Published in Restaurants

    ထားဝယ်ဒေသမှာတော့ ထားဝယ် ရိုးရာ မုန့်လက်သုပ်ကို အထူးသဖြင့် နေမကောင်းဖြစ်ပြီး နာလန်ထစလူတွေက ဆိုင်ကို ပြေးပြီး အားရပါးရ စားကြတာလေ။ စားပြီးတာနဲ့ ချွေးတွေထွက်ပြီး လန်းဆန်းနေကောင်းသွားကြပါတယ်။ ရှူးရှူးရှဲရှဲနဲ့ အရသာ အရမ်းရှိတာကိုး။ ပါဝင်ပစ္စည်များ ငါးကျွဲရင် (သို့) ငါးကြင်းအကောင်ကြီးပအုန်းရည်ကြက်သွန်နီဥကြက်သွန်မြိတ်ငံပြာရည်အချိုမှုန်.ငရုတ်သီးအစိမ်းငရုတ်အကျက်မှုန်.မုန့်ဖတ်သံပုရာသီးမုခွေယား (ထားဝယ် စာကလေးခွေ) သို့ စာကလေးခွေ ပြုလုပ်နည်းထားဝယ်ရိုးရာ မုန့်လက်သုပ် လုပ်နည်းက ငါးကျွဲရင်လို ငါးမျိုးနဲ့ ချက်တယ်။ ရန်ကုန်မှာတော့ အသားများတဲ့ ငါးကြင်း အကောင်ကြီးသားနဲ့ ချက်ကြတယ်။ငါးကြင်းခုတ်သားများများကို  ပအုန်းရည်နဲ့ ပြုတ်ပါတယ်။ ပအုန်းရည်ဆိုတာက ထန်းရည်ကို အချဉ်ဖောက်ထားတာပါ။မုန့်လက်သုပ် ချက်ပြုတ်တဲ့အခါ ငါးကို ပအုန်းရည်နဲ့ ပြုတ်ပြီး ငံပြာရည် နည်းနည်းထည့်တယ်။ ထားဝယ်မှာက ငါးပိထည့်ကြတယ်။ငါးပြုတ်ရည်ဆူရင် ငါးတွေကို…

    Published in Restaurants

    ကောက်ညင်းငချိတ်ဆို မြန်မာတိုင်းလိုလို သိမှာပါ။ ကောက်ညင်းငချိတ်ပေါင်း အိအိလေးကို နှမ်းထောင်းလေးနဲ့ အုန်းသီးနုနုလေး များများဖြူးကာ ငါးရံ့ခြောက် ဆီစိမ်ရွရွလေးနဲ့ စားလိုက်ရရင်ကို မြန်မာတို့ ကြိုက်တဲ့ မနက်စာတစ်မယ် မဟုတ်လား။အရသာကောင်းတဲ့ ကောက်ညင်းငချိတ်မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကောက်ညင်းငချိတ်ပန်းကန် တစ်ဝက်စာမှာ ကယ်လိုရီ ၁၆၀၊ အဆီ ၁.၅ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၄ ဂရမ်၊ အမျှင်ဓာတ် ၂ ဂရမ်၊ ပရိုတင်း ၅ ဂရမ်၊ သံဓာတ် ၄% ပါဝင်ပါသတဲ့။ကောက်ညင်းငချိတ်မှာ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ပေးသလို ကိုယ်တွင်း ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေတယ်။ သွေးတွင်းကိုလက်စထရောနဲ့…

    Published in Restaurants

    ကြက်ကောက်ညှင်းအတွက် ကောက်ညှင်းဆန် ၂ခွက် (ထမင်းအိုး ဆန်ချိန်ခွက်) ကို ညကတည်းက ရေစိမ်ထားပါ။ မနက်မှာ ရေစစ်လို့ ပဲငံပြာရည် အနောက်ကို စားပွဲဇွန်းတစ်ဇွန်းစာ၊ ခရုဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ နှမ်းဆီမွှေး စားပွဲဇွန်းတစ်ဇွန်းစာ၊ ဆန်ဝိုင် စားပွဲဇွန်းတစ်ဇွန်းစာတို့ကို နှံ့အောင် နယ်ပြီး မိနစ် ၂၀ခန့် နှပ်ထားပါ။၁။ ကြက်ရင်အုံသား ၁၀ gm ခန့်ကို ခပ်သေးသေး တုံးထားပါ။၂။ တရုပ်မှို အမဲ ၃ခုခန့်ကို ညကတည်းက ရေစိမ်လို့ မနက်မှာ ခပ်ပါးပါးလှီးထားပါ။၃။ ဝက်အူချောင်း ၁ချောင်းကို ရေနွေးမှာ ခဏစိမ်ပါ။ အနည်းငယ် ပွတက်လာပါက ဝက်အူချောင်း လုပ်ထားတဲ့အိတ်ကို အလွယ်တကူ ခွာထုတ်နိုင်ပါမယ်။ ခွာပြီးရင် ခပ်စောင်းစောင်းလေး လှီးထားပါ။၎။…

