Friday, 20 January 2017 21:50

Bella ma wai thit lwin 01
Bella အလှကုန်စတင်ပြီး ထုတ်လုပ် ဖြစ်ခဲ့ပုံလေးကိုပြောပြပေးပါဦး။
မိန်းမတစ်ယောက်က ကိုယ့်ကို လှတယ်လို့ထင်တယ်ဆိုရင် ကိုယ့် ကိုလည်း သာယာစေတယ်။ ပြီး တော့ ကိုယ့်ကိုယုံကြည်ချက်တစ်ခုကိုပေးတယ်။ သူတို့ကို အမြန်ဆုံးနဲ့ ပေးနိုင်တဲ့ပစ္စည်းကကျတော့ မိတ်ကပ် နဲ့ နှုတ်ခမ်းနီတွေဖြစ်တယ်။ နောက် တစ်မျိုးဖြစ်တဲ့ ပညာတတ်ခြင်းပေါ့နော်။ နောက်တစ်နှစ် လောက်ကျရင် Bella ကနေမိတ်ကပ် ပညာသင်ပေးမယ်။ အသက်မွေးဝမ်းကျောင်းလို အရာ မျိုးပေါ့။    ဘာဖြစ်လို့လဲဆိုတော့ မိန်းက လေးတွေလည်း ဘယ်မှမသွားဘဲ အလုပ်လုပ်လို့ရတယ်။ မိခင်တွေ ဆိုရင်လည်းဘယ်မှ မသွားပဲ အလုပ် လုပ်လို့ရတယ်။ ပွဲတက်၊ ဘွဲ့ယူ သမားတွေကိုလည်း ပြင်ပေးလို့ရ တယ်။ ဒါဟာအသက် မွေးဝမ်းကျောင်း ပညာကိုလုပ်လို့ရတယ်ဆိုတာကို ကျွန်မကဆက်ပြီးလုပ်သွားမှာဖြစ်ပါတယ်။
 နောက် တစ်ခုကအောင်မြင် ခြင်းပါ။ ကိုယ့် အနေနဲ့ယုံကြည်ချက် ရှိတယ်ဆိုရင် ဘာလုပ်လုပ်အောင်မြင်တယ်လို့ယုံကြည်ထားတယ်ဆို ရင် ပိုပြီး အောင်မြင်စေနိုင်မှာပါ။ ပထမဆုံးတော့ ကူရှင်မိတ်ကပ်ကို ထုတ်ပါတယ်။ အမျိုးသမီးတွေကို ယုံကြည်ချက်ပိုရှိစေချင်တဲ့ရည်ရွယ် ချက်နဲ့ထုတ်တာဖြစ်ပါတယ်။

ဈေးကွက်အရ အောင်မြင်လာတဲ့ အပေါ်မှာ ဘယ်လိုခံစားရလဲ။
ကျွန်မ Bella အလှကုန်ထုတ် မယ်ဆိုတော့စိတ်ပဲရှိခဲ့တာပေါ့နော်။ ဈေးကွက်ကိုကျွန်မလေ့လာပါတယ်။ အကယ်၍ကိုယ်ကလုပ်ချင်တာ ပဲရှိတယ်။ ဈေးကွက်မှာလိုအပ်ချက်မရှိဘူးဆိုရင် ဒါက Value Added မဖြစ်ဘူးပေါ့။ ကျွန်မလေ့လာတဲ့ အခါ မှာဘာတွေ့ရလဲဆိုတော့ ကျွန်မကို မေးကြတယ် ABC မှာ ဘာလို့ အလှ ကုန် မတင်တာလဲဆိုတာကို မေးကြ ပါတယ်။ ABC ကို လာဝယ်ကြတဲ့ လူတော်တော် များရဲ့ ဘတ်ဂျတ်က တစ်လလုံးမှ တစ်သောင်းလောက် သုံးနိုင်တာကို တွေ့ရတယ်။
ငါးထောင် ကနေ တစ်သောင်း ကြားပေါ့။ ပုံမှန်အမျိုးသမီးတွေကြား မှာတော့ ဝင်ငွေက တစ်သိန်းခွဲနဲ့နှစ်သိန်းကြားမှာရှိတယ်။ ပြီးတော့ မိသားစုတစ်စုရဲ့ ဝင်ငွေကိုမူတည် လိုက်တဲ့အခါမှာ စားသောက်ဖို့က ရှိသေးတယ်။ အိမ်ဦးနတ်ရဲ့လိုအပ် ချက်တွေသားသမီးအတွက်တွေ အတွက်လည်း တွက်ရတော့ မိန်းမ တွေက ကိုယ့်အတွက်က နောက်ဆုံး ဖြစ်တတ်တယ်လေ။

