Rate this item
    (4 votes)

    GNC Myanmar ဆိုတာ အမေရိကန်နိုင်ငံထုတ် ဆေးဝါးတွေကို မြန်မာပြည်ဈေးကွက်မှာ ပထမဆုံး တင်သွင်းခဲ့တဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ GNC Myanmar ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာ ခင်ခင်စိုးနဲ့  တွေ့ဆုံမေးမြန်းထားပါတယ်။   အရင်ဆုံးGNC Myanmar က တင်သွင်းနေတဲ့ ဆေးတွေအကြောင်း မိတ်ဆက်ပေးပါဦး။အန်တီတို့ဆီမှာ တင်သွင်းတဲ့ ဆေးတွေကတော့ Nutrition Supplement လို့ ခေါ်တဲ့ ကျန်းမာရေးအတွက် အာဟာရ ဖြည့်စွက်စာဆိုပြီးတော့ GNC Brand ရဲ့ အောက်မှာရှိတဲ့ အမျိုးပေါင်း ၄၀ဝ၀ကျော် လောက် မှာ အန်တီတို့က Best Selling Product ၁၀ဝကျော် လောက်ကို တင်သွင်းပြီးတော့ ရောင်းချနေပါတယ်။…

    Rate this item
    (5 votes)

    “အရမ်းကြီးဈေးကြီးတဲ့ ပစ္စည်းတွေဆိုပေမယ့်  ကိုယ့်အသားအရေနဲ့ မတည့်ဘူးဆိုရင် အကျိုးအာနိသင်က ထင်သလောက် အကျိုးမပြုတတ်ဘူး”ဒီတစ်ပတ်ရဲ့ အင်တာဗျူးကဏ္ဍအတွက် ဥရောပအလှကုန်ပစ္စည်းတွေကို မြန်မာပြည်ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတဲ့ Beauty Treasure ကုမ္ပဏီရဲ့ Sale And Marketing ဒါရိုက်တာ မစန္ဒာပိုနဲ့ တွေ့ဆုံမေးမြန်းခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး အစ်မတို့ကုမ္ပဏီအကြောင်းနဲ့ အစ်မတို့ကုမ္ပဏီမှာ တင်သွင်းရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေအကြောင်းလေး မိတ်ဆက်ပေးပါဦး။ အစ်မတို့ ကုမ္ပဏီက Beauty Treasure ကုမ္ပဏီလီမိတက်ပါ။ အစ်မတို့ကုမ္ပဏီကနေ အထူးသဖြင့် Europe အလှကုန်ပစ္စည်းတွေကို မြန်မာပြည် ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတယ်။ အစ်မတို့ရဲ့ အလှကုန်တွေမှာဆိုရင် skin care ပါမယ်။ hair care ပါမယ်။  colour cosmetics ပါမယ်။…

    Rate this item
    (6 votes)

    Bella အလှကုန်စတင်ပြီး ထုတ်လုပ် ဖြစ်ခဲ့ပုံလေးကိုပြောပြပေးပါဦး။မိန်းမတစ်ယောက်က ကိုယ့်ကို လှတယ်လို့ထင်တယ်ဆိုရင် ကိုယ့် ကိုလည်း သာယာစေတယ်။ ပြီး တော့ ကိုယ့်ကိုယုံကြည်ချက်တစ်ခုကိုပေးတယ်။ သူတို့ကို အမြန်ဆုံးနဲ့ ပေးနိုင်တဲ့ပစ္စည်းကကျတော့ မိတ်ကပ် နဲ့ နှုတ်ခမ်းနီတွေဖြစ်တယ်။ နောက် တစ်မျိုးဖြစ်တဲ့ ပညာတတ်ခြင်းပေါ့နော်။ နောက်တစ်နှစ် လောက်ကျရင် Bella ကနေမိတ်ကပ် ပညာသင်ပေးမယ်။ အသက်မွေးဝမ်းကျောင်းလို အရာ မျိုးပေါ့။    ဘာဖြစ်လို့လဲဆိုတော့ မိန်းက လေးတွေလည်း ဘယ်မှမသွားဘဲ အလုပ်လုပ်လို့ရတယ်။ မိခင်တွေ ဆိုရင်လည်းဘယ်မှ မသွားပဲ အလုပ် လုပ်လို့ရတယ်။ ပွဲတက်၊ ဘွဲ့ယူ သမားတွေကိုလည်း ပြင်ပေးလို့ရ တယ်။ ဒါဟာအသက် မွေးဝမ်းကျောင်း ပညာကိုလုပ်လို့ရတယ်ဆိုတာကို ကျွန်မကဆက်ပြီးလုပ်သွားမှာဖြစ်ပါတယ်။  á€ąá€”ဏကယ…

    Rate this item
    (5 votes)