    Published in Restaurants

    ဆန်တိုဟူး (ခေါက်လျန့်ဖွန်း) ကျိုနည်းဆန်အမာမျိုး တစ်ပြည်ဆိုရင် အရင်က ကွမ်းယာထည့်တဲ့ ၊ ထုံးအထုပ်လေးတထုပ် နည်းနည်းလျော့သုံးရပါမယ်။ ထုံးအထည့် မတတ်ရင်တော့ အဆင်မပြေပါဘူး။ ဆန်အမာ ၁ဘူးကို ရေဆေးပြီး ပွလာအောင် ၅နာရီလောက် စိမ်ထားရပါမယ်။ ဖြစ်နိုင်ရင် ညကတည်းက စိမ်ထားတာ ပိုကောင်းပါတယ်။ မနက်ရောက်ပြီဆို စိမ်ထားတဲ့ ဆန်ကို ရေစစ်၊ ထုံးကို ဆန်အနည်းအများအပေါ် မူတည်ပြီး ရေကျဲကျဲ ဖျော်ပါ။ စစ်ထားတဲ့ ဆန်ကို ရေနည်းနည်းထည့်ပြီး Blander နဲ့ ကြိတ်ပါ။ နောက်ပြီး ဖျော်ထားတဲ့ ထုံးနဲ့ ရောပြီး ကျိုပါ။ ကျိုတဲ့အခါ ယောက်မနဲ့ အဆက်မပြတ် မွှေပေးဖို့ လိုပါတယ်။ ဆူပြီးပျစ်ရင် စတီးခွက် ၊…

    Published in Restaurants

    ဒီတစ်ခေါက်တော့ စားနေကျ မဟုတ်တဲ့ ကန်စွန်းဥဟင်းချိုလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဟင်းက အခုလို မိုးအေးအေး ရာသီဥတုနဲ့ လိုက်ဖက်သလို ရာသီမရွေးလည်း စားနိုင်တဲ့ ဟင်းရည်တစ်ခွက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုတာ ရွေးချယ်စားသောက်တဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ အခုလို အာဟာရပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက်ကို အလွယ်တကူ ချက်နိုင်အောင် မိတ်ဆက်ပေးလိုက်ပါတယ်။ပါဝင်ပစ္စည်းများအခုပြင်ဆင်တဲ့ အညွှန်းက ၄ ယောက်ကနေ ၆ ယောက်လောက် စားနိုင်ပါတယ်။ကြက်သွန်နီဥကြီး တစ်လုံးကို အတုံးလေးတွေ လှီးပါ။ အခွံခွာထားတဲ့ ကန်စွန်းဥ ၃ လုံးကို အတုံးလေးတွေ တုံးပြီး မုန်လာဥနီလေးဥကိုလည်း အတုံးလေးတွေ တုံးထားပါ။ အရိုးပြုတ်ရည် ၁ လီတာလောက်ကို အသင့်ပြင်ထားပါ။ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ ဆားနဲ့…

    Published in Restaurants

    လိုအပ်တဲ့ အမယ်တွေကတော့ဝက်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အကျဲ၊ အပျစ်၊ ခရုဆီ၊ ဆီ၊ ကြက်သားမှုန့်နဲ့ သကြားတို့ ဖြစ်ပါတယ်။ ဆိုင်မှာ သွားစားစရာ မလိုဘဲ အိမ်မှာလည်း ချက်စားနိုင်တဲ့ ဝက်သားပင်စိမ်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ဝက်သားကို ရေနဲ့ သန့်စင်ဆေးကြောပြီးနောက် တောက်တောက် စဉ်းထားပါ။ ပြီးရင် ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ နှံ့ အောင်နယ်ပြီး မိနစ်အနည်းငယ်ခန့် နှပ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ။ ချင်းကို ညက်အောင် ထောင်းထားပါ။ ပင်စိမ်းကို အရွက်တွေပဲ ခြွေယူကာ ရေဆေးပြီးနောက် ရေစစ်ထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေ ရေဆေးပြီး ထက်ခြမ်းခွဲ လှီးထားပါ။ ပြီးရင်…

    Published in Restaurants

    အိမ်မှာလည်း လွယ်လင့်တကူ ဖျော်သောက်နိုင်တဲ့ နဂါးမောက်သီးဖျော်ရည် ပြုလုပ်နည်းကို ဒီတစ်ပတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။လိုအပ်တဲ့ အမယ်တွေကတော့- နဂါးမောက်သီး - Mint Syrup - Green Tea - သံပရာရည်- သကြားရည်တို့ ဖြစ်ပါတယ်။ပထမဦးစွာ ဖျော်ဖို့အတွက်ကို Green Tea တစ်ထုပ်ကို အနေတော် ခွက်တစ်ဝက်ခန့် ရေနွေး ပူပူထည့်ကာ စိမ်ထားပြီး အအေးခံထားရပါမယ်။ ပြီးရင် အခွံခွာထားတဲ့ နဂါးမောက်သီးကို အစိတ်လေးတွေ စိတ်ပြီး ဖျော်စက်ထဲ ထည့်ပါ။ အအေးခံထားတဲ့ Green Tea ရည်၊ အရသာ အတွက် Mint syrup ၊ သကြားရည်၊ သံပရာရည်တို့ကို ထည့်ပြီးရင် ရေခဲမထည့်ဘဲ…