Bella ma wai thit lwin 02
အဲဒီတော့အလှကုန်ကို မဝယ် ဖြစ်တော့ဘူး။ အဲဒီတော့ဝယ် နိုင်တဲ့ အနေအထားကို ကြည့်လိုက် ရင်လည်း အတုတွေဖြစ်နေတာကို တွေ့ရတတ်တယ်။ ငွေပမာဏက ငါးထောင် တစ်သောင်းကြားပဲရှိတယ်။ အဲ့လောက်နဲ့လည်း Brand ကောင်း ကောင်းမရနိုင်ဘူး။ အတုတွေလည်း ရှိတော့ အဲဒါတွေက သူများနာမည်နဲ့ လုပ်တာဖြစ်တယ်။ ပြီးတော့ဖျက် လို ဖျက်ဆီးလုပ်တာ လည်းဖြစ် တယ်။ အလှကုန်အတုဆိုရာမှာလည်း အဲထဲမှာ ဘာတွေ ပါလာနိုင်မလဲ။
တချို့ပညာတတ် တော်တော် များများက အတုတွေမသုံးချင်ဘူးဆို ပြီးတော့တွေ့ရတယ်။ များသော အားဖြင့် သနပ်ခါးလူးကြတာများ တယ်။ ဒါပေမယ့် မလှချင်ဘူးလား ဆိုတော့ လှချင်ကြတယ်။ လူဆိုတာ က ကိုယ့်ကိုလှတယ်လို့ထင်ရင် ပို ပြီးတော့ယုံကြည်ချက်ရှိတယ်။
ကျွန်မလုပ်တဲ့အခါမှာလည်း အကောင်းဆုံးပစ္စည်းဆိုတာကို လည်း လိုချင်တယ်။ အဲ အတွက်ကြောင့် ကျွန်မက ကမ္ဘာပေါ်မှာအကြီးဆုံး အလှကုန်ပစ္စည်း ကုမ္ပဏီ နဲ့ ဆက်သွယ်ခဲ့ပါတယ်။ အဲ့ဒီလို ဆက်သွယ် တဲ့ အချိန်မှာ ကျွန်မ ဘာလို့ ဒီအလုပ် ကို လုပ်ချင်လဲဆို တာကို သူတို့ကို ပြောပြပါတယ်။ ကျွန်မကိုယ် တိုင်ကလုပ်တာအမြတ်အတွက်လုပ် တာမဟုတ်ပါဘူး။ Bella မှာ အမြတ် ရှိရှိမရှိရှိပါ။ ကျွန်မအမြတ်ကို စိတ်မ ဝင်စားပါဘူး။ အဓိကက ကျွန်မတို့ အမျိုးသမီးတွေ ယုံကြည်ချက်ပိုရှိ အောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်ရှိတဲ့ အတွက်ကြောင့်ပါ။ အဲတော့သူတို့ ကလည်း ကျွန်မကို အမြတ်မယူဘဲ လုပ်ပေးခဲ့တာပေါ့နော်။ အဲဒါကြောင့် ဒီဟာကို ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တာပါ။
ဘယ်သူ မဆိုချမ်းသာတဲ့ လူ တန်းစားကနေ ပုံမှန်လူတန်းစား အထိ သုံးနိုင်အောင် ရောင်းခဲ့တာပါ။ မြန်မာ လူမျိုးတွေအတွက် မြန်မာအသား အရေ မြန်မာရာသီဥတုနဲ့လိုက်ဖက် အောင် ထုတ်ထားတဲ့ အလှ ကုန်ဖြစ် ပါတယ်။
 နိုင်ငံတကာကုမ္ပဏီ တွေကလည်း မြန်မာအမျိုးသမီးတွေဆိုပြီး လေ့လာ ပြီး ထုတ်လုပ်တာမျိုးလည်းမရှိပါ ဘူး။ သူတို့က ပစ္စည်းရောင်းဖို့ပဲ စိတ် ဝင် စားကြတာပါ။
Bella ရဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေကို ပိုမိုယုံကြည်ချက် ရှိစေချင်တယ်။ ပုခက်လွှဲတဲ့လက်က ကမ္ဘာကို အုပ်စိုးနိုင်တယ်တဲ့။ ဒါက စကားပုံဆိုပေမယ့်လည်း နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ဆိုရင်လည်း ဒါကိုသက်သေ ပြသွားခဲ့တာပဲလေ။
မိန်းမတစ်ယောက်က သူ့ဘာသာသူ ယုံကြည် ချက်ရှိတယ်ဆိုရင် ဘာ မဆိုလုပ်နိုင်တယ်။ အဲ ဒီအတွက်ကြောင့်ကျွန် မဒီအလုပ်ကိုလုပ်ရ တဲ့အကြောင်းရင်းဖြစ် ပါတယ်။

