးလည်းဆိုရင် ကိုယ်ကိုယ်တိုင်လည်း skin care တွေ အကြောင်းကို ပိုသိတယ်။ အလှအပဘယ်လို ပြုပြင်ရမလည်းဆိုတာကိုလည်း ပိုသိလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လိုပြုပြင်ရမယ်ဆိုတာကို ပိုလေ့လာမိတယ်။ အဲ့ဒီတော့ အစ်မနဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ကိုယ်လုပ်ငန်းနဲ့ သက်ဆိုင်နေသလို ကိုယ်ကိုယ်တိုင်ကလည်း စိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတိုင်းကိုလည်း အစ်မက လှစေချင်တယ်။ ကိုယ်လှချင်သလို အခြားမိန်းကလေးတွေလည်း လှကြပါစေ ဆိုတဲ့စိတ်ကလေးနဲ့ အစ်မရပ်တည်ချက်အပေါ်မှာ အစ်မအခု လက်ရှိလုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် အလုပ်ပေါ်မှာလည်း စိတ်အားထက်သန်မှုရှိတယ်။ အစ်မရဲ့အလုပ်နဲ့ အမရဲ့ ရပ်တည်မှု က ထပ်တူကျတယ်လို့ ပြောချင်တယ်။

လုပ်ငန်းခွင်ဖြတ်သန်းမှုမှာရော ဘယ်လိုအရာတွေက အစ်မကို ပျော်ရွှင်စေလဲ။
အခုလိုအစ်မ မျှဝေပေးရတာကို သဘောကျတယ်။ အစ်မအလုပ်စလုပ်တုန်းက အစ်မကိုယ်တိုင် လေ့လာတယ်။ နိစ္စဓူဝ လုပ်ငန်းကိုဦးဆောင်နေရတာနဲ့အမျှ အတွေ့အကြုံတွေ ရလာတယ်။ ကိုယ်မတတ်တဲ့ ဟာလေးတွေကို အခြားလူတွေဆီက သင်ရတယ်။ သက်ဆိုင်ရာ brand တွေရဲ့ ဗဟုသုတတွေကို အစ်မသင်ယူရတယ်။ သင်ယူရတဲ့ဟာတွေကို အစ်မရဲ့ဝန်ထမ်းတွေ အစ်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီးမျှဝေရတယ်။ အဲလိုမျိုးမျှဝေပေးရတာက အစ်မကိုပျော်ရွင်စေပါတယ်။ သူတို့ လှပလာပြီး ယုံကြည်မှုရှိလာအောင် လုပ်ပေးနိုင်တာသည် အစ်မအတွက် ပျော်ရွင်မှုပဲ။


အစ်မအနေနဲ့ အလုပ်နဲ့ ဘ၀နေမှုကိုမျှတအောင် ဘယ်လိုစီစဉ်သလဲ။
ခုနကပြောသလိုပဲ အစ်မသည် အလုပ်ချိန်မှာ ကိုယ့်ချစ်တဲ့အလုပ်ကို လုပ်နေရတဲ့အတွက် အချိန်ပြည့်လုပ်နိုင်တယ်။ ပင်ပန်းတယ်ဆိုတဲ့ ဒဏ်ကနည်းပါးတယ်။ ကိုယ့်အလုပ်က နားတဲ့အချိန် ကိုယ့်နားရက်တွေမှာဆိုရင် ကိုယ့်မိသားစုနဲ့ အချိန်ပေးတယ်။ ကိုယ့်မိသားစုက ပျော်ရွင်သွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ပျော်ရွှင်သွားတယ်။ ကိုယ်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေနဲ့လည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ အချိန်လေးကို မျှပြီးပေးတယ်။ အလုပ်နဲ့ အနားယူချိန်ကို နှစ်ဘက်မျှပြီးပေးတယ်။ ပြီးတော့ ကိုယ်နဲ့ စိတ်တူသဘောတူ မိတ်ဆွေတွေနဲ့ စကားပြောဖြစ်တယ်။ ကိုယ့်ကို အသိဥာဏ်ပေးနိုင်တဲ့၊ ခွန်အားပေးနိုင်တဲ့ မိတ်ဆွေတွေရှိတယ်။ သူတို့နဲ့တွေ့တယ် စကားပြောကြတယ် အသိပညာတွေ ဖလှယ်ကြတယ်။

ဖူးပွင့်သူ

Read More Business Interviews Here


Read 399 times Last modified on Tuesday, 21 March 2017 09:33
Rate :
(5 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.