Friday, 03 January 2020 05:29

4-story-2_1.jpg

ထိုင္းႏိုင္ငံသို႔ ေျပာင္းတန္ခ်ိန္ တစ္သန္းကို ယခုဇန္နဝါရီလ၌ စတင္တင္ပို႔မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းဥကၠ႒ဦးမင္းခိုင္က ေျပာၾကားထားသည္။

ယခုႏွစ္တြင္ ျပည္တြင္း၌ ေျပာင္းတန္ခ်ိန္ သုံးသန္းခန႔္ ထြက္ရွိႏိုင္မည္ဟု ခန႔္မွန္းထားၿပီး ျပည္တြင္းသုံးစြဲမႈမွာ တန္ခ်ိန္ ၁ဒသမ ၅သန္းခန႔္ရွိျခင္းေၾကာင့္ ပိုလွ်ံသည့္ပမာဏကို ျပည္ပသို႔ တင္ပို႔ႏိုင္မည့္ အေနအထားရွိေၾကာင္း ေျပာင္းလုပ္ငန္းရွင္မ်ားက ခန႔္မွန္းထားသည္။

လက္ရွိတြင္ ထိုင္းကုန္သည္အမ်ားစုက ရန္ကုန္ႏွင့္ျမဝတီနယ္စပ္တို႔တြင္ ႀကိဳေရာင္း၊ ႀကိဳဝယ္မ်ား ျပဳလုပ္ေနၿပီျဖစ္ေၾကာင္းနွင့္ ထိုင္းႏိုင္ငံ၏ မူဝါဒအရ ေဖေဖာ္ဝါရီ ၁ရက္မွ ဩဂုတ္ ၃၁ရက္အထိ ျပည္ပမွ တရားဝင္တင္သြင္းခြင့္ရွိေၾကာင္း သိရသည္။

ျမန္မာနုိင္ငံတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရာင္းခ်ရန္အတြက္ အာရွႏုိင္ငံမ်ားမွ စိတ္ဝင္စားလ်က္ရွိ

ေျပာင္းကိုျမဝတီ၊ မဲေဆာက္ႏွင့္ လားရႈိးနယ္စပ္လမ္းေၾကာင္းမွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ တရားဝင္တင္ပို႔ေနျခင္းျဖစ္ၿပီး ၂၀၁၈ခုႏွစ္က ထိုင္းသို႔ ေျပာင္း တန္ခ်ိန္ ၄၇ဝ,ဝဝဝ ေက်ာ္တင္ပို႔ခဲ့သည္။

ယခင္က ျမန္မာ့ေျပာင္းကို အဓိကဝယ္ေနသည့္ တ႐ုတ္ႏိုင္ငံက ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွစ၍ ဝယ္ယူမႈေလ်ာ့နည္းခဲ့ျခင္းေၾကာင့္ ေဈးႏႈန္းမ်ား ဆက္တိုက္က်ဆင္းခဲ့သည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက တ႐ုတ္သို႔ ေျပာင္းတရားဝင္ တင္ပို႔ခြင့္ရရွိေရးအတြက္ တ႐ုတ္၏ မူဝါဒလုပ္ထုံးလုပ္နည္းမ်ားနွင့္အညီ ညႇိႏႈိင္းေဆာင္႐ြက္ထားျခင္းေၾကာင့္ မၾကာမီနားလည္မႈစာခြၽန္လႊာ ေရးထိုးရန္ရွိေၾကာင္းလည္း အဆိုပါဝန္ႀကီးဌာနမွ သိရသည္။

တခ်ိန္တည္းမွာပင္ ထိုင္းႏိုင္ငံ၏ ေျပာင္းတင္သြင္းမႈကာလအား တိုးျမႇင့္ႏိုင္ရန္လည္း ထိုင္းႏိုင္ငံ ဥပေဒခ်ဳပ္႐ုံးႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

၂၀၁၈-၂၀၁၉ဘ႑ာႏွစ္က ျပည္ပသို႔ ေျပာင္းတန္ခ်ိန္ ၁ဒသမ၅သန္းေက်ာ္ (ေဒၚလာ သန္း ၂၇ဝေက်ာ္) ရရွိခဲ့ေၾကာင္း သိရၿပီး ျမန္မာႏိုင္ငံတြင္ ေျပာင္းစိုက္ဧက ၁ ဒသမ ၉ သန္း ခန႔္တြင္ အထြက္တန္ခ်ိန္ သုံးသန္းဝန္းက်င္ရွိၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေတာင္ပိုင္း၊ စစ္ကိုင္း ႏွင့္ မေကြးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ အမ်ားစုစိုက္ပ်ိဳးၾကသည္။

ျမန္မာနုိင္ငံမွာ ကုိယ္စားလွယ္ရုံးခဲြ ဖြင့္လွစ္ေတာ့မယ့္ အၾကီးစား စက္မွုလုပ္ငန္း ( Mitsubishi )

Sources: The Farmer Journal

Unicode

ပြည်တွင်းသုံးစွဲမှုမှပိုလျှံသည့် မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ ယခုလမှစ၍ တင်ပို့မည်

ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် တစ်သန်းကို ယခုဇန်နဝါရီလ၌ စတင်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌဦးမင်းခိုင်က ပြောကြားထားသည်။

ယခုနှစ်တွင် ပြည်တွင်း၌ ပြောင်းတန်ချိန် သုံးသန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ပြည်တွင်းသုံးစွဲမှုမှာ တန်ချိန် ၁ဒသမ ၅သန်းခန့်ရှိခြင်းကြောင့် ပိုလျှံသည့်ပမာဏကို ပြည်ပသို့ တင်ပို့နိုင်မည့် အနေအထားရှိကြောင်း ပြောင်းလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

လက်ရှိတွင် ထိုင်းကုန်သည်အများစုက ရန်ကုန်နှင့်မြဝတီနယ်စပ်တို့တွင် ကြိုရောင်း၊ ကြိုဝယ်များ ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ မူဝါဒအရ ဖေဖော်ဝါရီ ၁ရက်မှ ဩဂုတ် ၃၁ရက်အထိ ပြည်ပမှ တရားဝင်တင်သွင်းခွင့်ရှိကြောင်း သိရသည်။

ပြောင်းကိုမြဝတီ၊ မဲဆောက်နှင့် လားရှိုးနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားဝင်တင်ပို့နေခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်က ထိုင်းသို့ ပြောင်း တန်ချိန် ၄၇ဝ,ဝဝဝ ကျော်တင်ပို့ခဲ့သည်။

ယခင်က မြန်မာ့ပြောင်းကို အဓိကဝယ်နေသည့် တရုတ်နိုင်ငံက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ဝယ်ယူမှုလျော့နည်းခဲ့ခြင်းကြောင့် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်သို့ ပြောင်းတရားဝင် တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်၏ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ထားခြင်းကြောင့် မကြာမီနားလည်မှုစာချွန်လွှာ ရေးထိုးရန်ရှိကြောင်းလည်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

တချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ ပြောင်းတင်သွင်းမှုကာလအား တိုးမြှင့်နိုင်ရန်လည်း ထိုင်းနိုင်ငံ ဥပဒေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်က ပြည်ပသို့ ပြောင်းတန်ချိန် ၁ဒသမ၅သန်းကျော် (ဒေါ်လာ သန်း ၂၇ဝကျော်) ရရှိခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက ၁ ဒသမ ၉ သန်း ခန့်တွင် အထွက်တန်ချိန် သုံးသန်းဝန်းကျင်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အများစုစိုက်ပျိုးကြသည်။

Sources: The Farmer Journal


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.