အခုဆိုရင် Bella နှုတ်ခမ်းနီကို မိန်းကလေးတွေ က ကြိုက်ကြတယ်။ အလွယ် တကူဝယ်လို့မရနိုင်တဲ့ အခြေ အနေကို လည်းရှင်းပြပေးပါဦး။
ကျွန်မနှုတ်ခမ်းနီကိုစပြီးတော့ဘယ်လိုရောင်းရင်ကောင်းမလဲဆိုတာ ကို စဉ်းစားတယ်။ သူများနဲ့မတူအောင် ဘယ်လိုရောင်းမလဲပေါ့။ မြန်မာမိန်းမ တွေရဲ့ Role Modelကို စဉ်းစား တယ်။ ဒီမှာက အများဆုံးက အနု ပညာရှင်တွေကို သဘောကျကြ တာအများဆုံးဖြစ်တယ်။ အဲဒီ အတွက်ကြောင့် ကိုယ့် Role Model တွေသုံးတဲ့အရာတွေကို သုံးချင်ကြ မှာဆိုတဲ့စိတ်လေးရှိတဲ့အတွက် ကြောင့် ကျွန်မမင်းသမီးတွေနဲ့ရောင်းဖို့ဆုံးဖြတ် လိုက်တာပေါ့နော်။
အနုပညာရှင်တွေကလည်း ကူညီကြပါတယ်။ ပုံမှန်ထက်ပင်ပန်း တာတွေကိုလည်း ဘာမှမပြောဘဲ အကုန်လုံးက ကူညီကြတယ်။ ပထမ ဆုံးတုန်းကတော့  အောက်တိုဘာ၊ နိုဝင်ဘာမှထွက်မယ်လို့ စဉ်းစားထား တယ်။ ဒါပေမဲ့လည်း ရောက်တဲ့ အချိန်မှာလည်း ရောက်သလောက် တော့ဖြန့်ပေးလိုက်ပါတယ်။ ကျွန်မ အရင်တုန်း ကထင်ထားတာကအလွန် ဆုံးကုန်ရင်တစ်ချောင်းပေါ့နော်။ ကျွန်မ ဆိုရင်တော့ တစ်သက်လုံးတစ် ရောင် ပဲဆိုးလို့လားမသိဘူး။ တစ် ရောင် ကို တစ်ချောင်းပဲဝယ်တယ်။ အကုန်လုံး ငါးရောင်လုံးဝယ်လိမ့် မယ်လို့ မထင်ဘူး။
 ရောက်တဲ့အချိန်မှာ အကုန် လုံးကုန်သွားတယ်။ လိုချင်ပြီးတော့ မရလိုက်တာမျိုး ဖြစ်သွားတယ်။ အဲအတွက်အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်မ ဒီအလုပ်လုပ် တာ ပျော်စေချင်လို့လှစေချင်လို့လုပ် တာပါ။ ကျွန်မထင်မထားမိအောင် အားပေးတဲ့အတွက် အရမ်းကိုကျေးဇူး တင်ပါတယ်။ အနူးအညွှတ်လည်း တောင်းပန်ပါတယ်။ ဒီလိုဖြစ်တဲ့အ တွက် စိတ်လည်းမကောင်းပါဘူး။ ကျွန်မတို့ဘက်ကလည်း ပစ္စည်းတစ်ခုကိုထုတ်လို့ရှိရင်ဒီအတိုင်းထုတ်လို့မရဘူးရှင့်။ င်္ီဗဘာတွေ ဆိုရင်လည်း အမေရိကားမှာ စစ် တယ်။ ထုတ်ပြီးသွားရင်လည်း လို အပ်တဲ့အပူချိန်၊ ကွာလတီ ကွန်ထရိုး၊ ရှိတာကြောင့် အချိန်တစ်ခုရှိဖို့လို တယ်။
ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ တော့ လိုချင်သလောက်လိုချင်တဲ့ နေရာတိုင်းမှာရအောင်လို့ လုပ်ပေး မှာပါ။ ကျွန်မတို့လည်းအများကြီး ကြိုးစားထားပါတယ်။ ကွာလတီပစ္စည်း ထုတ်တာဖြစ်လို့ ထုတ်ပြီးရင်လည်း အဆင့်ဆင့် စစ်ဆေးရပါတယ်။ အဲဒါ ကြောင့် အချိန်ပိုကြာတာပါ။ စိတ် ရှည်စွာနဲ့ သည်းခံပြီးတော့ စောင့် ပေးတဲ့အတွက်ရော အားပေးတဲ့အ တွက်ရောကျေးဇူးအများကြီးတင် ပါတယ်။ စတားလေးတွေဖြစ်ပါစေ။

ခိုင်ဇာသွင်

Read More Articles Here


Read times Last modified on Monday, 23 January 2017 10:05
Rate :
(6 votes)

3 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.