    Published in Restaurants

    ဒီတစ်ပတ်မှာတော့ ပင်လယ်စာ ကဏန်း ကြိုက်သူတွေအတွက် အိမ်မှာ လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကဏန်း အုန်းနို့ မဆလာဟင်း ချက်နည်းကို ပြောပြပေးလိုက်ပါတယ်။လိုအပ်တဲ့ အမယ်တွေကတော့ကဏန်း၊ ကြက်သွန်မြိတ်၊ သကြား၊ ဆီ၊ ဆား၊ ငရုတ်သီးတောင့် အနီ၊ ငံပြာရည်၊ ဟင်းခပ်မှုန့်၊ မန်ကျည်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ နနွင်းမှုန့်၊ ငရုတ်သီးအပွ၊ မဆလာနဲ့ အုန်းနို့ တို့ပဲဖြစ်ပါတယ်။အရင်ဆုံး ကဏန်းကို ရေဆေးသန့်စင်ပြီး ခြေလက် သတ်သတ်ဖယ်ကာ အကောင်ကြီးရင် နှစ်ပိုင်းပိုင်းထားပါ။ ပြီးရင် ငံပြာရည်၊ ဟင်းခပ်မှုန့်တို့နဲ့ ရောနယ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒဲကော၊ စပါးလင်၊ ငရုတ်သီးတို့ကို ညက်နေအောင် ထောင်းထားပါ။ ပြီးရင် ဒယ်အိုးထဲကို ဆီထည့်ပြီး…

    Published in Restaurants

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဖျော်ရည် ပြုလုပ်နည်းကိုလည်း ပြောပြမယ်နော်။အစာလည်း ဆေး၊ ဆေးလည်း အစာလို့ ဆိုရိုးရှိသလို သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေဟာ ခန္ဓာကိုယ် အလေးချိန် ထိန်းလိုသူတွေအတွက် အထူး သင့်လျော်ပါတယ်။ အစာမကြေတာ၊ ရင်ပူတာ၊ အော့အန်တာအပြင် အစာကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေအတွက် ငှက်ပျောသီးနဲ့ ချင်းဖျော်ရည်က အကောင်းဆုံး သဘာဝဆေးတစ်ခွက် ဖြစ်ပါတယ်။ လိုအပ်တဲ့ အမယ်တွေကတော့ ငှက်ပျောသီးတစ်လုံး ကို ပါးပါး လှီးထားပါ။ ဗင်နီလာဒိန်ချဉ်ကို ၆ အောင်စခန့်ထည့်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်၊ ချင်းအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီးနောက် ပါဝင်ပစ္စည်းတွေ အားလုံးကို ဖျော်စက်ထဲထည့်ကာ တစ်မိနစ်ခန့် ကြိတ်လိုက်ပါ။ ပြီးရင်…

    Published in Restaurants

    ကလေးတွေ အကြိုက်တွေ့စေမယ့် ပန်းသီးကြော် ပြုလုပ်နည်းလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။လိုအပ်တဲ့ အမယ်တွေကတော့   ပန်းသီး၊ ဂျုံမှုန့်၊ သကြား၊ Baking Powder၊ ဆား၊ နွားနို့၊ ကြက်ဥ၊ ဆီတို့ ဖြစ်ပါတယ်။ပြုလုပ်နည်းပထမဦးဆုံး ပန်းသီးကို အခွံနွှာ အတုံးကလေးတွေ တုံးပြီး ဂျုံမှုန့်၊ သကြား၊ Baking Powder၊ ဆားတို့ကို နှံ့အောင် မွှေထားပါ။ ပြီးရင် ကြက်ဥကို ခေါက်ပြီး ထည့်ပါ။ နွားနို့၊ ဆီတို့ကိုလည်း ထည့်ပြီး နှံ့အောင် မွှေထားပါ။ ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးပြီး ဆီပူလာရင် မွှေထားတာတွေကို ထမင်းစားဇွန်းနဲ့ တစ်ဇွန်းစာစီ ခပ်ပြီး ဆီအိုးထဲ ထည့်ကြော်လိုက်ပါ။တစ်ဖက်ကို မိနစ်အနည်းငယ်ခန့် ကြာတဲ့အထိ ကြော်ပြီး အညိုရောင်သန်းလာရင်တော့…

    Page 1 of 3