Tuesday, 26 June 2018 08:16

     

    Nokia

    Mobile World Congress 2018 အခမ်းအနားမှာ Nokia အနေနဲ့ ၂၀၁၉ ခုနှစ်မှာ 5G ကွန်ရက်တွေကို အပြည့်အဝ တပ်ဆင်ချိတ်ဆက်နိုင်ဖို့ မျှော်မှန်းချက်နဲ့ 5Gနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းကဏ္ဍရဲ့ အရှိန်အဟုန်တွေနဲ့ အဆင်သင့် ဖြစ်နေမှုတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။
        Nokia အနေနဲ့ ကွန်ရက်ထိုးဖောက်မှု စွမ်းဆောင်ရည်အပြင် ကုန်ကျစရိတ်ပါ သက်သာစေမယ့် 5G အတွက် Future X ကွန်ရက် ဗိသုကာဒီဇိုင်း၊ ကွန်ရက်တွေရဲ့ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို စီမံခန့်ခွဲမှု၊ အော်ပရေတာတွေ အနေနဲ့ ရင်ဆိုင်ကိုင်တွယ်နိုင်ဖို့ ကူညီပေးတဲ့ ဝန်ဆောင်မှုနဲ့ နည်းပညာတွေ၊ တစ်အိမ်လုံး ဝိုင်ဖိုင်ဖြန့်ကြက်မှုကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ 60 GHZ ကျော်လွန်တဲ့ Fixed Wireless Access အတွက် ဂေဟစနစ် ကျယ်ပြန့်လာစေဖို့ Facebook နဲ့ ပူးပေါင်းနေမှု စသဖြင့် အကြောင်းအရာ များစွာကိုလည်း Nokia မှ မိတ်ဆက်ပြသ ပေးခဲ့တယ်လို့ သိရပါတယ်။
        “ Mobile World Congress ၂၀၁၈ မှာ လာရောက်ကြည့်ရှု လေ့လာသူတွေဟာဆိုရင် Nokia ရဲ့ အယူအဆတွေဖြစ်တဲ့ ဒီဂျစ်တယ်မြို့တော်၊ ဒီဂျယ်တယ် အင်တာပရိုက်စ်၊ ဒီဂျယ်တယ်ကျန်းမာရေးနဲ့ 5G စတာ တွေကို တကယ့်ကို စိတ်ဝင်စားကြပါတယ်။ Industry 4.0 ကို ဦးတည်တဲ့ နိုင်ငံတော်ရဲ့ပြောင်းလဲမှုအပေါ် ချိန်ညှိပြီး Nokia ကနေ မြန်မာ့ဆက်သွယ်ရေး အော်ပရေတာတွေအတွက် လုပ်ရိုးလုပ်စဉ် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးအပ်သူ(CSP-traditional Communication Service Provider)မှ ဒီဂျစ်တယ်ဝန်ဆောင်မှု ပေးအပ်သူ (DSP- Digital Communication Service Provider) အဖြစ် ပံ့ပိုးကူညီနိုင်ပုံကို ထူးခြားတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တစ်ခုတည်းသာရှိခြင်း၊ ပေါင်းစည်းထားတဲ့ စ-လယ်-ဆုံး ကွန်ရက် နဲ့ ဝန်ဆောင်မှု ပေးအပ်နိုင်တဲ့ ကမ္ဘာပေါ်မှာ အဓိက ဝန်ဆောင်မှု ပေးအပ်သူတစ်ဦးတည်း ဖြစ်လာစေဖို့ AI(Artificial Intelligence)နည်းပညာ နဲ့ Machine Learning နည်းပညာတွေကို ပေါင်းစပ်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။”လို့ Nokia Myanmar ရဲ့ Country Senior Officer ဖြစ်သူ Mr. Danabalan Amirthalingam က ပြောပါတယ်။
        ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေအတွက် ပြောင်းလဲမှုတွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် Nokia အနေနဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေကြောင်းနဲ့ လုပ်ရိုးလုပ်စဉ် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးအပ်သူမှ ဒီဂျစ်တယ် ဝန်ဆောင်မှု ပေးအပ်သူအဖြစ် ပံ့ပိုးပေးနိုင်မှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    Read more about business articals here


    Read 164 times Last modified on Tuesday, 26 June 2018 08:30
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.