Tuesday, 25 June 2019 10:01

android

Android Developers Conference - Droid Yangon 2019 ကို လာမယ့် ဇူလိုင်လ ၉ ရက်နေ့ မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ Google အပါအဝင် နိုင်ငံခြား နည်းပညာကုမ္ပဏီများမှ နည်းပညာရှင်တွေနဲ့ ပြည်တွင်း Software Development ကုမ္ပဏီများမှ ဆော့ဝဲအင်ဂျင်နီယာများက Android နဲ့ ဆက်စပ်တဲ့ နည်းပညာ အကြောင်းအရာတွေကို တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကွန်ပျူတာဆော့ဝဲ အရောင်းဆိုင်များ

အထူးသဖြင့် Machine Learning, App Security, Firebase, Android Architecture, Software Testing, Scalable Backend for Android Developers, CameraX စတဲ့ ခေါင်းစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

Droid Yangon 2019 ဝင်ရောက်ခွင့် လက်မှတ်ဈေးနှုန်းက ၂၀,၀၀၀ ကျပ် ဖြစ်ပြီး စံရိပ်ငြိမ်ဂမုန်းပွင့်၊ Junction 8၊ Junction Square ရှိ Anada ဆိုင်ခွဲတွေနဲ့ Myanmar Plaza မှာရှိတဲ့ AYA Bank Lounge မှာ ဝယ်ယူနိုင်သလို Myanpwel Website ကတစ်ဆင့်လည်း e-Ticket များလည်း ဝယ်ယူနိုင်ပါတယ်။

ကွန်ပျူတာ သင်တန်းများ

ကျောင်းသားကျောင်းသူများအနေဖြင့် Gusto College မှာ ကျောင်းသားကတ်ပြပြီး လက်မှတ်ဝယ်ယူမယ်ဆိုရင် ၁၅,၀၀၀ နဲ့ ဝယ်ယူ ရရှိနိုင်ပြီး ပွဲတက်ရောက်လာသူတိုင်းကို Droid Yangon ပါဝင်တဲ့ တီရှပ်တွေ လက်ဆောင်ပေးသွားမှာ ဖြစ်ပြီး နေ့လည်စာလည်း ကျွေးမှာ ဖြစ်ပါတယ်။

Android Developers Conference ကို မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတွေမှာပါ ဇူလိုင်လအတွင်း ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာဆော့ဝဲ ဝန်ဆောင်မှုလုပ်ငန်းများ

၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေက ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Google DevFest Conference တွေဟာလည်း နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေကြားမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။


Read times Last modified on Tuesday, 25 June 2019 10:32
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.