Monday, 24 December 2018 09:20

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်မနက်က  တံတားစီမံကိန်း တည်ရှိတဲ့ ဒလမြို့နယ်ဘက်မှာ ပြုလုပ်ခဲ့ပါတယ်။

န်ကုန်မြို့တဖက်ကမ်း ဒလမြို့ မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ့  ပြည်ထောင်စု ဝန်ကြီးတွေ၊ တိုင်းအစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။

အဆိုပါဒလတံတားကြီးကို ၂၀၁၈ခုကနေစတင်ပြီး၂၀၂၂ခုနှစ်(၃နှစ်အတွင်း)အပြီးတည်ဆောက်သွားမဲ့အပြင်

အမေရိကန်ဒေါ်လာ ၁၈၈.၁၇၄ သန်း ကုန်ကျခံပြီးတည်ဆောက်သွားမယ်လို့ လည်း သိရှိရပါတယ်ခင်ဗျာ။

လက်ရှိမှာ တံတားချဉ်းကပ်လမ်းကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ အရှည် ပေ ၆၁၀၀ ကျာ်ရှိမယ့် တံတားကိုတော့ ဒလမြို့ ဗိုလ်မင်းရောင်လမ်းကနေ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းအထိ မြစ်ကိုဖြတ်ပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။


Read 43 times Last modified on Monday, 24 December 2018 09:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.