Tuesday, 01 October 2019 09:24
spoiled peaches
Unicode Version
အအေးခန်းကုန်သေတ္တာအတွင်း ကုန်ပျက်စီးမှုသည် အဖြစ်များသော ဖြစ်စဉ်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့ ပျက်စီးမှုများတွင် ပုပ်သိုးခြင်း၊ အရည်ပျော်သွားခြင်း၊ အေးခဲသွားခြင်း၊ အမှည့်လွန်ခြင်း၊ ပွန်းပဲ့ခြင်းနှင့် အရောင်ပြောင်းသွားခြင်း စသည်တို့ပါဝင်သည်။
အအေးခန်း ကုန်သေတ္တာဖြင့် သားငါးနှင့် သစ်သီးဝလံများ အများဆုံး ထည့်သွင်းတင်ပို့လေ့ရှိပြီး
အအေးခန်း ကုန်သေတ္တာအတွင်း ကုန်ပျက်စီးရခြင်း အကြောင်းရင်းများမှာ
၁။ အအေးပေးစက်ချို့ယွင်းခြင်း၊
၂။ လျှပ်စစ်ဓါတ်အား ပြတ်တောက်ခြင်း၊
၃။ အသီးအနှံများကို အချိန်မတိုင်မီ ရိတ်သိမ်း၍ ပို့ကုန်အဖြစ်တင်ပို့ခြင်း၊
၄။ အပူချိန်သတ်မှတ်ချက် မှားယွင်းခြင်း (Improper setting of temperature)၊
>>>ဘယ်လိုသွင်းကုန်ပစ္စည်းတွေက အခွန်ကင်းလွတ်ခွင့် ရတာလဲ
၅။ လူ၏အမှားအယွင်းကြောင့် ဖြစ်ပေါ်ခြင်း (ဥပမာ- အနှုတ်လက္ခဏာ မေ့ကျန်သွားသဖြင့် -5˚C အစား 5˚C ဟု မှားယွင်းသတ်မှတ်ခြင်း)၊
၆။ ကုန်သေတ္တာအတွင်း ကုန်ပစ္စည်း ထည့်သွင်းထားသိုပုံ မကောင်းသဖြင့် လေဝင်လေထွက်နှင့် လေလှည့်ပတ်မှု မကောင်းသည့်အတွက် ပျက်စီးခြင်း၊
၇။ အောက်ခံကြမ်းခင်းကို စနစ်တကျဆောင်ရွက်ခြင်း မပြုသဖြင့် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများ ရွေ့လျားကာ ပျက်စီးရခြင်း၊
၈။ အရည်အသွေးညံ့ဖျင်းသည့် ထုပ်ပိုးပစ္စည်းကို အသုံးပြုခြင်း၊
>>> အခွန်ပေးဆောင်ရမည့် ရက်များကို လွယ်ကူစွာ သိရှိနိုင်မယ့် Tax Calendar
၉။ ကုန်ကိုင်တွယ်ရာတွင် အသုံးပြုသည့် စက်ကိရိယာမှ ဆီယိုစိမ့်သဖြင့် ကုန်ပစ္စည်းတွင် ညစ်ညမ်းမှုဖြစ်ခြင်း၊
၁၀။ ကုန်ပစ္စည်းကို ကုန်သေတ္တာ အတွင်းသို့ မထည့်သွင်းမီ ကြိုတင် အအေးခံထားရန်ပျက်ကွက်ခြင်း စသည့်တို့ကြောင့်ဖြစ်သည်။
Source : Shipping and Logistics
====================
Zawgyi Version
အအေးခန်းကုန်သေတ္တာအတွင်း ကုန်ပျက်စီးရသည့် အကြောင်းရင်း ( ၁၀ ) ချက်
>>>ဘယ်လိုသွင်းကုန်ပစ္စည်းတွေက အခွန်ကင်းလွတ်ခွင့် ရတာလဲ
>>> အခွန်ပေးဆောင်ရမည့် ရက်များကို လွယ်ကူစွာ သိရှိနိုင်မယ့် Tax Calendar
Read times Last modified on Tuesday, 01 October 2019 10:40
Rate :
(0 votes)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.