    Daily Mart အကြောင်း ပြောပြ ပေးပါလား။Daily Mart ကို၂၀၁၅ခု နှစ် ဇန်နဝါရီလကစခဲ့တယ်။ အများ ပြည်သူတွေ ပစ္စည်းဝယ်တဲ့အခါ ပိုပြီးအဆင်ပြေစေဖို့ နေ့တွင်းချင်း ဝန်ဆောင်မှုနဲ့ အိမ်မှာလိုအပ်တဲ့ ကုန်ခြောက်တွေ စားသောက်ကုန်တွေကိုအလွယ်တကူဝယ်နိုင်တဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့ ဝန် ဆောင်မှုပေးခဲ့ပါတယ်။ Daily Mart က စားသုံးသူတွေကိုဘယ်လိုဝန်ဆောင်မှုတွေပေးလဲ။ နေ့ချင်းဝန်ဆောင်မှုပေး တယ်။ ရန်ကုန်မြို့တွင်းကို နှစ် သောင်းနဲ့အထက်ဝယ်တယ်ဆိုရင် ပစ္စည်းပို့ခပေးစရာမလိုပါဘူး။ ဘယ်လိုပစ္စည်းတွေကိုအဓိကထားပြီးရောင်းတာလဲ။အဓိကကစားသောက်ကုန်၊ ဘီယာနဲ့အရက်တွေ၊ အဖျော်ယမ ကာတွေ၊ ကျန်းမာရေးနဲ့အလှအပ ဆိုင်ရာပစ္စည်းတွေ၊ အိမ်သုံးပစ္စည်း တွေ၊ ကလေးနဲ့ပတ်သက်တဲ့ နို့မှုန့် တွေ၊ ဒိုင်ဗာတွေ၊ လက်ဆောင်ခြင်း တွေ၊ သင်္ကန်းတွေလည်းရနိုင်တယ်။ အခုဆိုရင်တန်ဆောင်တိုင်ရောက် တော့မယ်ဆိုတော့ ရာသီအလိုက် လည်းလက်ဆောင်တွေပေးမယ့်…

    Rate this item
    (7 votes)

    ဦးဗေရဲ့ အနုပညာခရီးလမ်းပေါ်ကိုစတင်လျှောက်လှမ်းခဲ့ပုံကိုပြောပြပေးပါဦး။ ..................................................... အနုပညာအစကတော့ သံချပ်ကလို့ပဲပြောရမှာပေါ့ သင်္ကြန်မှာသံချပ်တွေလုပ်ရင်းနဲ့စဖြစ်တာပေါ့။ သင်္ကြန်လောက ကလာတာပေါ့။ သံချပ်စလုပ်ဖြစ်တာ ကျွန်တော့်အကိုဗျ ဂန္တဝင်မောင်ဝိုင်း၊ နောက်တော့အကိုက ပုဒ်မ၅နဲငြိသွားတော့ ထောင်ကျသွားတယ်။ အကိုမရှိတော့ သင်္ကြန်သံချပ်တွေ ကိုယ့်ဖာသာကိုယ်လုပ်ဖြစ်တယ်။ သံချပ်ကို ၈၈အထိလုပ်လို့ရခဲ့ကြတယ်။ ၈၉ ကျတော့ဒေါ်အောင်ဆန်းစုကြည် မဏ္ဍပ်ထဲမှာ လုပ်ဖြစ်တယ်။ အဲ့ဒါပြီးတော့ သံချပ်နေဝင်သွားတာပဲ။ ပြီးတော့ ၂၀၁၁ ပြန်ရောက်တဲ့ အခါကျမှ ကျွန်တော်ရယ်၊ ကုသိုလ်ရယ်၊ မောင်မေတ္တာရယ် ‘သာဓုပါဗျာ’ ဆိုတဲ့နာမည်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီးထွက်တယ်၊ အဲ့ဒါကနေစပြီး သင်္ကြန်သံချပ်တွေကို ပြန်လမ်းဖွင့်ပေးခဲ့တာပါပဲ။ နောက်တော့ ကတ်ဆက်ဇတ်လမ်းခေတ်ပေါ့။ ကျွန်တော်တို့က အဲ့ဒီခေတ်ရဲ့ နောက်ဆုံးအဖျားမှာ သွားမှီလိုက်ကြတာပါ။ ရှေ့ပိုင်းကတော့ မောင်ကြေးမုံတို့၊ မောင်မောင်မြင့်စိန်၊ နိုင်လင်း၊ လှကျော်နေတို့ ပေါ့။…

    Rate this item
    (6 votes)

    အနုပညာဘဝအစမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာလေးပြောပြပါအုံး။ ၂၀၁၀ ခုနှစ်တုန်းက နောက်ပိုင်းကျ “Me N Ma Girls” လို့အမည်ပြောင်းခဲ့တဲ့ “Tiger Girls” အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့နဲ့ပဲ ငါးနှစ်နီးပါးလက်တွဲခဲ့ပြီး ၂၀၁၄ ရောက်တော့ တစ်ကိုယ်တော်အနုပညာဘဝကို စတင်ခဲ့ပါတယ်။ ပထမတော့ အားပေးတဲ့ပရိသတ်ကို ဘယ်လိုထိန်းရမယ်ဆိုတာ မသိခဲ့ဘူး။ ကောင်းကောင်းဖျော်ဖြေနိုင်ခဲ့ပေမယ့် သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကြားမှာ ပရိသတ်မငြီးငွေ့အောင် ဘယ်လိုကူးးပြောင်းရမယ်ဆိုတာ မသိခဲ့ပါဘူး။ အရင်အခြေအနေနဲ့ အခုကိုနှိုင်းယှဉ်လိုက်ရင် ဒီဂျစ်တယ်လ်ဂီတလောကမှာ ဘယ်လိုအပြောင်းအလဲတွေရှိလဲ။ ပြောင်းလဲတာပေါ့၊ ညီမတို့နိုင်ငံကပွင့်လင်းမှုမရှိသေးတဲ့အချိန်မှာ ဒီဂျစ်တယ်လ်နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဆောင်နိုင်ခဲ့ကြသလို အင်တာနက်ဆိုရင်လည်း သိပ်မကောင်းခဲ့ဘူးပေါ့။ အခုတော့ ဒီဂျစ်တယ်နည်းစနစ်တွေ ကောင်းကောင်းလုပ်လာနိုင်ကြပြီ၊ အွန်လိုင်းကဖြစ်ဖြစ် ဖုန်းကနေတစ်ဆင့် သီချင်းတွေကို နားထောင်ပြီး ဝယ်ယူနိုင်နေကြပြီ။ ဒါက ကောင်းတဲ့အလှည့်အပြောင်းပါပဲ၊…