Tuesday, 26 June 2018 07:22

     

    Hepl Centre in User Panel Credit to Grab

    Grab  မှ ခရီးသည်တွေအတွက် လုပ်ဆောင်ချက် အသစ်နှစ်မျိုးဖြစ်တဲ့ အရေးပေါ် လုံခြုံရေးအတွက် Emergency SOS ခလုတ်တစ်ခုနဲ့ ကိုယ်တိုင်ဝင်ရောက် လေ့လာနိုင်တဲ့ App အတွင်း Help Centre တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ခရီးသည်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ ပြုလုပ်ပေးထားတဲ့ အဆိုပါ လုပ်ဆောင်ချက် အသစ်တွေကို ပိုမို လွယ်ကူသက်သာစွာ သွားလာနိုင်စေဖို့၊ ခရီးသွားလာမှု ပိုမိုအဆင်ပြေ ချောမွေ့စေဖို့နဲ့ ဒေသခံ လူထုအတွက် လုံခြုံရေးစနစ် တိုးမြှင့်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ထည့်သွင်း အဆင့်မြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။
        ခရီးသည်တွေအနေနဲ့ Grab အက်ပလီကေးရှင်းရဲ့ Menu မှ တစ်ဆင့် Emergency ထဲကို ဝင်ရောက်ကာ မိမိတို့ရဲ့ မိသားစုဝင်၊ သူငယ်ချင်း သို့မဟုတ် ချစ်ခင်ရင်းနှီးသူတွေကို အရေးပေါ် ဆက်သွယ်နိုင်မယ့်  ဖုန်းနံပါတ် သုံးခုအထိ ထည့်သွင်းနိုင်မှာဖြစ်ပြီး အဆိုပါ အရေးပေါ် ဖုန်းနံပါတ်တွေကို အချိန်မရွေး ပြင်ဆင်ဖြည့်စွက်နိုင်မှာ ဖြစ်ပါတယ်။ စီးနင်းသွားလာနေစဉ် အချိန်အတွင်း ခရီးသည်က အရေးပေါ်ခလုတ်ကို နှိပ်လိုက်ပါက ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို အရေးပေါ် ဆက်သွယ်ဖို့ ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်တွေထံကို အလိုအလျောက် SMS ပေးပို့သွားမှာ ဖြစ်ပါတယ်။

    Emergency Button in Main Page During the Trip Credit to Grab
        ဒါ့အပြင် ခရီးသည်တွေအနေနဲ့ "Auto-alert (အလိုအလျောက် သတိပေးခြင်းစနစ်)" ကိုလည်း ဖွင့်ထားနိုင်ပြီး ဝေးလံတဲ့ နေရာတွေကို ညဉ့်နက်ချိန် သွားလာရခြင်းကဲ့သို့သော ပုံမှန်သွားလာနေကျ မဟုတ်တဲ့ ခရီးစဉ်တွေကို တွေ့ရှိလာပါက Grab က အရေးပေါ် ဖုန်းနံပါတ်တွေကို အလိုအလျောက် SMS ပေးပို့ပေးသော စနစ်ကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ “Auto-alert (အလိုအလျောက် သတိပေးခြင်းစနစ်)” ကို ဖွင့်လှစ်ထားခြင်းဖြင့် မိမိတို့ရဲ့ ခရီးစဉ် အသေးစိတ် အချက်အလက်တွေကို အရေးပေါ် ဖုန်းနံပါတ်များသို့ ပေးပို့ထားပြီး ဖြစ်ကြောင်းကိုလည်း မိမိထံသို့ ပြန်လည်အသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊။
         Grab နဲ့ စီးနင်းသွားလာ နေချိန်အတွင်း ဝင်ဝင်ချင်း စာမျက်နှာမှာ အရေးပေါ် ခလုတ်ကို ပြသထားတာကြောင့်  အကြောင်းကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက တစ်ချက်နှိပ်လိုက်ရုံနဲ့ နီးစပ်ရာ ရဲစခန်းကို ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။
        “ကျွန်တော်တို့ Grab ကတော့ ခရီးသည်တွေ ပိုပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့နဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ပေးနိုင်ဖို့ အမြဲအလေးထား လုပ်ဆောင်လျက် ရှိပါတယ်။ အခုနောက်ဆုံး ထပ်မံ ထည့်သွင်းပေးလိုက်တဲ့ နည်းပညာတွေကလည်း မြန်မာနိုင်ငံက လူတွေရဲ့ နေ့စဉ် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေ အတွက် အလွယ်တကူ အသုံးပြုနိုင်တဲ့ App နဲ့ လုံခြုံစိတ်ချရပြီး အရည်အသွေး ပြည့်ဝတဲ့ ပလက်ဖောင်းတစ်ခုကို အသုံးပြုပြီး ဖြေရှင်းပေးသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်သာမြင်သာ ဖြစ်စေမှာပါ။” လို့ Grab Myanmar ရဲ့ ခေတ္တ Country Manager ဖြစ်သူ Alvin Loh က ပြောပါတယ်။

    Emergency Button Credit to Grab
         Grab ရဲ့ App အတွင်း ထည့်သွင်းထားတဲ့ Help Centre အသစ်မှာ အကူအညီ လိုအပ်နေတဲ့ ခရီးသည်တွေအတွက် အထောက်အပံ့ ဖြစ်စေဖို့ ဖြည့်စွက်ထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကိုယ်တိုင်ဝင်ရောက် လေ့လာ အသုံးချနိုင်တဲ့ Help Centre မှာ ခရီးသည်တွေ မကြာခဏ မေးမြန်းတတ်တဲ့ မေးခွန်းတွေကို စုစည်းကာ လမ်းညွှန်ချက်တွေ ထည့်သွင်း ပေးထားတာကြောင့် ခရီးသည်အနေနဲ့ Customer Support Centre သို့ ဖုန်းဆက်မေးမြန်းဖို့ မလိုအပ်တော့ဘဲ သိလိုသည်များကို ရှာဖွေကြည့်ရှု ဖြေရှင်းနိုင်ပြီး အကြံပြုလိုသည်များကို လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
        Help Centre မှာ ဥပမာအားဖြင့် ကားပေါ်မှဆင်းအပြီး GrabTaxi ပေါ်မှာ ပစ္စည်းမေ့ကျန်ခဲ့တဲ့ ခရီးသည်တွေ၊ ကားငှားရမ်းရာမှာ အဆင်မပြေမှု ရှိခဲ့တဲ့ ခရီးသည်တွေ၊ မိတ်ဖက်ယာဉ်မောင်းနဲ့ ငွေပေးချေရန်ကိစ္စ သို့မဟုတ် နားလည်မှု လွဲမှားတဲ့ကိစ္စ ကြုံတွေ့နေရတဲ့ ခရီးသည်တွေ ပြုလုပ်သင့်တဲ့ အချက်တွေ အပါအဝင် Grab အက်ပလီကေးရှင်း အသုံးပြုပုံနဲ့ GrabRewards ရှိ loyalty programme မှာ ပါဝင်ပုံ စတဲ့ အထွေထွေ မှတ်သားစရာ တွေကိုလည်း ထည့်သွင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

    Read more about business artical here


    Read 182 times
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.