Saturday, 05 October 2019 08:36

IMG_5476-970x642.jpg

Zawgyi Version

၂၀၂၀ ခုနွစ္အတြက္ ကမ႓ာ့ဘဏ္မွ ထုတ္ျပန္ခ်က္အရ စီးပြားေရး လုပ္ကိုင္ရ လြယ္ကူမႈ အညႊန္းကိန္းတြင္ စီးပြားေရး ပိုမိုေကာင္းမြန္လာမႈႏွင့္ ေျပာင္းလဲမႈအမ်ားဆံုး ရရွိထားသည့္ ႏိုင္ငံ ၂၀ ထဲ ျမန္မာႏိုင္ငံ ပါဝင္လာသည္ဟု သိရသည္။

ကမ႓ာ႔ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ျမန္မာႏိုင္ငံသည္ စီးပြားေရးတိုးတက္ရန္ ေျပာင္းလဲမႈ (၅) ခု လုပ္ေဆာင္ခဲ့သည္ဟု ေဖာ္ျပထားသည္။

Read More >>> ဘယ္လိုသြင္းကုန္ပစၥည္းေတြက အခြန္ကင္းလြတ္ခြင့္ ရတာလဲ

၁။ ရန္ကုန္ၿမိဳ႕၏ ေရ၊ မိလႅာႏွင့္ ေရဆိုးႏုတ္ စနစ္ေကာင္းမြန္ေအာင္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ျခင္း၊

၂။ အြန္လိုင္းကုမၸဏီ မွတ္ပုံတင္စနစ္ စတင္ေဆာင္႐ြက္ႏိုင္ခဲ့ျခင္း၊

၃။ အိမ္ၿခံေျမပိုင္ဆိုင္မႈ မွတ္ပုံတင္လုပ္ငန္းစဥ္ ျမန္ဆန္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ျခင္း၊

၄။ ျမန္မာတရား႐ုံးမ်ား၏ စြမ္းေဆာင္မႈအစီရင္ခံစာ ထုတ္ေဝႏိုင္ခဲ့ျခင္း၊

၅။ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို အကာအကြယ္ေပးႏိုင္ခဲ့ျခင္းတို႔ ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းေၾကာင့္ အဆိုပါ ႏိုင္ငံ၂၀ ထဲ ပါဝင္လာျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထုတ္ကုန္၊ သြင္းကုန္လုပ္ငန္း ကုမၸဏီမ်ား

ကမာၻ႔ဘဏ္ကထုတ္ျပန္ေသာ စီးပြားေရး လုပ္ကိုင္ရလြယ္ကူမႈ အၫႊန္းကိန္းအတြက္ ျပဳျပင္ေျပာင္းလဲမႈ အမ်ားဆုံးေဆာင္႐ြက္သည့္ ႏိုင္ငံ ၂၀ စာရင္းတြင္ အဇာဘိုင္ဂ်န္၊ ဘာရိန္း၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္၊ ဂ်ီေဘာက္တီ၊ အိႏၵိယ၊ ေဂ်ာ္ဒန္၊ ကင္ညာ၊ ကိုဆိုဗို၊ ကူဝိတ္၊ ခါဂ်စ္ရီ ပက္ဘလစ္၊ ျမန္မာ၊ ႏိုင္ဂ်ီးရီးယား၊ ပါကစၥတန္၊ ကာတာ၊ ေဆာ္ဒီအာေရဗ်၊ တာဂ်စ္ကစၥတန္၊ တိုဂို၊ ဥဇဘတ္ကစၥတန္၊ ဇင္ဘာေဘြႏိုင္ငံတို႔ ပါဝင္သည္။

ကမာၻ႔ဘဏ္က ထုတ္ျပန္ေသာ စီးပြားေရး လုပ္ကိုင္ရလြယ္ကူမႈအၫႊန္းကိန္း ၂၀၁၉ တြင္ ျမန္မာႏိုင္ငံသည္ ႏိုင္ငံေပါင္း ၁၉၀ တြင္ အဆင့္ ၁၇၁ ၌ ဆက္လက္ရပ္တည္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ကလည္း အဆင့္ ၁၇၁ ျဖစ္သည္။

Source: World Bank

===============

Unicode Version 

မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်ပြောင်းလဲမှု အမြန်ဆုံးနိုင်ငံ ၂၀ တွင် ပါဝင်လာ

၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ချက်အရ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်းတွင် စီးပွားရေး ပိုမိုကောင်းမွန်လာမှုနှင့် ပြောင်းလဲမှုအများဆုံး ရရှိထားသည့် နိုင်ငံ ၂၀ ထဲ မြန်မာနိုင်ငံ ပါဝင်လာသည်ဟု သိရသည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်ရန် ပြောင်းလဲမှု (၅) ခု လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

Read More >>>

၁။ ရန်ကုန်မြို့၏ ရေ၊ မိလ္လာနှင့် ရေဆိုးနုတ် စနစ်ကောင်းမွန်အောင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း၊

၂။ အွန်လိုင်းကုမ္ပဏီ မှတ်ပုံတင်စနစ် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်း၊

၃။ အိမ်ခြံမြေပိုင်ဆိုင်မှု မှတ်ပုံတင်လုပ်ငန်းစဉ် မြန်ဆန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊

၄။ မြန်မာတရားရုံးများ၏ စွမ်းဆောင်မှုအစီရင်ခံစာ ထုတ်ဝေနိုင်ခဲ့ခြင်း၊

၅။ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးနိုင်ခဲ့ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အဆိုပါ နိုင်ငံ၂၀ ထဲ ပါဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သော စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းအတွက် ပြုပြင်ပြောင်းလဲမှု အများဆုံးဆောင်ရွက်သည့် နိုင်ငံ ၂၀ စာရင်းတွင် အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျီဘောက်တီ၊ အိန္ဒိယ၊ ဂျော်ဒန်၊ ကင်ညာ၊ ကိုဆိုဗို၊ ကူဝိတ်၊ ခါဂျစ်ရီ ပက်ဘလစ်၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်၊ တိုဂို၊ ဥဇဘတ်ကစ္စတန်၊ ဇင်ဘာဘွေနိုင်ငံတို့ ပါဝင်သည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်း ၂၀၁၉ တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ ၌ ဆက်လက်ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကလည်း အဆင့် ၁၇၁ ဖြစ်သည်။

Source: World Bank


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.